Empress Bhutto....p(3)

177 20 14
                                    

ပါတီပွဲပြီးသွားတော့နိုင်ငံအသီးသီးကသမ္မတတွေမင်းကြီးတွေပြန်သွားကြတယ်။

အခုကျန်ခဲ့တာကတော့ကြင်ယာတော့၃ယောက်နဲ့မင်းကြီးရယ်ဧကရာဇ်ရယ်ဧကရီဘုရင်မကင်မ်ဝတီရယ်မင်းကြီးရဲ့မယ်တော်အဲလူတွေသာကျန်ခဲ့တယ်။

စကားဝိုင်းလေးကတိတ်ဆိုနေတော့မယ်တော်ကအရင်စတင်လိုက်တယ်။

"မင်းကြီးဘာစကားများပြောစရာရှိသေးလည်းကြင်ယာတော်တွေကိုပြန်လွှတ်သင့်ပြီထင်တယ်..."

ကြင်ယာတော်တွေကိုယ်နန်းဆောင်ကိုယ်ပြန်နိုင်ကြပြီမင်းကြီးအမိန့်သံကြားတော့ကြင်ယာတော်တွေမင်းကြီးကိုအရိုသေပေးကာထထွက်တော့....

နေကြအုန်း...မယ်တော်တားလိုက်တော့အကုန်ရပ်နေကြတယ်။

"နေကြအုန်း....မင်းကြီးကြင်ယာတော်နဲ့အိပ်ပြီးရင်သွေးယူမယ်ဆိုတာဘယ်ကြင်ယာတော်လည်း"

"ဟင်....မင်းကြီးကသူ့ပြောတဲ့စကားကိုမေ့နေပုံနဲ့အထိန့်တလန့်မယ်တော်ကိုကြည့်ပြီး......ကျွန်တော်မျိုးမရွေးရသေးပါဘူးမယ်တော်ဒီတိုင်းစီစဉ်နေတုန်းစစ်ပွဲကနီးလာပြီသူပုန်တွေကသောင်းကျန်းနေတော့သူ့ကိုပအရင်ရှင်းရအုန်းမယ်"

"ကောင်းပြီလေးသားတော်သဘောဒါနဲ့ဧကရီကိုသားတော်အခွင့်ရေးပေးသင့်တယ်"

"ကျွန်တော်ကဘာအခွင့်ရေးပေးရမှာလည်းမယ်တော်."

ကြင်ယာတော်အိုနိုမိဖုရားကိုကြည့်ပြီးအမုန်းပွားကာဒေါသထွက်နေတာကိုမယ်တော်ကရိပ်မိသွားတော့....

ကြင်ယာတော်တွေကိုယ်နန်းဆောင်မှာကိုယ်နေရာယူသင့်ပြီမယ်တော်ပြောတော့အားလုံးနန်းဆောင်ပြန်ခဲ့ကြတယ်။.

ပုဝါလေးဖုံးပြီးမြေပြင်ကိုသာအကြောင်းမဲ့စိုက်ကြည့်နေတဲ့ကင်မ်ဝတီကိုမင်းကြီးလှည့်ကြည့်ကာ....
"ကင်မ်ဝတီဘုရင်မဘာများငမာ့မင်းကြီးကိုလျှောက်တင်တောင်းဆိုစရာရှိလည်းတောင်းဆိုနိုင်တယ်"

မင်းကြီးစကားကြားတော့်မော့ကြည့်လာတဲ့ပုဝါပေါ်ကရွှန်းလဲ့လဲ့မျက်ဝန်းလေးဟာမင်းကြီးနဲ့အကြည့်ခြင်းဆုံသွားတယ်တစ်စက္ကန်သာမင်းကြီးကိုကြည့်ပြီးကင်မ်ဝတီမျက်နှာလွှဲ၍ခေါင်းလေးငုံ့သွားတဲ့ဘုရင်မ....

Empress Bhutto Bl TaekookTempat cerita menjadi hidup. Temukan sekarang