Chapter 130

769 131 8
                                    

Chapter 130

ကံကောင်းထောက်မစွာ၊ အန္တရာယ်ကို ထောင်ရွှမ်က ဖြေရှင်းပေးခဲ့သည်။ ယခု သူလုပ်ရမည့်အရာမှာ လျန်ကျင်း၏ဖြူစင်မှုကို သက်သေပြရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ စိတ်ဖိစီးလွန်ပြီး ထောင်ထောင်ကို မှားယွင်းစွာ အပြစ်တင်ခြင်း ရှိ၊ မရှိ၊နှင့် ထောင်ထောင်မှာ ကိုယ်ပိုင် အသိစိတ်ရှိခြင်း ရှိမရှိ သိလိုသည်။

ထောင်ရွှမ် နောက်ဆုံးအကြိမ်ပြောခဲ့သည့်စကားပြီးနောက်တွင် ထောင်ထောင့်မှာ ကိုယ်ပိုင်အသိစိတ်ရှိနေသည်ဟု သံသယရှိခဲ့သော်လည်း ခိုင်လုံသောသက်သေကိုမတွေ့နိုင်ခဲ့ပေ။ အကယ်၍ ထောင်ထောင်က လျန်ကျင်းကို လိမ်ညာနေကြောင်း အတည်ပြုနိုင်ခဲ့ပါက၊ ထောင်ထောင်က ရိုးရှင်းသော စက္ကူလူသားမဟုတ်တော့ဟု ဆိုလိုခြင်းဖြစ်သည်။

ချီရှင်းချန် ဘေးတစောင်း လှဲနေပြီး ဖြစ်နိုင်ခြေတိုင်း၏ နောက်ကွယ်က အဖြေကို သေချာစဉ်းစားသည်။ သူ့အကြည့်တွေက ဦးတည်ရာမဲ့ လွင့်မျောသွားပြီး စာအုပ်စင်၏ ထောင့်တစ်နေရာကို ရုတ်တရက် ရောက်သွားခဲ့သည်။

ထိုနေရာ၌ ပိုင်ရဲ့ ပေးခဲ့သည့် အယ်လ်ဘမ်ရှိ​နေသည်။

အယ်လ်ဘမ်ကို လက်ခံရရှိသောအခါတွင် သူက "My Time" တွင် ပါဝင်သင့်မပါဝင်သင့် စဥ်းစားနေဆဲဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လအနည်းငယ်ကြာသွားပြီး သူ ပိုင်ရဲ့နှင့် အတူရှိနေပြီဖြစ်၏။

သို့ပေမဲ့ အယ်လ်ဘမ်ကို မဖွင့်ရသေးပေ။

သူ့နားထင်တွေကိုက်နေသဖြင့် သက်သာရာရစေရန် သီချင်းနားထောင်ချင်သည်။ပိုင်ရဲ့က ယခုအခါ သူ၏ မိုဘိုင်းသိုလှောင်ရေးစက်ဖြစ်သည်။ သူလိုချင်သည့် အယ်လ်ဘမ်ကို ရနိုင်၏။ပိုင်ရဲ့ကို သူ့အတွက် သီချင်းဆိုပေးရန်ပင် တောင်းဆိုနိုင်သည်။ဤအခွေမျိုးဆိုလျှင် ချို့တဲ့မနေပေ။

ထို့ကြောင့် သူအိပ်ရာမှထကာ အယ်လ်ဘမ်ကိုဖွင့်ကာ Multi-function ဓာတ်ပြားဖွင့်စက်ကိုဖွင့်ကာ စီဒီ​ပြားကိုထည့်လိုက်သည်။

ပိုင်ရဲ့၏ သီချင်းတွေက တကယ်ကို အကောင်းဆုံး အပန်းဖြေဆေးပါပင်။ သူအလွန်ကိုကြိုက်သည်။ နားထောင်လေ သူ့စိတ်တွေ ပိုရှုပ်ထွေးလေ...

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now