Chapter 62 📚

2.3K 348 2
                                    

Chapter 62

သရုပ်ဆောင်တစ်ယောက်အနေဖြင့် ရိုက်ကူးရေးမှာ အဖွဲ့သားတွေ၏ အစီအစဉ်တွေကို နားထောင်ရသည်က ပုံမှန်ပါပင်။ချီရှင်းချန်ဘက်ကနေစပြီး ဘယ်သူ့ကိုမှ အပြင်ထွက်ရန်ခေါ်ခြင်းမရှိခဲ့ပေ။  တစ်ယောက်ယောက်က သူ့ကိုလာခေါ်လျှင်ပင် နောက်တစ်နေ့ရိုက်ကွင်းအတွက် အဆင်သင့်ဖြစ်မှပဲ သဘောတူမည်ပင်။

ထို့ကြောင့် သူ့မှာ ဘာအစီအစဉ်မှ မရှိပေ။ ခေါင်းညိတ်ကာ သူ့အလုပ်အဝတ်အစားတွေလဲရန်အဝတ်လဲခန်းကို သွားလိုက်၏။

နေ့ခင်းပိုင်းတွင်က အဓိကအားဖြင့် ငါးပြတိုက်တွင် အလုပ်လုပ်ပြီး ပင်လယ်သတ္တဝါများနှင့် အချိန်ဖြုန်းပြီးနောက် လင်းရှောင်၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် အသွင်ကူးပြောင်းမှုများကို ပြထားသည့် သူ၏အပိုဇာတ်ဝင်ခန်းများဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် သူ၏ ရုံတွင်းပိုင်း ရိုက်ကူးမှုနောက်ဆုံးနေ့လည်းဖြစ်သည်။ မနက်ဖြန် အစောပိုင်း ဇာတ်ကွက်အချို့ကို ရိုက်ကူးပြီးနောက်၊ သူ လင်းရှောင်၏ ဘဝဇာတ်ကြောင်းများကို ရိုက်ကူးရန် အုပ်စုB နှင့် အပြင်ဘက် တက္ကသိုလ်ကျောင်းဝင်းသို့ ပြောင်းရွှေ့ရပေမည်။

ဇာတ်ရံတွေက အလွန်တော်သည့်သူတွေဖြစ်ပြီး သူတို့၏ သရုပ်ဆောင်မှုစွမ်းရည်ကလည်း ကောင်း၏။ဖျံဇာတ်ဝင်ခန်းအချို့က လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။

အခန်းပြန်အပ်ပြီး မထွက်ခွာမီ အသက်နှစ်ဆယ်ကျော် မိန်းကလေးငယ်တစ်ဦးက စာအုပ်တစ်အုပ်ကိုကိုင်ကာ "ချီရှင်းချန်" ဟု မဝံ့မရဲ အော်ခေါ်လာခဲ့သည်။

"ဟမ်"
ချီရှင်းချန် ဇာတ်ညွှန်းကိုကြည့်နေရာကနေ မော့ကြည့်လိုက်၏။

"ငါ့ကိုလက်မှတ်ထိုးပေးနိုင်မလား... ငါက နင့်ရဲ့ရှင်းကွမ်ပါ"

သူ၏ဖန်တွေ ဇာတ်ရံအုပ်စုထဲမှာ အမှန်တကယ်ဖြစ်ပေါ်လာခဲ့သည်။ချီရှင်းချန် အတော်လေး အံ့သြသွား၏။ ပြုံးကာ မတ်တပ်ထရပ်ရင်း စာအုပ်ကိုယူပြီး "မင်းနာမည်ဘယ်လိုခေါ်လဲ" ဟုမေးလိုက်သည်။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now