Book 32 Chapter 455

31 4 0
                                    

Uni

အခန်း (၄၅၅) လူဆိုးတွေကိုမှားပြီးကယ်မိတော့လည်း ပြီးမှ ပြန်သတ်လိုက်ကြတာပေါ့

ရန်ကျောက်ကဲက အေးအေးဆေးဆေးလက်ပိုက်ပြီး သူ့မျက်စိရှေ့ ဝေဟင်ထက်မှ တိုက်ပွဲကိုကြည့်နေသည်။

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များ၏တိုက်ပွဲဖြစ်လေရာ ကျင့်ကြံခြင်းအဆင့် နည်းပါးသေးသော ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့မှာ တိုက်ပွဲမှ ထွက်ပေါ်လာသော တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများကို ခံနိုင်ရည် မရှိကြပေ။

ထို့ကြောင့် ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် အားဟူတို့က ရှေ့တန်းတွင် မတ်တတ်ရပ်လျှက် သူတို့နှစ်ယောက်ကို ကာကွယ်ပေးကြရသည်။

တိုက်ခိုက်နေကြသူ (၆)ယောက်လုံးက အမတဝိညာဉ်အလယ်ဆင့် သိုင်းဆရာသခင်များဖြစ်ကြသဖြင့် အားဟူနှင့် ရွှီဖေးသည်ပင် ဖိအားအနည်းငယ် ခံစားကြရ၏။

"သူတို့ရဲ့သိုင်းပညာတွေက အရမ်းထူးခြားပြီး အဆင့်အတန်းမြင့်လွန်းတယ် ၊ ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာအနေနဲ့တွက်ကြည့်ရင် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းက အထွတ်ထိပ်သိုင်းပညာတွေနဲ့ အဆင့်တူလောက်တယ်"

တိုက်ပွဲကိုခဏမျှလေ့လာပြီးနောက် ရွှီဖေးက ဆိုသည်။

"အမတဝိညာဉ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်တယ်ဆိုကတည်းက ဒီလူတွေကို ရင်ဆိုင်ရတာ လွယ်မှာမဟုတ်ဘူး"

ရန်ကျောက်ကဲက သဘောကျစွာ ပြုံးလိုက်ရင်း...

"လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်း ၊ မိစ္ဆာဂိုဏ်း (၆)ဂိုဏ်းဆိုကတည်းက သူတို့ဆီမှာ အနည်းဆုံး ဂိုဏ်းပေါင်း (၁၃) ဂိုဏ်း ရှိနိုင်တယ် ၊ မေးခွန်းထုတ်ရမှာက... အဲဒီ (၁၃) ဂိုဏ်းအထက်မှာ ပိုပြီးအဆင့်မြင့်တဲ့ စွမ်းအားစု ရှိသေးလားဆိုတာပဲ"

တိုက်ပွဲကိုလေ့လာရင်း ရန်ကျောက်ကဲတို့အုပ်စုက "သမုဒ္ဒရာကမ္ဘာ" မှ သိုင်းသမားများ၏ စွမ်းအားအဆင့်ကို ချက်ချင်း နားလည်သွားကြသည်။

ရွှီဖေးက...

"ကြည့်ရတာ သူတို့က ဂိုဏ်းထဲမှာ အရေးပါတဲ့သူတွေဖြစ်နိုင်ပေမယ့် ထိပ်ဆုံးအဆင့်တော့ မဟုတ်လောက်သေးဘူး"

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now