Chapter:111~112

764 79 2
                                    

Chapter:111

မီးဖိုချောင်မှာ မီးလင်းနေသေးတာကို ဟော်လင်းချန်မြင်နေပေမဲ့  ဂရုမစိုက်စွာပင်  အပေါ်ထပ်သို့တက်ရန်ပြင်ဆင်လိုက်သည်။

"အန်ကယ်ဟော်!"
ကလေးဆန်ပြီး   ကြည်လင်သောအသံကိုကြားလိုက်ရတော့  သူ့ခြေလှမ်းတွေက  တန့်ခနဲဖြစ်သွားလေ၏။သူက အပေါ်ကိုမတက်တော့ဘဲ မီးဖိုချောင်ထဲသို့ဝင်သွားလိုက်သည်။

မီးဖိုချောင်တွင်  ကလေးမသည် သင့်လျော်သောအပူချိန်ဖြင့် နွားနို့ကိုအမြန်ယူပြီး သူ့ အား  ကမ်းပေးလေသတည်း။

"နွားနို့တစ်ခွက်လောက်  သောက်ကြည့်။"

နျန်းယန်ရွှမ်းက  သူ့အနားကိုကပ်လိုက်သည်နှင့်  အရက်နံ့များကြောင့်  သူမလေး၏မျက်နှာမဲ့ကျသွားရ၏။

ဟော်လင်းချန်သည် နွားနို့ကို ဦးစွာမသောက်ခဲ့ပေ။ထိုအစား၊ သူက လက်မောင်းတစ်ဖက်တည်းနဲ့  မိန်းကလေးငယ်လေးကို သူ့ရင်ခွင်ထဲ၌ ထွေးပိုက်ကာ  သူမ၏နီတာရဲနှုတ်ခမ်းကို  တပ်မက်စွာ နမ်းရှိုက်ပစ်လိုက်သည်။

"နောက်ကျနေပြီ   ဘာလို့ မအိပ်သေးတာလဲ!"

"ရှင်အရက်သောက်ထားတယ်"   သူမကခေါင်းမော့ရင်း  သူ့ကို ကြည့်ကာ ပြောလိုက်တယ်။

"အင်း၊ ဒီညစာချုပ်ချုပ်ပြီးလို့   နည်းနည်းသောက်ဖြစ်တာ။"

နျန်းယန်ရွှမ်းက တိတ်တဆိတ်နှုတ်ခမ်းစူပြီး  တွေးလိုက်မိ၏။

ပြည်နယ်အရာရှိတွေကတော့ မီးတင်ရှို့ခွင့်ရကြပြီး   အခြေခံလူသားတွေကတော့  မီးထွန်း ခွင့်ပင်မရပေ။

ဟော်လင်းချန်သည်  ခွက်အတွင်းရှိ နွားနို့ကို တစ်ကျိုက်တည်းဖြင့်အကုန်သောက်ချသွားပြီး ခွက်အလွတ်ကို စားပွဲပေါ်တင်ကာ  ကလေးမ၏လက်၂ဖက်ကို  ကိုင်လျက် အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်၏။

"ဟေ့  ခဏလေး၊ မီးမပိတ်ရသေးဘူး!"

ကလေးမက မီးဖိုခန်းကို လက်ညှိုးထိုးပြတော့  သူက

"တစ်ယောက်ယောက် ပိတ်လိမ့်မယ်။"

သူပြောပြီးသည်နှင့်  အမှောင်ထဲမှ အိမ်အကူတစ်ဦး ထွက်လာပြီး ထိုဖန်ခွက်ကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။

President Huo's little wifeWhere stories live. Discover now