အပိုင်း ၂

77 11 3
                                    

Unicode

"ဖို့ချက်ရေ..သား ရွာထိပ်ပြန်ဦးမှာလား.."

မေကြီးနျူက မေးလာသဖြင့် အိမ်အရှေ့ကပန်းခြုံမှ အရွက်တွေကို ညှပ်နေသည့် ဖို့ချက်က ကတ်ကြေးကို ချကာ အိမ်ထဲ ပြေးဝင်လာခဲ့ပြီး -

"ဘာခိုင်းစရာရှိလို့လဲ မေနျူ.."

"ဪ..တခြားမဟုတ်ဘူး..မင်းအစ်ကိုကြီးလည်း ရောက်တော့ အသားဟင်းလေး ချက်ရအောင်လို့..ဒေါ်လွှာတို့ဆီမှာ ဒီနေ့တောလိုက်တာ အသားတွဲများရသေးလား သွားမေးပေးပါဦး..ရှိတယ်ဆို တစ်တွဲယူခဲ့နော်.."

"ဟုတ်ကဲ့ မေနျူ.."

မေမေနဲ့ ဖို့ချက်ဆိုတဲ့ကောင်လေး အပြန်အလှန် ပြောနေသည်ကို ဟန်ထွဋ်တစ်ယောက် မသိမသာ ကြည့်နေခဲ့သည် ။ အိမ်ကြီးက လေဒဏ်ခံနိုင်အောင်လို့ ခြေတိုင်ရှည်အိမ်ရဲ့အောက်ဘက်ကို အုတ်တွေနဲ့ ပတ်လည်ကာထားသေးပြီး ထိုအထဲမှာမှ သူကြီးအိမ်ပီပီ စားပွဲကြီးတစ်လုံးနှင့် ခုံရှည်တစ်ခု ထားထားလေသည် ။ ဟန်ထွဋ်လည်း ထိုထိုင်ခုံ၌သာ ငြိမ်သက်စွာ ထိုင်နေခဲ့သည် ။

မြန်မာပြည်ဖုန်းဆင်းကဒ် မဝယ်ရသေးသဖြင့် မန္တလေးက ဒေါ်လေးကို ရောက်ပြီဖြစ်ကြောင်း ပြောဖို့အတွက် ဖုန်းဆက်လို့မရချေ ။

ထိုကောင်လေးက ဆိုင်ကယ်မောင်းပြီး ပြန်ထွက်သွားတော့မှ မေမေက ဟန်ထွဋ်ဘေး၌ ခပ်ပြုံးပြုံးလေး လာဝင်ထိုင်ကာ -

"သား..ခရီးပန်းနေပြီလား.."

"ဟုတ်.နှစ်ရက်လောက် ဆက်တိုက် လေယာဥ်ရော ကားရော စီးလာရတာဆိုတော့..တော်တော်ပင်ပန်းနေပြီ.. ဪ..ဒါနဲ့ မေ..ခုနက ကောင်လေးက ဘယ်သူလဲ.."

"ဪ..ဖို့ချက်လေးကို ပြောတာလား..သူက မေမေ့ရဲ့ မွေးစားသားလေးလေ.."

"မွေးစားသား? ဒါဆို သူက ဒီမှာပဲ နေတာလား.."

"အင်း ဟုတ်တယ်..ဒီမှာပဲ..မွေးစားဖြစ်တဲ့အကြောင်းက နည်းနည်းတော့ ရှည်တယ် သားရဲ့.."

"သူ့မိဘတွေကရော? "

"သူ့အဖေကိုတော့ မသိပေမဲ့ သူ့အမေကတော့ ဆုံးသွားပြီ.."

"ဪ.."

"သားတော့ မသိခဲ့ဘူးပေါ့..သား၇နှစ်သားအရွယ်မှာ မန္တလေးမှာ ကျောင်းတက်ဖို့အတွက် သားဒေါ်လေးက ခေါ်သွားတဲ့နေ့လေ..အဲ့ဒီညနေမှာ ဖို့ချက်ရဲ့အမေက မေမေတို့ အိမ်ရှေ့ကို မျက်စိလည်လမ်းမှားပြီးတော့ ရောက်လာတော့တာပဲ.."

Han_Chat (ဟန်ချက်)Where stories live. Discover now