ညက ကောင်လေးနှစ်ယောက်ဟာ အေး"ချမ်း"အပူအပင်ကင်းစွာ အိပ်စက်ခဲ့ကြသည်။
မနက်ရောက်တော့
ထုံးစံအတိုင်း တည်ငြိမ်ဘုန်းမြတ် အိပ်ရာကထကာ ရေချိုးပြီး ကျောင်းသွားရန်ပြင်နေခဲ့သည်။
ကျောင်းသွားရန်အဆင့်သင့်ဖြစ်မှ အောက်ထပ်မှာ မနက်စာစားရန်ဆင်းခဲ့သည်။
လှေကားကနေလှမ်းအကြည့်မှာ သူချစ်ရတဲ့ နှောင်းငယ်လေးကိုမတွေ့သဖြင့် တည်ငြိမ်ဘုန်းမြတ် မျက်နှာထားက တင်းမာ၍လှေကားတစ်ထစ်ခြင်းစိတ်မပါလက်မပါနှင့်ဆင်းနေခဲ့သည်
မေမေမှသူ့အား လှမ်းခေါ်တော့မှ အသိစိတ်ဝင်ကာ
ဟဲ့ တည်ငြိမ်ဘုန်းမြတ်
ဗျာ...ဗျ အမေ
မင်းဘာတွေတွေးနေလို့လဲ လာ breakfast စားမယ် မြန်"ဆင်းခဲ့
ဟုတ်မေမေ
(တည်ငြိမ်လဲ လွယ်အိတ်ကို ဘေးချကာ မနက်စာဝင်စားနေခဲ့သည် စိတ်မပါလက်မပါနဲ့ပေါ့)
ထိုအခါမှ ဖေဖေက တွေ့သားသည်ထင်သည်
သား တည်ငြိမ် ဘာဖြစ်လို့ စိတ်တွေ မပါဖြစ်နေတာလဲ
အာ သား ဘာမှမဖြစ်ပါဘူး ေဖဖေ ဒီနေ့ အတန်းချိန်က သားမတက်ချင်သောအတန်းဖြစ်နေလို့ပါ
အော် သားက ဘာအတန်းမို့ အဲ့လောက်မျက်နှာပျက်နေရသတဲ့
ခန္တာဗေဒ ဘာသာရပ်ဖေဖေ သားမတက်ချင်ဆုံးအတန်းပေါ့
စိတ်မပါလဲ သား ဆရာဝန်ဖြစ်ချင်ရင် အကုန် ကြိုးစားသင်ယူရမယ်လေသားရဲ့
ဟုတ်ကဲ့ပါေဖေဖေ
သား ကျောင်းသွားပြီဗျ
အေအေး
(တည်ငြိမ်တစ်ယောက် စိတ်မပါသောခြေလှမ်းများဖြင့်ကျောင်းသွားရန် ကားပေါ်ကိုတက်ခဲ့လိုက်သည်။)
ကားပေါ်တွင် သူစဉ်းစားသည်က မေမေအကြောင်းပင်
မေမေက ဘာလို့ အရမ်းအတ္တဆန်သလဲ သူသိပ်သိသည်
သူဖြစ်ချင်တာကို ဘတော့မှ မလုပ်ရ မေမေဆန္ဒတိုင်းသာနေခဲ့ရသည်ခြင်းဖြစ်သည်။
သို့သော် တည်ငြိမ် စိတ်မဆိုးရက်ပါ သူအမေကသူမမွေးခင်ထိ ချုပ်ချယ်မူတွေနဲ့ကြီးပြင်းလာရသည်။
မေမေ ကအရမ်းသနားဖို့ကောင်းတယ်ဗျ
မေမေ အပျိုအရွယ်မှာ ပဲ လွတ်"လပ်မနေခဲ့ရဘူးဗျ
ဘာလို့ဆို မေမေကို မြန်မာနိုင်ငံတွင်မက နိုင်ငံခြားထိပါ အချမ်းသာဆုံးစာရင်းဝင် လူတစ်ယောက် တင်တောင်းပြီးလက်ထပ်ခဲ့ကြသည် မေမေသဘောဆန္ဒမပါပဲ မေမေဟာလက်ခံခဲ့ရသည်
မေမေ အမြဲစဉ်းစားတာက ဒီလူကိုမချစ်မနှစ်သက်သည်မို့ မဂ်လာဦးညတောင် အသားကိုအထိမခံပဲ မေမေက အပျိုစင်လေးဆိုနေထိုင်ခဲ့သည်
သူဒီလူနဲ့ကွာရှင်းဖို့ကိုသာတွေးနေခဲ့သည်
တစ်နေ့တော့ မေမေတွက် ကံကြမာက မျက်နှာသာပေးလာသည် မေမေ ယောင်္ကျားက တခြားမိန်းကလေးတွေနဲ့ဖောက်ပြန်နေတာကို မေမေသိသွားပြီး ကွာရှင်းခွင့်ရခဲ့သည်
သူတို့နှစ်ယောက်ကွာရှင်းပြတ်ဆဲပြီး လင်ပစ္စည်းတစ်ဝက်မယားပိုက်ဆိုသလို မေမေက စည်းစိမ်တစ်ဝက်ကို ရရှိခဲ့သည်။
ထိုနောက်မေမေက သူဟာသူ ပြန်လာ်ထူထောင်ပြီးနေထိုင်ကာ ခုလက်ရှိ ကျတော်ဖေဖေ သူ့ထက်၂နှစ်ငယ်သည်အမျိုးသားနှင့်လက်ထပ်ခဲ့ကြသည်
အဲ့နောက်မှာပဲ ကျတော် ကိုယ်ဝန်လွယ်ထားခဲ့ပြီး မေမေကအကုန်လုံးရဲ့အားကိုးရာ ဘုရင်မသဖွယ်ဖြစ်နေလေသည်
ခုချိန်ထိ အားလုံးက မေမေကို ဖိတ်"တုန်အောင်ကြောက်နေခဲ့ကြတာတော့ မဆန်းတော့ပါ
အတွေးများစွာဖြင့် တည်ငြိမ်ကျောင်းကိုရောက်လာလေသည်
ကျောင်းထဲကိုဝင်ကာ ကို့အတန်းကိုသာ ဦးတည် ကာသွားနေလိုက်သည် လမ်းမှာ ကိုလင်းသန့်မောင်နှင့်တွေ့၍ နှုတ်ဆက်ကာ အတန်းထဲသို့ဝင်လာခဲ့သည်
အတန်းထဲမှာ ကျတော်သူငယ်ချင်းဆိုလို့ ရှိုင်းဝေယံမင်း တစ်ယောက်သာရှိသည် မေမေက မိန်းကလေးအတန်းဖော်များနှင့်လဲ ပေးမပေါင်းသလို ယောင်္ကျားလေးထဲမှာတောင် သူ့သူငယ်ချင်း၏သားဖြစ်သူ ရှိုင်းဝေယံမင်းနှင့်သာ ပေါင်းသင်းခိုင်းခဲ့သည်
ကျတော်မတက်ချင်သည်အတန်းဖြစ်၍ စိတ်မပါသောဖြင့်သာဆက်တက်နေခဲ့လေသည်
နေ့လည် အတန်းနားချိန် တည်ငြိမ်လဲ canteen ကိုသာ ဦးတည်ခဲ့သည်။
Canteen ၌ အချိန်ဖြုန်းမည်ဟုစိတ်တွေကာထိုင်ရုံရှိသေးသည် ကျတော်ကားသမားdriverဦးလေးကြီးက ကျတော်ရှိကိုကပြာကယာပြေးလာလေသည်။
အကိုလေး အကိုလေး ....
ဗျာ့ ဦးလေး ဘာကိစ္စရှိလို့ နေ့လည်ခင်းကိုလာရတာလဲဗျ
အကိုလေး ကို မေမေကြီးက လာခေါ်ခိုင်းလိုက်လို့ပါ
ဟာဗျာ ဦးလေးကလဲ ကျောင်းမဆင်းသေးဘူးလေ မေမေက ဘာတွေ အရူးထပြန်တာလဲဗျာ
မဟုတ်ဘူး မေမေကြီးက ခုပြန်လာခဲ့ပါတဲ့ မှာလိုက်လို့ အကိုလေး လိုက်ခဲ့ပေးပါ
အင်းအင်း လိုက်ခဲ့မယ်
အိမ်ရှေ့ အရောက် ခြံထဲ၌ ကားတစ်စီးကိုတွေ့တော့ တည်ငြိမ်တစ်ယောက် သဘောပေါက်သွားလေသည်။
တည်ငြိမ်'mind_ ဧည့်သည်လာတာများဘာထူးဆန်းသွားလို့လဲ ?
တည်ငြိမ် အိမ်ထဲဝင်ပြီး ဧည့်ခန်း၌ စကားပြောသံများကြား၍ ဝင်လာခဲ့တော့
အော် သား လာလေ
ဟုတ်ကဲ့ဖေဖေ
လာထိုင် ဖေဖေနား
ဟုတ်(တည်ငြိမ်စိတ်ထဲတွင်တော့ သူတူမ နိုင်ငံခြားကပြန်လာတာ ငါ့ကိုအတင်းလာခေါ်နေသေးလို့တွေးမိလေသည်)
မေမေဆီမှ_ဒီမှာ မင်းအမဝမ်းကွဲ နိုင်ငံခြားကပြန်လာလို့လေ အဲ့တာသားကလဲ ဒီနေ့အတန်းတက်ရတာစိတ်မပါဘူးဆို ဒါကြောင့်မင်းအမ တို့ကို အပြင်လေးဘာလေးအလည်ခေါ်သွားပေးဖို့ မေမေက ခေါ်လိုက်တာ
ဪ
တည်ငြိမ်ဘုန်းမြတ် မမကိုတောင်မင်းက စိမ်းကားနေပါကောလား
မစိမ်းကားပါဘူး ကျတော်က နဂိုထဲက ဒီ type ပဲလေ
ဟား.'""ငါ့မောင်တစ်ယောက်ကတော့ အရင်တိုင်းပါပဲလား
အော်မေ့လို့ မမ သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်
ဒါ မမ နဲ့ နိုင်ငံခြားမှာ ကျောင်းတူ တက်ရင်း ခင်သွားတဲ့ သူငယ်ချင်း ခင်ဇူးဇူးမောင်တဲ့ အသက်ကတော့ ငါ့မောင်နဲ့ရွယ်တူပဲ
အဲ့တော့ အမ မယ်ရီချို ပြောချင်တာဒါပဲမလား ကျတော် ဘက်ကပြောစရာမရှိ
(တည်ငြိမ်ပြတ်"သာပြောလိုက်လေသည် ဘာလို့ဆို ဒီလိုဆေးဆိုးပန်းရိုက်မျက်နှာနဲ့ အတိုအပြတ်ဝတ်ထားသည့် မိန်းကလေးတွေကိုသူစိတ်မဝင်စားပါ သူအမ မယ်ရီချို စကားအသွားအလာက ဘယ်သဘောသက်ရောက်နေလဲသူသိနေသည် ဒါကြောင့်မို့ပဲသူကြိုတင်ရှောင်ထွက်နေမိသည် သူချစ်ရတဲ့ နှောင်းငယ်နဲ့သာဆို ဒီလိုမဟုတ်ပါ)
ကဲကဲ သား အဝတ်စားသွားလဲ နင့်အမ မယ်ရီချိုတို့ကို အပြင်လိုက်ပို့ပေးလိုက်
အင်း ခနစောင့်
(တည်ငြိမ် စိတ်ပျက်လက်ပျက်နဲ့သာ လှေကားတိုင်းတက်ကာ သူ့အခန်းထဲဝင်၍ အဝတ်စားလဲနေလိုက်သည်။)
အောက်ထပ်၌
အန်တီလေး သားက ဒီလိုပါပဲ သမီး ခင်ဇူးဇူးမောင်ရေ
အန်တီလဲ ဒီtypeကိုပြင်ပေးလို့လဲမရဖြစ်နေတာ
ရပါတယ်အန်တီလေးရဲ့ ကိုတည်ငြိမ်ဘုန်းမြတ်က နာမည်နဲ့လိုက်အောင်ကို တည်ငြိမ်ပြီး တစ်မျိုး မိမိုက်နေတာပါ သမီးနားလည်ပါတယ်အန်တီ
အမယ် မိဇူးဇူးမောင် ခုကြတော့ ခုနကနဲ့မတူ မျက်နှာက ဖြီးလို့
ဟဲ့ မယ်ရီချိုနင်ကလဲ အန်တီရှေ့မှာဘလိုတွေပြောသလဲ ငါကနင့်မျက်နှာနဲ့လိုက်လာရတာ ကောင်မစုတ်ရဲ့
ဟုတ်ပါပီ ငါကလဲ စတာပါ
သူတို့နှစ်ယောက်စကားများနေတုန်း တည်ငြိမ်ဘုန်းမြတ်တစ်ယောက် လှေကားကနေဆင်းလာတာတွေ့ပြီး မှင်သက်နေကြသည်။
မေမေဆီမှ_အိုကွယ် ငါ့သားလေးက ကြည့်လို့ မိမိုက်နေရောကွယ်
(တည်ငြိမ် အောက်ကိုလှမ်းအကြည့်မှာ အမ မယ်ရီချိုရဲ့သူငယ်ချင်းမက သူ့အား ပါးစပ်အဟောင်းသားနဲ့ကြည့်နေတာတွေ့ပြီး စုတ်တစ်ချက်သပ်လိုက်မိသည်)
ကျစ်....
ငါ့မောင်က ငယ်"ကလို့ မဟုတ်တာ့ပါလား ဘာဝတ်ဝတ်ခန့်နေရောပဲ
ဟုတ်ပါ့နော် သမီးမယ်ရီရေ နင့်မောင်က ဘာဝတ်ဝတ်ကိုခန့်နေတာ
အဲ့လောက်ကြီးလဲ လိုက်မြှောက်မနေနဲ့ ကျတော် သိပ်စိတ်မပါဘူး အပြင်သွားမယ်ဆို ကျတော် လိုက်ပို့မယ်
ထိုခါမှ အမ မယ်ရီနဲ့ ဇူးဇူးမ က ထလာပြီး ကျတော်နောက်လိုက်လာကြသည်။
ကျတော်လဲ သူတို့ကို သိပ်မကြည်တာကြောင့် ကားပေါ်တက်ကာ ကားမောင်းရန်အသင့်စောင့်နေလိုက်သည်။
လာပါပြီ ဒေါက်မြင့်ဖိနပ်သံ တစ်ဂွက်"ဂွက်နဲ့ ကျတော်ကားနောက်ခန်းထဲဝင်ထိုက်ကာ ပါးစပ်များကလဲ ပွစိ"နဲ့ ခရားရေလွှတ်တစ်တွတ်"ရွတ်နေကြသေးသည်။
မောင်လေး မောင်းတော့ အမတို့ကို shopping ထွက်မို့ လိုက်ပို့ပေးပါ
အင်း...
(တည်ငြိမ် အင်းတလုံးသာဖြေပြီး ကားမောင်းထွက်ခဲ့သည်)
Shopping 🛍️🏬
အမ မယ်ရီချို ကျတော် ပါကင်ထိုးအုန်းမယ် အမတို့ အပေါ်တပ်နှင့်လေ
(တည်ငြိမ်အမှန်ကတော့ သူတို့နှစ်ယောက်နှင့်အတူမသွားချင်၍ရှောင်နေခြင်းဖြစ်သည်)
ရတယ် ငါ့မောင် အမ က ခုမှ မြန်မာပြည်ပြန်လာတာလေ ကို့အမကို သေချာလေးတော့ လိုက်ပို့ပေါ့ ဘာတွေပြောင်းလဲသွားလဲအမမှမသိတာ တော်ကြာလမ်းပျောက်နေမှဖြင့်
ဟုတ်တယ် ကိုတည်ငြိမ်ရဲ့ အော်မှားလို့ တည်ငြိမ်ဘုန်းမြတ်ရေ ဇူးတို့က ခုမှ မြန်မာပြည်ခြေချတာလေ ဒီမှာဘာတွေပြောင်းလဲသွားလဲမသိတော့ မယ်ရီပြောသလိုလမ်းပျောက်သွားမှဖြင့်
ထားပါ ကျတော်နောက်ကလိုက်ခဲ့ကြ ခု ကျတော်ပါကင်ထိုးမယ် ခနစောင့်
(တည်ငြိမ်စိတ်မရှည်သည့်လေသံနှင့်သာပြောလိုက်တော့သည်)
Shopping ဓာတ်လှေကားထဲတည်ငြိမ် ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်၍ ခပ်တည်"နှင့်သာ ဝင်သွားခဲ့သည်
အမနဲ့ဇူး တို့ကလဲ တည်ငြိမ်နောက်ကတကောက်"လိုက်နေသေးသည်(တည်ငြိမ်စိတ်ပျက်နေတာတော့အမှန်ပါ)
Tea ☕ house တစ်ခု၌
အမ တို့ ဝယ်ပြီးကြပြီးပြီဆိုတော့ ဒီမှာ မုန့်နဲ့ကော်ဖီလေးဘာလေးဝင်သောက်ကြအုန်းမလား(ဝတ်ကြေတန်းကြေအကြည့်မျိုးနှင့်သာမေးလိုက်မိသည်)
အင်း ဝင်ထိုင်ကြမယ်လေ လာမောင်လေး
(မယ်ရီချိုမှ တည်ငြိမ်လက်အားအတင်းဆွဲနေခြင်းဖြစ်သည်)
တည်ငြိမ်လဲ လက်ကိုဆွဲဖြုတ်ကာ
ကျတော်မဝင်တော့ဘူး အမတို့ ဘာသာဝင် ကျတော်ကားပါကင်မှစောင့်နေမယ် မြန်"တော့ဆင်းလာကြ
ထိုခါမှ ဇူး"မက တည်ငြိမ်စိတ်ပျက်နေမှန်းရိပ်မိပြီး ဝင်ဖြောင်လိုပ်သည်
ဟုတ်သားပဲ တည်ငြိမ်က ငါတို့၂ယောက်ဝယ်သမျှလဲ လိုက်ပို့ပေးပြီးပြီပဲ သူ့ဘာသူအေးဆေးနားပါစေ
အ့ဆို ငါ့မောင် ကားပါကင်မှာစောင့်နေနော်
အင်း(တည်ငြိမ်အင်းတလုံးသာဖြေပြီးထိုနေရာမှထွက်ခဲ့သည်)
တည်ငြိမ် လမ်းတစ်လျှောက် ဟိုကြည့်ဒီကြည့်ကြည့်ရင်း ဖုန်းဆင်တစ်ခုတွေ့ကာ အကြံတစ်ခုပေါ်လာသည်
(နှောင်းငယ် ဖုန်း...ဟုတ်တယ် နှောင်းငယ် ရဲ့ဖုန်းကစုတ်နေပြီ ငါအသစ်ဝယ်ပေးမယ်)
ဆိုပြီး ဖုန်းဆိုင်ဘက်ခြေဦးလှည့်သွားလိုပ်သည်
မဂ်လာပါရှင့်အကို ဖုန်းဆိုင်မှကြိုဆိုပါတယ်ရှင့်
အင်း
အကိုဘာဖုန်းလေးကြည့်မလဲရှင့်
Iphone 11 series ထဲကပြပေး
ဟုတ်ကဲ့ရပါတယ်ရှင့် ဒီဘက်မှာပါအကို
(တည်ငြိမ်ဖုန်းတွေကြည့်ပြီး နှောင်းငယ်ကြိုက်လောက်မဲ့အရောင်မျိုး ရွေးလိုက်သည်)
တည်ငြိမ်mind_နှောင်းငယ်က အဖြူကြိုက်တာဆိုတော့ အဖြူပဲဝယ်လိုက်တော့မယ်)
ဒီအဖြူလေး ပေး
ဟုတ်ကဲ့အကို လိုအပ်တာတွေအကုန်ထည့်ပေးရမလားရှင့်
မလိုဘူး ကိုဘာသာထည့်မယ်
ဟုတ်ကဲ့ရှင့် ငွေရှင်းကောင်တာတစ်ချက်လိုက်ခဲ့ပေးပါနော်
အင်း
22သိန်း ကျတယ်ရှင့်
ရော့ကဒ်ဖြတ်လိုက်💳
တည်ငြိမ်လဲပိုက်ဆံရှင်းပြီး ဖုန်းအိတ်လေးကိုင်ကာ ကားပါကင်ဆင်းလာခဲ့လိုပ်သည်။
ကားထဲဝင်ကာ နှောင်းငယ်တွက် လိုအပ်တဲ့ appလေးတွေရယ် သူ့ဖုန်းနံပါတ်ကိုပါထည့်ပေးနေလိုက်သည်
နှုတ်ခမ်းလေးကလဲ ပြုံးစီ"ဖြင့်ပေါ့
သူချစ်ရတဲ့သူလေးကိုလက်ဆောင်ပေးရတော့မှာဆိုတော့ပျော်နေတာပေါ့
အာသာ ဒီနားလေးမှာ ခနရပ်ထားမယ်နော် နောက်ပိုင်းမှာဆက်တွေ့ကြမယ်ဗျ ဘိုင့်"
#ခန့်ကိုကိုလင်း
#ဖီ့လစ်
#တည်ငြိမ်ဘုန်းမြတ်နှင့်နှောင်းငယ်တို့၏ကမ္ဘာငယ်

YOU ARE READING
အချစ်ရဲ့ ချို့ယွင်းချက်တစ်ခု
Romanceတည်ငြိမ်ဘုန်းမြတ်နှင့်နှောင်းငယ်တို့ရဲ့ကမ္ဘာငယ်