"ပစ္စည်းတွေသိမ်းနေတာဗျ"
"ဒါကျွန်တော့်ပစ္စည်းတွေလေ"
"ဒီအိမ်ကိုဝယ်တဲ့ပိုင်ရှင်လာတော့မှာဗျ"
"အာ...ဟုတ်သားပဲ ဒီနေ့၂၅လား?"
"ဟုတ်တယ်ဗျ"
"သေရော ငါဘယ်လိုမေ့နေတာလဲ?"
"ဒါနဲ့လေ အကိုရယ်မသနားဘူးလားဗျ?""ဘာကိုလဲဟင်?"
"ကျွန်တော့်ကိုလေ" လို့ချွဲပြစ်နေတဲ့မျက်ဝန်းငယ်ဖြင့် ချွဲပြစ်နေတဲ့အသံနဲ့သနားစရာကောင်းအောင်ပြောတာပေါ့။
"အဲ့ဒါတော့..အိမ်ပိုင်ရှင်အသစ်နဲ့ပဲစကားပြောလိုက်ပါတော့ဗျ" လို့ပြောပြီးပစ္စည်းတွေသယ်ကာ အိမ်ပြင်မှာပစ်ချထားလေရဲ့။
သနားစရာကောင်းတဲ့ဂျယ်ယွန်းလည်း အကူအညီမရတဲ့အဆုံးသူ့အချစ်ဆုံးသူငယ်ချင်းဆီကိုပဲဖုန်းလှမ်းဆက်ကာအကူအညီလှမ်းတောင်းရတာပေါ့။
"ကယ်ပါဦး"
"ဘာဖြစ်တာတုန်း?"
"အိမ်ရောင်းထားတာကိုငါမေ့ပြီး အိပ်နေတာကွာအခုမနက်လည်းရောက်ကော ငါ့ပစ္စည်းတွေကိုဖယ်နေတယ် ငါနေစရာနေရာလည်းမရှိဘူး"
"ဟော ဂျယ်ယွန်းရယ်ဖြစ်မှဖြစ်ရလ အခုအဲ့ဒါမင်းဘယ်သွားနေမတုန်း?"
"မသိဘူး လမ်းဘေးမှာပဲနေရတော့မှာလားမသိ?"
"ဟော ဒုက္ခပါပဲနေဦးနေဦး ငါ့သူငယ်ချင်းကိုလှမ်းဖုန်းဆက်လိုက်မယ်ခနပဲ" လို့ပြောပြီးဖုန်းချသွား တော့ ဂျယ်ယွန်းလည်းသက်ပြင်းချလိုက်လေတယ်။ခနလည်းကြာကော သူ့သူငယ်ချင်းဆီကဖုန်းပြန်ဝင်လာကာ
"ပြောသူငယ်ချင်း"
"မင်းကိုငါ့သူငယ်ချင်းလာခေါ်လိမ့်မယ် ပစ္စည်းတင်လို့ရမယ့်ကားမျိုးနဲ့ ၅မိနစ်နေရင်ရောက်လာလိမ့်မယ်လိုက်သွားလိုက်နော်
ငါအခုဒီမှာအလုပ်ရှုပ်နေလို့""အော်ဟုတ်ပြီ ကျေးဇူးပါကွာ"
"ပြောစရာကိုမလိုတာ စောစောကြိုပြောရင်ငါ့အိမ်မှာလာနေခိုင်းမို့ အေးအေးဒါဆိုဒါပဲနော်" လို့ပြောပြီးဖုန်းကိုချသွားလေရဲ့။
VOUS LISEZ
𝓯𝓪𝓵𝓵𝓲𝓷𝓰 𝓼𝓽𝓪𝓻 🌠 ✓ || Sungjake 🐧🐶
Fanfictionကိုယ့်ရည်းစားနဲ့အသွင်တူတဲ့ဇာတ်ကောင်ကိုဖန်တီးလိုက်တဲ့ရှင်းဂျယ်ယွန်းရဲ့အချစ်ဇာတ်လမ်း