part 13 (final ) (uni+ zaw)

3.8K 36 6
                                    

Final part............

One month later........

တစ်နေကုန် ခရီးနှင်နေတဲ့ နေမင်းကြီးဟာ ညနေစောင်းအချိန်ရောက်တာနဲ့ အလင်းရောင်များမှေးမှိန်လာကာ အနောက်ဘက်အရပ်သို့ ကျဆင်းလာသည်။ပုစွန်ဆီရောင်နေမင်းကြီး၏ ပတ်ပတ်လည်ရှိ တိမ်တိုက်တွေမှာ အနီ လိမ္မော် အဝါ ရောင်စုံရောလျက် လှချင်တိုင်းလှနေသည်။

နေမင်းကြီးနဲ့ အခြွေအရံ တိမ်တိုက်တို့ရဲ့အရောင်တွေကာ ပင်လယ်ပြာကြီးရဲ့ မျက်နှာပြင်ပေါ် ရောင်ပြန်ဟပ်နေပုံမှာ လက်ရာမြောက်လှတဲ့ ပန်းချီကားတစ်ချပ်ပမာ ။

ပင်လယ်ရေမျက်နှာပြင်ထက် ရေလှိုင်းထမ်းပိုးတွေက လိမ့်တက်လာပြီး ကမ်းစပ်ရှိ သဲသောင်ပြင်အထိ တက်လာကာ ရိုက်ခတ်နေသည်။တချို့လှိုင်းလုံးကြီးတွေက ကျောက်ဆောင်များဖြင့်ရိုက်ခတ်မိပြီး ကျယ်လောင်တဲ့ အသံများထွက်ပေါ်လျက်ရှိသည်။

လေများက ရေငွေ့များအား သယ်ဆောင်လာကာ ကမ်းစပ်သဲသောင်ပြင်ပေါ်တွင် ခြေဆင်းကာ လက်ကိုအနောက်ပြန်ထောက်ပြီး ထိုင်နေတဲ့ ယောက်ျားသုံးဦး၏ မျက်နှာအားထိတွေ့စေကာ အေးမြမှုကို ခံစားစေသည်။

ထိုယောက်ျား သုံးဦးမှာ အတွင်းခံဘောင်ဘီများသာ ဝတ်ဆင်ထားပြီး အပေါ်ပိုင်းအင်ကျီမပါပေ။နေဝင်မြင်ကွင်းအား ငြိမ်သက်စွာ ငေးမောနေကြသည်။ကမ်းခြေတစ်ခုလုံး သူတို့သုံးယောက်သာရှိသည်။တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ပင်လယ်ဆီမှ လာတဲ့လှိုင်းလုံးတွေရဲ့ ရိုက်ခတ်သံများက ဖုံးလွှမ်းနေသည်။

နေမင်းကြီးက တဖြည်းဖြည်းနဲ့ ပင်လယ်အနောက်ဝင်ရောက်သွားသည်။ပတ်ဝန်ကျင်တွင် မှောင်ရိပ်သန်းနေကာ လေပြည်တွေက 'တဟူးဟူး' တိုက်ခတ်လာသည်။

ညည့်တို့သုံးယောက် ပင်လယ်ပြာကမ်းခြေရောက်နေကြခြင်းဖြစ်သည်။(ကမ်းခြေက စိတ်ကူးထဲကပါ) ။ညည့်ကအလယ်တွင်ထိုင်နေပြီး ညည့်ရဲ့ညာဘက်တွင် ဦးကထိုင်နေပြီး ဘယ်ဘက်တွင် မဟာကထိုင်နေသည်။

ညည့်တို့သုံးယောက် ပင်လယ်ကမ်းခြေတွင် ထိုင်ကာ ညနေခင်း နေဝင်အလှတရားကို ကြည့်ကာ အတွေးကိုယ်စီဖြင့် နစ်မျောနေကြသည်။သဘာဝတရားကြီးရဲ့အလှဟာ ဘယ်အချိန်ကြည့်ကြည့် မပြောင်းလဲ လှပဆဲပေ။

You've reached the end of published parts.

⏰ Last updated: Feb 27 ⏰

Add this story to your Library to get notified about new parts!

My Men. (completed )Where stories live. Discover now