Book 30 Chapter 428

33 4 0
                                    

Uni

အခန်း (၄၂၈) အုပ်စုလိုက်တိုက်ခိုက်ချင်တာလား

အားဟူက လူရွယ်စာပေသမားနှင့် ကောင်းဖန်ကို ကြက်လေးငှက်လေးများပမာ လက်တစ်ဖက်စီတွင် ဖမ်းချုပ်ထားသည်။

ရန်ကျောက်ကဲက ထိုင်ခုံထက်တွင်ထိုင်ရင်း ခေါင်းမော့လျှက် ခေါင်မိုးမျက်နှာကျက်ဆီသို့ ငေးနေသည်။ သူ့မျက်ဝန်းများက မည်သည့်အရာကိုမှ အာရုံစိုက်ထားခြင်း မရှိဘဲ အတွေးလွန်နေဟန်ပင်။

ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...

"အိုး... လူတွေအများကြီး ရောက်လာတာလား"

သူတို့နေထိုင်ရာ တည်းခိုးဆောင်သို့ သိုင်းသမားများစွာ ဝိုင်းထားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။ သူတို့ အရှိန်အဟုန်က အလွန်လျှင်မြန်ပြီး လှုပ်ရှားမှုက ညီညီညာညာ စုစုစည်းစည်းဖြင့် သေသေချာချာ လေ့ကျင့်ထားဟန်ရှိသည်။

ရန်ကျောက်ကဲက ရယ်မောကာ ခေါင်းခါယမ်းရင်း...

"စစ်တပ်တစ်ခုလား ၊ မိစ္ဆာသားရဲတွေကို ဖမ်းသလို ငါတို့ကို ဝိုင်းဖမ်းတော့မလို့နဲ့တူတယ်"

ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများအားလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။

မျောလွင့်ဝိညာဉ်ကမ္ဘာတွင် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ၊ သို့မဟုတ် သွေးစွမ်းအားရယူကျင့်ကြံရန်အတွက် မိစ္ဆာသားရဲများကိုအမဲလိုက်ရန် မိစ္ဆာသွေးကျင့်ကြံသူများက ရံဖန်ရံခါ အုပ်စုဖွဲ့လှုပ်ရှားလေ့ ရှိကြသည်။

သွေးနီတိမ်တိုက်ဂိုဏ်းကဲ့သို့ သိုင်းဂိုဏ်းကြီးများအားလုံးက လိုအပ်ချိန်တွင် ရန်သူကို အဆင်သင့်တိုက်ခိုက်နိုင်ရန် အုပ်စုဖွဲ့ တိုက်ခိုက်သည့်နည်းလမ်းများကို တပည့်များအား လေ့ကျင့်သင်ကြားပေးထားလေ့ရှိ၏။

ရွှီဖေးက ဖြည်းညင်းစွာဖြင့်...

"ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာလည်း သိုင်းဂိုဏ်းကြီးတွေ ရှိတာပါပဲ ၊ ဒါပေမဲ့ ပထဝီဝင်အနေအထားအလိုက် တည်ရှိကြတာဆိုတော့ တိုက်ပွဲတစ်ခုအတွက် သိုင်းသမားတွေ ပူးပေါင်းတိုက်ခိုက်ဖို့ အခုလို လေ့ကျင့်ထားတာမျိုး မရှိဘူးပဲ"

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now