တည်ငြိမ်နဲ့နှောင်းငယ်တို့ လက်ချင်းချိတ်ကာပြန်ထွက်လာတာကို မယ်ရီချိုနှင့်ဇူးဇူမက အသံတိတ်ကာကြည့်နေကြတော့သည်
မယ်ရီချိုကတော့ သူမောင်ကိုသဘောတူသည့်အကြည့်ဖြင့် ဇူးဇူးကတော့သဝန်တို့အကြည့်ဖြင့်ပေါ့
ဟဲ့ဇူးမ သူတို့က တွဲနေကြတာလားမသိဘူးနော်?
ဟုတ်လောက်တယ် အစ်ထုတ်ကြည့်ကြမလားငါတို့
အင်းကောင်းသား ငါကတော့ငါမောင်ကိုသဘောတူတယ်ဇူးနင်ရောသဘောတူမှာလား
(ဇူးဇူးမ မကျေချီ့နဲ့အသံဖြင့်) အင်းတူရမှာပေါ့🙃
အကို လက်လွှတ်တော့ ဟိုမှာ မမတို့မြင်ကုန်ပြီထင်တယ်
မြင်ပါစေ အကိုပိုင်တယ်လို့ မမမယ်ရီချိုက သဘောတူပြီသား
ဟုတ်ကဲ့ပါ
အယ်အယ် ငါမောင် နင်တို့မှန်မှန်လိမ် တွဲနေကြတယ်ဟုတ်
ဇူး"မှ _လိမ်မနေကြနဲ့နော် ပွင်း"လင်း"ပြောကြ သဘောတူပြီးသား(အံကြိတ်သံဖြင့်)
ဟုတ်တယ် အမ ကျတော် နှောင်းငယ်ကိုချစ်တယ် သူမှလွဲ၍လဲ တခြားသူကိုစိတ်မဝင်စားတော့ဘူးဒါကြောင့်မို့ ကျတော် နှောင်းငယ် ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေ ယောင်္ကျားလေးပဲဖြစ်စေ၊မိန်းကလေးပဲဖြစ်စေ ကျတော်အမြဲချစ်နေမှာ
အွန်းပါ ဟုတ်ပါပြီ ငါ့မောင်ရယ် အမ သဘောတူပါတယ်
မေမေကိုတော့ပြန်မပြောနဲ့နော် မမ ကျတော် မေမေကိုလွန်ဆန်ဖို့အချိန်တစ်ခုလိုသေးတယ်
ဟုတ်ပါပြီ အမ မပြောဘူး ကတိ
တည်ငြိမ်တို့လဲ မောင်နှမနှစ်ယောက် ကတိအထပ်ထပ်ပေးကာ ဇူးဇူးမကို ကတိမတောင်းမိဘဲ လျစ်လျုရှုထားမိလိုက်သည်။
အန္တာရာယ်က အိမ်မှာကြိုစောင့်နေသည်ပုံစံဖြင့် ဇူးဇူးက ပြုံးစိစိဖြင့်ပေါ့
မယ်ရီချို ငါကို သန့်စင်ခန်းခန နော် ပြန်လာမယ်
အေးအေး ဇူး ငါလိုက်ပေးရမလား
ရတယ် အေးဆေးစကားပြောကြ
ဇူး"က တည်ငြိမ်တို့အတွဲအား ဓာတ်ပုံရိုက်၍ အိမ်သို့အရင်ဉီးအောင်ပြန်ကာ တည်ငြိမ်အမေအားပြသလိုက်ပြီးအကြောင်းစုံပြောပြလိုက်လေသည်
ဟဲ့တည်ငြိမ် ဇူးဇူးမရော ပြန်မလာသေးပါလား
အမ ဖုန်းဆက်မေးကြည့်လိုက်လေ
အင်းအင်း
ဟယ်လို
ဟဲဇူးမ ဘယ်မှာလဲ ပြန်မလာသေးဘူးလား
ငါဗိုက်အောင့်နေလို့ အိမ်ပြန်နှင့်လိုပ်တာ နင်တို့အနှောင့်ယှက်ဖြစ်မှာစိုးလ့်ုမပြောပဲပြန်လာလိုက်တာ
အင်းပါ ငါတို့လဲပြန်လာနေပြီ
အေအေး
တည်ငြိမ်ရေ အမတို့ပြန်ရအောင်လေ နှောင်းငယ်လဲ ပျင်းနေရောပေါ့
အင်း
သူတို့လဲ အိမ်သို့ဦးတည်မောင်းကာ နှောင်းငယ်အား ပြန်ပို့ပြီး မောင်နှမနှစ်ယောက်အေးအေးလူလူသာ အိမ်ထဲဝင်ခဲ့ကြသည်
တည်ငြိမ်ဘုန်းမြတ်......(မေမေဒေါသသံဖြင့်ခေါ်ခြင်း)
ဗျာအမေ (တည်ငြိမ်မျက်လုံးပြူလေးဖြင့်)
မင်း ဘာပြစ်လုပ်ထားလဲ သိလား?
ဗျာ သားဘာအပြစ်လုပ်လို့လဲ အမေရာ
ဒီမှာ (တည်ငြိမ်ကနှောင်းငယ်အား ခါးလေးအားနူးညံ့စွာဖက်ထားသည့်ပုံနောက်ကျောကဆိုတော့နှောင်းငယ်အားမေမေက မမှတ်မိဘူးထင်သည်)
ဒီကောင်က ဘသူလဲ မင်းနဲ့ကဘာဆက်ဆံရေးလဲ?
အော် အဲ့တာ သူငယ်ချင်းတွေပါအမေရာ မယုံရင်မမမယ်ရီချိုကိုမေးကြည့်
(အမမယ်ရီချိုကလဲ မျက်လုံးပြူးလေးဖြင့်ထောက်ခံသည်)
ဟုတ်တယ် ဒေါ်လေး အဲ့တာသူငယ်ချင်းတွေပါ သမီးအာမခံတယ်
အေးအေး အရှောင်ကောင်းတုန်းအထောင်သက်သာမယ် နောက်ခါငါကိုယ်တိုင်လက်ပူးလက်ကြပ်မိအောင်ဖမ်းပြမယ်
မေမေ ကလဲ စိတ်ရှော့မှပေါ့ သားက လိမ္မာပြီးသာပါ
ဟုတ်တယ် မိန်းမရေ သားလေးက အဲ့လိုမဟုတ်တာတွေမလုပ်ပါဘူး
ဖေဖေ သားက လိမ္မာပြီးသားလေးဖေဖေရယ်
(တည်ငြိမ်လဲ အပြစ်လွှတ်ရန်ဟိုဖားဒီဖားလုပ်လိုက်မိသည်)
ဇူးဇူးကတော့ မကျေနပ်သည့် အကြည့်ဖြင့် ငူငူကြီးထိုင်နေလေသည်
(ကျတော်သိလိုက်ပြီ ကျတော် အစောထဲက ဒီမိန်းမကို မသက်ာတာ မစားရတဲ့အမဲသဲနဲ့ပတ်ချင်နေတာ ဒီမိန်းမက ကျတော်ကိုမရတော့ ကျတာ်တို့ကို မကွဲကွဲအောင်ခွဲချင်နေတာ တောက်....လုပ်ထားအုန်းပေါ့ ခင်ဇူးဇူးမောင်)
တည်ငြိမ်လဲ မေမေတို့ကို ထားခဲ့ကာ အခန်းထဲဝင်၍ သူပေါက်ကွဲနေမိသည်
အားးးးးးး ခင်ဇူးဇူးမောင် နင် လုပ်ထားအုန်းပေါ့
ခွမ် .....ခွမ်
တည်ငြိမ်လဲ နံရံအားလက်သီးဖြင့်ထိုးလိုက်သည်
(သွေးဆူနေတော့နာလို့နာရမှန်းလဲမသိ ဒေါသက အထွတ်အထိပ်ရောက်နေလေသည်)
ခနအကြာ စိတ်ပြေမှ ရေချိုးအဝတ်စားလဲလိုက်ကာညစာစားရန်ဆင်းလာခဲ့သည်
အောက်ထပ်၌ အမ မယ်ရီချိုကတော့ မျက်နှာပျက်နေလေသည်(အမ ကျတော်ကိုကာကွယ်ပေးထားသော်လဲ မလုံလောက်သည့်ပုံစံဖြင့်ကျတော်ကိုအားနာနေသည်ဆိုတာကျတော်သိသည်)
ညစာ စားနေတုန်း ဖေဖေက ကျတော်လက်က ဒဏ်ရာအားတွေ့သွားသည်ထင်
သား လက်က ဘာဖြစ်တာလဲ ညနေကလဲမတွေ့ပါဘူး
ဒီတိုင်းထိခိုက်မိတာပါ ေဖဖေ
ဂရုစိုက်အုန်း လိုအပ်ရင်ဆရာဝန်ခေါ်ပေးမယ်ကြာလား ဖေဖေကိုလာပြောတခုခုဆို
ရပါတယ်ဖေဖေ
(မေမေကတော့ ကျတော်အားမကြည့်ပဲ ထမင်းသာဆက်စားနေလေသည်)
ဘယ်လောက်တောက်အသဲမာနေလိုက်တာလဲမေမေရယ် သားတစ်ယောက်လုံးဒဏ်ရာဖြစ်နေတာတောင်တခွန်းမမေးဘူဗျာ
ကျတော်ဗိုက်ဝပြီ ဒုန်း......
(ခုံအားလက်ဖြင့်ထုလိုက်မိသည်)
ဖြေးဖြေးလုပ်ပါ မောင်လေးရယ် အမ လန့်သွားတာပဲ
Sorry ကျတော် အပေါ်တပ်ပြီ
တည်ငြိမ်လဲ အပေါ်ထပ် ဝရံတာ ထွက်ကာ ဆေးလိပ်ကို ဖွာနေမိလိုက်သည်...🚬
(၁၈နှစ်မပြည့်သူများမသောက်ရ)
(အာသာ_တည်ငြိမ်က ၁၈ကျော်လို့ထိပ်စီးပြောင်းပြီလေနော်)
တောက်....
တည်ငြိမ်လဲ ဆေးလိပ်မီးသတ်ကာနှောင်းငယ်စီသွားရန်ဆုံးဖြတ်လိုက်သည်)
အော် အကို ငယ်ဆီလာတာလား
ရှုး လာကိုနဲ့လိုက်ခဲ့
ဘယ်သွားမို့လဲအကို
စကားပြောမို့ ခနလိုက်ခဲ့
ဟုတ်
.
.
.
ကဲပြော အကို ငယ်ဆီလာတာက
ကိုတို့ကိစ္စ မေမေ သိသွားတော့မလို့ ညနေက
ဟုတ်လား ငယ်ကိုရော အလုပ်ထုတ်တော့မှာလား ငယ်ကြောက်တယ် အကို
မထုတ်ပါဘူး ငယ် ကို မေမေက နောက်ကျောပဲတွေ့တာမို့ မမှတ်မိဘူး
ဟူးး တော်သေးရဲ့ ခုရော အကို လက်က ဘာဖြစ်တာလဲ ငယ်ကြောင့်လား
မဟုတ်ဘူး ဟိုမိန်းမကြောင့်
ဘသူလဲအကိုရဲ့
အမမယ်ရီချိုရဲ့သူငယ်ချင်းလေ
အော်သိပြီး ဟိုမမလား
ဟုတ်တယ် သူတိုင်လိုက်လို့ခုလိုတွေ ဖြစ်ကုန်တာကွာ တောက်....
အကိုရယ် စိတ်လျော့ပါ ငယ်တို့ ကို မေမေကြီးက မမှတ်မိသေးဘူးဆိုတော့ အဲ့လောက်ထိ စိတ်မတိုနဲ့လေ အကိုရယ်
ဟိုမိန်းမ ကို ကိုယ်က ဒေါသဖြစ်တာ
ဘာလို့လဲအကိုရဲ့
သူက အကိုကို အပိုင်လိုချင်နေတာလေ အကိုက သူကို ပြန်တောင်မကြိုက်လို့ခုလိုဖြတ်ချင်နေတာလေ
ဒီလိုပါပဲ အကိုရယ် စိတ်လျော့မှပေါ့ ခုလဲလက်က ဒဏ်ရာကြီးနဲ့ နာနေမှာပေါ့
နှောင်းငယ်ရှိရင်အကုန်သက်သာတယ် ခုလဲ သက်သာနေပြီလေ
အပို ဟွန့်...(နှုတ်ခမ်းလေးဆူလျက်)
ပြွတ်
အ့ဘာလို့ သူများနှုတ်ခမ်းကိုလာနမ်းတာလဲ အကိုရဲ့
ချစ်သူတွေပဲဖြစ်နေပြီကိုနမ်းလို့မရဘူးလား
ရတော့ရပါတယ် ဒါမဲ့ရှက်တာပေါ့လို့ လူဆိုးရဲ့
ခု အကို နမ်းချင်တယ် ငယ် ပေးနမ်းမှာလား
(နှောင်းငယ်အသာလေးခေါင်းငြိမ့်လျက်)
တည်ငြိမ်လဲ စိတ်ကိုလွှတ်ချကာ နှောင်းငယ်ခေါင်းလေးအားထိန်းကိုင်ကာ နှုတ်ခမ်းကို
စိတ်ကြိုက်ချယ်လှယ်၍ နမ်းနေမိသည်။
နှောင်းငယ်ရဲ့ဆူထော်ထော်နှုတ်ခမ်းလေးအား အပေါ်တလှည့်အောက်တလှည့်စုပ်ယူနေမိသည်
ထိုချိန်
ခုမှ ပဲ လက်ပူးလက်ကြပ်မိတော့တာပဲ လာစမ်းတည်ငြိမ် ဘုန်းမြတ်
မေမေက ကျတော်တို့အား ဒေါသတကြီးဖြင့်ခွဲထုတ်လေသည်
ဖေဖေရောပါသော်လဲ ဖေဖက တော့ ခေါင်းအသာရမ်းကာ ကြောင်ကြည့်နေသည်
အမမယ်ရီချိုကတော့ မျက်နှာပျက်ယွင်းစွာခေါင်းငုံလျက်
ဟိုမိန်းမကတော့ အောင်နိုင်သူအပြုံးဖြင့်ကြည့်နေသည်
ဟိုမေမေ
ဖြောင်း(နှောင်းငယ်အားမေမေမှပါးရိုက်လိုက်သည်)
မေမေ ငယ်ကိုမထိနဲ့ဗျ
တည်ငြိမ်ဘုန်းမြတ် နင် နောက်ဆုတ်နေ သူကိုချုပ်ထားစမ်းဟိုကောင်တွေ
(ကျတော်အား မေမေအစေခံတွေက ချုပ်ထားကာမလွှတ်ပေးကျတော်လဲ စိတ်လွှတ်ကိုယ်လွှတ်ရုန်းနေမိသည်)
ငယ်ကို မထိနဲ့လို့မေမေကိုကျတော်တောင်းဆိုနေတယ်နော် ကျတော်ကိုလဲခုလွှတ် မေမေ ဘာလိုချင်တာလဲ ကျတော်ကိုကြိုက်သလိုလုပ်
အေးငါလိုချင်တာလဲဒါပဲ
ဟိုကောင်တွေ လွှတ်ပေးလိုက် ငါ့သားကို
မင်းကဘသူလဲ နှောင်းငယ်ဆိုသူလား
ဟုတ်...ဟုတ်ပါတယ် မေမေကြီး
ရုပ်လေးကတော့ လုပ်စားဖို့အသင့်တော်ဆုံးအနေထားလေးနဲ့ ငါ့သားကိုကြံနေသေး မင်းအဲ့လောက်လုပ်စားချင်ရင် တခြားမှာသွားလုပ်စားငါ့သားကိုလာမကြံနဲ့
မေမေ ငယ်ကိုအဲ့လိုမပြောနဲ့ ကျတော်သည်းခံတော့မှာမဟုတ်ဘူးနော်
မင်းအသာနေ တည်ငြိမ်ဘုန်းမြတ်!!!!
မင်းဘလောက် လိုချင်လဲ ကောင်လေး
မေမေ!!!
ကျတော် အကိုကို ပိုက်ဆံကြောင့်ကပ်တာမဟုတ်ပါဘူး အကိုကို ဒီတိုင်းသဘောကျရုံသပ်"ပါပဲ မေမေကြီး ပိုက်ဆံမလိုချင်ပါဘူး
တော်စမ်းနင်တို့ပါးစပ်တွေက ဒီလိုတွေပဲထွက်မှာလေ ပြီးရင်ပိုက်ဆံရရင်အချိုးပြောင်းသွားမှာများ
မေမေတော်တော့ဗျာ နှောင်းငယ်ကို သိက္ခာထိပါးလာပြီ
နင်ဘေးဖယ်နေဆို ငါလက်မပါချင်ဘူးနော်တည်ငြိမ်ဘုန်းမြတ်!!!
ဟေ့ကောင်လေး ငါမေးနေတယ်လေ ဘယ်လောက်လိုလဲပြော ပြီးရင်အပြီးထွက်သွားငါတို့အိမ်ကနေ
နှောင်းငယ်......
အန်တီ ကျတော်လိုတာတဂယ်ပေးမှာလား
ပေးမယ် ပြောစမ်းဘာ ကြာလို့
ငယ်...!
ကျတော် တို့မိသားစု အေးဆေးမြို့တစ်မြို့မှာအခြေချချင်တယ် အဲ့လောက်ပဲကျတော်လိုချင်ပါတယ် ကျတော်မိဘတွေ စိတ်မဆင်းရဲစေချင်ဘူး
ရတယ် ငါပေးလိုက်မယ် ဒီညထဲက အပြီးထွက်သွားကြ မနက်ဖြန်ငါမမြင်ချင်ဘူးနင်တို့ကို!!!
ဟုတ်ကဲ့ပါ
နှောင်းငယ် မင်းက ကိုယ်ကို အဲ့လိုလုပ်တော့မှာလား ကိုတို့ချစ်ခဲ့တာတွေကရော ဘလိုလုပ်မှာလဲ မင်း ကိုယ်ဘက်ကိုမကြည့်တော့ဘူး
နှောင်းငယ် ဘာမှမတက်နိုင်ဘူး ကျတော်မိသားစုနဲ့ အကိုကောင်းစားဖို့ပဲ လုပ်ပေးတာပါ နှောင်းငယ်တို့ ရေစက်ရှိရင်ပြန်ဆုံကြတာပေါ့အကို .....
နှောင်းငယ်.....ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်ကို ကတိပေးထားတယ်လေ ဘလိုအကြောင်းနဲ့မှ မခွဲကြဘူးဆို မင်းလိမ်နေတာလားကိုယ်ကို (တည်ငြိမ်ငိုသံဖြင့်အော်ပြောနေမိသည်)
မေမေနဲ့ဇူဇူးကလွဲ၍ကျန်တဲ့လူတွေကလဲမျက်နှာမကောင်း
နှောင်းငယ်ကလဲ လှည့်မကြည့်ခဲ့ ကျတော်ကိုယ်
ကျတော်မြေကြီးပေါ် ဓူးထောက်ချလိုက်ကာ
(ကိုယ်တောင်းပန်ပါတယ်နှောင်းငယ် ကိုယ်ဆီပြန်လာပါကွာ)
မောင်လေး အမလဲ စိတ်မကောင်း ပါဘူး မင်ူတို့ကံမကုန်ရင်ပြန်ဆုံမှာပါ ကလေးရယ်
အမ ကျတော်ဘလိုဆက်နေရတော့မလဲ သူမရှိရင် ကျတော်မပျော်ဘူး ကျတော် ရူးမှာပဲ
(တည်ငြိမ်တယောက်အမရင်ခွင်ထဲဝင်ကာငိုနေမိသည်)
အမလဲ ဘာမှမလုပ်ပေးနိုင်တော့ဘူး ကလေးရယ် မင်းတို့ပြန်ဆုံမှာပါ ကံကြမာက ကြာ"မရက်စက်ပါဘူး..
တည်ငြိမ်လဲ သူအမ ရင်ခွင်ထဲက ထကာဘသူကိုမှ မပြောဘဲ bar တခုသွားရန် ကားမောင်းထွက်သွားလိုက်သည်
သား ဘယ်သွားမို့လဲ
လွှတ်ထားလိုက် ယောင်္ကျား ရှင့်သား ကျမ အရိပ်ကနေ မထွက်ရဲပါဘူးကြည့်နေလိုက်
အေး နင်တို့လဲ ခုထိ မာနာ တပြားသားမှမရှော့ကြနဲ့ ငါလဲကြာရင် ဘုန်းကြီးအပြီးဝတ်မိတော့မယ်
ကဲ အာသာတောင် စိတ်မကောင်းဘူးကွယ် နောက်ပိုင်းပြန်ဆက်မယ်ကလေးတို့
#ခန့်ကိုကိုလင်း
#ဖီ့လစ်
#တည်ငြိမ်ဘုန်းမြတ်နှင့်နှောင်းငယ်တို့၏ကမ္ဘာငယ်

YOU ARE READING
အချစ်ရဲ့ ချို့ယွင်းချက်တစ်ခု
Romanceတည်ငြိမ်ဘုန်းမြတ်နှင့်နှောင်းငယ်တို့ရဲ့ကမ္ဘာငယ်