Chapter:113
ထိုအချင်းအရာကိုမြင်တော့ အန်တီလျိုက တစ်ရှူးကို လျင်မြန်စွာယူလိုက်ပြီး စားပွဲပေါ်စင်သွားသောဟင်းရည်ကို သုတ်ရင်းနဲ့ဆိုခဲ့သည်။
"ကလေး ဖြည်းဖြည်းသောက်လေ။ ဘာတွေများ အလျင်လိုနေတာလဲကွယ်၊ မင်းကို ဘယ်သူမှ မလုပါဘူး""...အန်တီလျို၊ နောက်တစ်ခါ ဒီလိုဟင်းရည် မလုပ်ပါနဲ့"
အဲ့ဒီကလေးကိစ္စက သူမအတွက် နည်းနည်းဝေးနေသေးတယ်၊ အခုက သူမကျောင်းတက်နေတုန်းပဲ။
သို့သော် သူမသည် အလွန်လေးနက်သောကိစ္စတစ်ခုကို သတိရမိသည်။ ဟော်လင်းချန် သည် မည်သည့်အကာအကွယ်ကိုမျှ မသုံးခဲ့ဖူးသလို သူမလည်း...၎င်းကိုတွေးရင်း သူမရဲ့စိတ်တွေ လုံးဝကို ဗလာဖြစ်သွား၏။ စက္ကန့်အနည်းငယ်ကြာပြီး မတတ်နိုင်စွာ ဟော်လင်းချန်ဆီကို မက်ဆေ့ချ်ပို့ရန်ဆုံးဖြတ်လိုက်သည်။
"အန်ကယ်ဟော်။ မနေ့ညက ဆေးမသောက်ရသေးဘူး၊ ဒီနေ့ အချိန်ရှိလား"
Wechat ရဲ့ SMS နဲ့ ပတ်သက်ပြီး သူ့ကို မေးထားတာကိုတော့ ဟော်လင်းချန်က ဘာမှပြန်မဖြေထားပါဘူး။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူကမက်ဆေ့ခ်ျကို မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်ခဲ့ပါတယ်။
"ဘာဆေးသောက်မှာလဲ"
အဲဒီဆေးနာမည်ကဘာပါလိမ့်။
ထို့နောက် နျန်းယန်ရွှမ်းလည်း ပိုင်သုကိုဖွင့်ပြီး ရှာဖွေလ်ိုက်ရာ ..အို! တွေ့ပြီ
"ယွီတင်!"
"နျန်းယန်ရွှမ်း! မင်းယုံယုံ မယုံယုံ မင်းအဲဲဒီဆေးကိုသောက်ရဲရင် ငါမင်းကိုသတ်ပစ်မယ်၊ !"
ဒီတစ်ကြိမ်မှာ သူ့လေသံက သတိပေးချက်တွေနဲ့ခြိမ်းခြောက်မှုတွေ ပြည့်နှက်နေတယ်။
"...ဘာလို့လဲ" သူ ကလေးလိုချင်နေတာလား။
"ဘာလို့ထင်လဲ"
ဟော်လင်းချန်က နှာထင်းကြောကို ဖိလျက်မျက်ခုံးပင့်ကာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"ရွှမ်းရွှမ်း ကိုယ်တို့ကလက်ထပ်ပြီးပြီ၊ ကိုယ်တို့ ကလေးယူသင့်တယ် မဟုတ်လား?"
YOU ARE READING
President Huo's little wife
ActionThis story isn't mine.just translation Crd to Original Author & Eng TranMm translate.