Part-4(ပြောင်းလဲလာခြင်း)

156 12 0
                                    

ဂျယ်ယွန်းလည်းကုတင်ပေါ်ကဆင်းပြီး ရေမိုးချိုး/အဝတ်အစားလဲကာ ကျောင်းသွားဖို့ပြင်ဆင်ချိန်ဆောင်းဟွန်းလည်းမနက်စာလုပ်နေ‌တာပေါ့။

ခနအကြာကျ ဂျယ်ယွန်းကအခန်းထဲကထွက်လာပြီး ဆောင်းဟွန်းကအပေါ်အင်္ကျီ
မဝတ်ထားပဲ မနက်စာကိုလုပ်နေတော့ ဂျယ်ယွန်းတစ်ယောက်မျက်လုံးကြီးပြူးသွားကာမျက်လုံးကိုလက်နဲ့ပိတ်လိုက်လေရဲ့။

ဆောင်းဟွန်းက ဂျယ်ယွန်းတစ်ယောက်မျက်လုံးကိုပိတ်ပြီးရပ်နေတာကိုမြင်တော့

"ဘာလုပ်နေတာလဲ?အဲ့မှာ?"

"ဟို..အင်္ကျီ"

"အာ..ရေမချိုးခင်အဲ့လိုပဲနေတာမို့" လို့ပြောပြီးအနားကိုတိုးလာကာ ဂျယ်ယွန်းအနောက်ကသဘက်ကိုလှမ်းယူလိုက်လေတယ်။ဂျယ်ယွန်းကမသိဘဲ လက်ကိုဖယ်လိုက်ကာ ဆောင်းဟွန်းရဲ့မျက်နှာကြီးကိုအနီးကပ်မြင်နေရတော့ လန့်ပြီးပြုတ်ကျသွားတာပေါ့။

ပြုတ်ကျတော့လည်း ‌ဆောင်းဟွန်းလက်ကိုပါဆွဲလိုက်တော့ အတူတူပြုတ်ကျသွားကြလေတယ်။သဘက်ကလည်းသူတို့အပေါ်ပြုတ်ကျလာပြီး ဆောင်းဟွန်းကလည်း
ဂျယ်ယွန်းခေါင်းထိမှာစိုးလို့လက်နဲ့ကာပေးထားလေရဲ့။

အရမ်းကိုနီးကပ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့မျက်နှာများကအော်တိုနီရဲလာပြီး ဂျယ်ယွန်းမျက်လုံးကတော့ ဆောင်းဟွန်းရဲ့တောင့်တင်းတဲ့ကြွက်သားတွေဆီကိုပဲ ရောက်နေခဲ့လေတယ်။

ဆောင်းဟွန်းလည်းဂျယ်ယွန်းခေါင်းကို
မပြုတ်ကျအောင်လက်နဲ့ထိန်းထားပေးရတော့ ချွေးတွေထွက်လာကာ ဂျယ်ယွန်းတစ်ယောက်နှာခေါင်းသွေးတွေလျှံကျလာပြီး

"မင်း?ရရဲ့လား?" လို့မေးတော့ဂျယ်ယွန်းကသတိဝင်သွားပြီး ဆောင်းဟွန်းကိုဖယ်လိုက်ကာ ကုန်းရုန်းထလိုက်၍ သူ့အခန်းထဲကိုရှက်ပြီးပြေးဝင်သွားတော့တာပေါ့။

ဆောင်းဟွန်းကကြောင်တောင်တောင်နဲ့ကျန်ခဲ့ပြီး ထလိုက်ကာလက်ကိုခါလိုက်၍ ခနစဉ်းစားလိုက်ပြီးမနက်စာဆက်ပြင်လေရဲ့။
ဂျယ်ယွန်းကတစ်ဖက်မှာရေချိုးခန်းထဲပြေးဝင်ကာ မှန်ကိုကြည့်လိုက်ပြီး

𝓯𝓪𝓵𝓵𝓲𝓷𝓰 𝓼𝓽𝓪𝓻 🌠 ✓ || Sungjake 🐧🐶Where stories live. Discover now