Chapter:90 "အန်တီလေးလို့ခေါ်"

1K 100 3
                                    

chapter:90

"အမ် ... မနေ့ညက ကိုယ်မင်းကို မလွှတ်ပေးတော့ဘူးလို့ဆုံးဖြတ်ထားပြီးသား ဒါပေမဲ့ကိုယ်ကဒဏ်ရာရထားတော့။"
ဟော်လင်းချန်က သူ့ရဲ့ အတွေးတွေကို အမှန်အတိုင်းပဲ ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့အဲဒီခံနိုင်ရည်ကို သေချာပေါက် နှိမ်နင်းပစ်မယ်လို့ စီစဉ်ထားခဲ့ပြီဖြစ်သည်။

နျန်းယန်ရွှမ်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း

"ရှင့်ကို ဘယ်သူက နာကျင်အောင်လုပ်တာလဲ၊ ဘုရားသခင်တောင် ရှင့်ဆန္ဒကို မဖြစ်မြောက်စေချင်ဘူးပဲ!"

"တကယ်လို့ ဘုရားသခင်က ကိုယ့်ရဲ့ဆန္ဒကိုမဖြစ်မြောက်စေချင်ဘူးဆိုရင် ကိုယ့်ရဲ့လက်မောင်းတွေ မဟုတ်တဲ့ အောက်ပိုင်းကိုပဲ ဒဏ်ခတ်မှာပေါ့ ဘေးဘီရဲ့။ ရွှမ်းရွှမ်း ကိုယ့်လက်တစ်ဖက်တည်းနဲ့ လည်း အဆင်ပြေပါတယ်ကွာ၊ ဒါမှမဟုတ်ကိုယ်တို့ ..."

နျန်းယန်ရွှမ်း က တကယ်ကို ရူးသွပ်သွားပါတော့မယ်။

ဒီနေ့ ဟော်လင်းချန် က ဘယ်လိုတွေဖြစ်နေတာလဲ။ တစ်ချိန်လုံးလုပ်မယ်ဆိုတာချည်းပဲ။ သူ့မှာ အဲ့အကြောင်းကိုပါးစပ်ဖျားကနေမချနိုင်ဘူး။

ပြီးတော့ သူ့လက်တွေက လုံးဝမရိုးသားနေဘူး...
နျန်းယန်ရွှမ်းက သူ့ခြေဖမိုးပေါ်ကို အပြင်းအထန် တက်နင်းလိုက်ပြီး

"ရှင်ပွတ်သီးပွတ်သပ်တွေမလုပ်ပဲနဲ့ စကားကောင်းကောင်း မပြောနိုင်ဘူးလား"
ထိုလူက သူမ၏ ရှက်ရွံ့သွားသော အမူအရာကြောင့် တခစ်ခစ်ရယ်ကာ ခေါင်းကို ငုံ့ချပြီး သူမ၏ နှုတ်ခမ်းအား ညင်သာစွာ နမ်းလိုက်ရင်း
"ဘေးဘီ ၊ ကိုယ်ဆေးရုံသွားမယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ မင်းကိုယ့်ကိုတစ်ခုခုတော့ပြန်ပေးရမယ်"

နျန်းယန်ရွှမ်းသည် ဉာဏ်နီဉာဏ်နက်များလွန်းသည့် အမျိုးသားကို သံသယနဲ့ကြည့်ရင်း အသံတိုးတိုးလေးဖြင့် မေးလိုက်၏။

"ရှင်ဘာလိုချင်လို့လဲ"

"သေချာပေါက် ဒီလိုပေါ့!"

သူပြောပြီးသည်နှင့် တပြိုင်နက် သူမသည် သူ့ရင်ခွင်ထဲသို့ ကျရောက်သွားပြီး နှုတ်ခမ်းချင်းဆုံသွားကာ အခန်းထဲ၌ လျင်မြန်သော အသက်ရှူသံ အနည်းငယ်မျှသာ ကြားရတော့သည်။

President Huo's little wifeWhere stories live. Discover now