part 2 (uni+zaw)

3.4K 50 0
                                    

ရိုင်းပြတဲ့အသုံးနှုန်းတွေပါသောကြောင့် မကြိုက်တဲ့သူများကျော်သွားကြပါဗျာ........
.............

Unicode

................................
''ခလေးလာ....ဦးသားနဲ့မိတ်ဆက်ပေးမယ်''
''ဟုတ်ဦး''
''ဒီမှာ ခနထိုင်နေနော် ဦးသားကို သွားနှိုးလိုက်ဦးမယ်''
''ဟုတ်ဦး.....''

ဦးအပေါ်ထပ်တက်သွားတော့မှ ညည့်ဧည့်ခန်းထဲတွင် ထိုင်ကာ အိမ်အတွင်းပိုင်းအပြင်အဆင်များကို လိုက်ကြည့်နေမိသည်။စျေးကြီးတန် ပန်းပုရုပ်တွေ ပန်းချီကားတွေ ချိတ်ဆွဲထားပုံမှာ အရှိန်အဝါတစ်ခုကို ညွှန်ပြနေသည်။
       အိမ်တွင်းပရိဘောဂပစ္စည်းများမှာလည်း စျေးကြီးတန်တွေကြီးပဲ။ဦးကအရမ်းချမ်းသာတာပဲ။ခမ်းနားလွန်းလှတဲ့ ဒီအိမ်ကြီးမှာ ညည့်နေရမှာ အဆင်ပြေပါ့မလားမသိ။ညည့်က လှေကားဘက်ကို ကျောခိုင်းထိုင်နေတာကြောင့် လှေကားပေါ်က ဆင်းလာတဲ့ခြေသံကြားပေမဲ့ လှည့်မကြည့်ရဲဘူး။
        ဦးရဲ့သားကို ရင်မဆိုင်ရဲဘူး။ဦးဘုန်းမဟာတို့သားဖလည်း ဧည့်ခန်းထဲဝင်ထိုင်လိုက်သည်။ညည့်တစ်ယောက်ခေါင်းအောက်ငုံ့ထားလိုက်မိသည်။မဟာတစ်ယောက် မြင်လိုက်ရတဲ့ သူကြောင့် အံ့သြသွားရသည်။ထို့နောက် ရင်ဘက်ထဲမှာ အောင့်သက်သက်ကြီး  ခံစားလိုက်ရသည်။ညကမိမိအတင်းရယူဖို့ကြိုးစားခဲ့တဲ့လူက အခုမိမိအဖေနဲ့ လက်ထပ်မဲ့သူတဲ့လား။
      ''ဖေဖေ ဒါက.......''
''ဟုတ်တယ်သား ဖေဖေလက်ထပ်မဲ့သူပဲ''
ညည့်တစ်ယောက် ဦးရဲ့သားကို မော့ကြည့်လိုက်တော့ အံ့သြကာ မျက်လုံးပြူးသွားရသည်။ညက ညည့်ကို အတင်းရယူဖို့ လုပ်ခဲ့တဲ့တစ်ယောက်က ဦးရဲ့သားလား။အခုလည်း ညည့်ကိုစူးရဲတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေတာကြောင့် ညည့်အကြည့်လွှဲလိုက်မိသည်။
          အကြည့်လွှဲသွားတဲ့ ကောင်လေးကြောင့် မဟာမဲ့ပြုံးပြုံးလိုက်မိသည်။'မင်းကိုယ့်လက်က ပြေးမလွတ်ဘာဘူးကွာ' မဟာစိတ်ထဲ၌ ကြုံးဝါးလိုက်သည်။
''သူကမငယ်လွန်းဘူးလား ဒယ်ဒီ''
''ဟားဟား.......... ခလေးက အသက်၃၀ပြည့်နေပြီး သားထက်၆နှစ်ကြီးတယ်'
အရှေ့ကပေါက်စက မိမိထက်အသက်၆နှစ်ကြီးတယ်ဆိုတဲ့စကားကြောင့် မဟာပိုအံ့သြသွားရသည်။မဟာထင်ထားတာ ၂၀မပြည့်သေးဘူး။ဒီလူအရမ်းနုတာပဲ။

My Men. (completed )Where stories live. Discover now