Part-6(နူးညံ့စွာအဆုံးသတ်ခြင်း)

171 12 0
                                    

မနက်လည်းရောက်ကော လေလေးတွေကတဖြူးဖြူးနဲ့တိုက်လာပြီးဆောင်းဟွန်းက
အရင်နိုးလာကာ ဂျယ်ယွန်းကြည့်လိုက်ပြီး

"ကိုယ် တကယ်တောင်းပန်ပါတယ်နော်" လို့နူးညံ့စွာပြောလိုက်ချိန် ဂျယ်ယွန်း
တစ်ယောက်ဆောင်းဟွန်းရင်ခွင်ထဲထပ်တိုးဝင်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလေရဲ့။

"ကိုယ် မထွက်သွားပါနဲ့အိခုတောင်းပန်ပါတယ်...ကျေးဇူးပြုပြီးမထားသွားပါနဲ့" လို့တောင်းဆိုနေကာ ငိုနေတာပေါ့။

ဆောင်းဟွန်းလည်းရင်ထဲစို့သွားပြီး သူမရှိတဲ့၁နှစ်တာမှာ ဘယ်လောက်တောင်ဂျယ်ယွန်းလေးကကြိုးစားရုန်းကန်ရှင်သန်နေရမလဲဆိုတာကိုစဉ်းစားနေပြီးဝမ်းနည်းနေလေတယ်။

တကယ်ပဲကံကြမ္မာကြီးက အရမ်းကိုသာယာနေတဲ့သူတို့နှစ်ယောက်ဘဝလေးတွေကို အခုလိုဘာလို့အဲ့လောက်ထိရက်စက်ရတာလဲနားမလည်နိုင်အောင်ပါပဲ။
ဆောင်းဟွန်းလည်းဂျယ်ယွန်းကျောလေးကိုပုတ်ပေးကာ

"ကိုယ်မထွက်သွားဘူးနော် ဘယ်ကိုမှ" လို့ပြောနေချိန် ဂျယ်ယွန်းကအိပ်မက်ဆိုးကနေလန့်နိုးလာပြီး

"ကိုယ်" လို့ခေါ်ကာ ရင်ခွင်ထဲကထွက်ပြီးဆောင်းဟွန်းမျက်နှာလေးကိုကိုင်ပြီး

"တော်သေးတာပေါ့ ရှိနေသေးလို့"

"ကိုယ်ကဘယ်မှထွက်သွားမှာမဟုတ်ဘူး" လို့ပြောတော့ဂျယ်ယွန်းလည်းပြုံးလိုက်၍ တစ်နေ့တာကိုအတူတူစတင်ကြလေတယ်။ဂျယ်ယွန်းကသူတို့အရင်ကအတူတူတိုက်နေကျ သွားတိုက်တံတွေကိုထုတ်ကာ

"ဒီမှာ"

"အော်?ရှိနေသေးတာလား?"

"သိမ်းထားရတာပေါ့ အိမ်ကနေရွှေ့လာတော့အကုန်သယ်လာတာဥစ္စာခြောက်အိခုလေ"

"ကိုယ်တို့ အတူတူနေခွင့်ရလာလို့ကျေးဇူးတင်မိတယ်"

"ဟုတ်ပါ့နော် ထူးခြားလိုက်တာကိုယ်ကအိခူသူငယ်ချင်းရဲ့သူငယ်ချင်းဖြစ်နေတာကို"

"ကြိုမသိခဲ့ဘူးအိခုဖြစ်နေမှန်း အစကစိတ်တောင်ညစ်နေတာ အိခုကိုမြင်တော့မှပဲသက်ပြင်းချနိုင်တာ"

𝓯𝓪𝓵𝓵𝓲𝓷𝓰 𝓼𝓽𝓪𝓻 🌠 ✓ || Sungjake 🐧🐶Where stories live. Discover now