အပိုင်းရှစ်

203 25 1
                                    

Unicode

"အရာရှိSo Binwooနဲ့တွေ့ချင်လို့ပါ"

"ဟိုအရာရှိက တာဝန်နဲ့အပြင်ထွက်သွား..."

"အထဲမှာရှိတယ်ဆိုတာသိတယ်..လာတိုင်းဒီလိုကြီးပြောနေတာ ဘယ်နှစ်ခါရှိနေပြီလဲ။ဘာလဲ ခင်ဗျားတို့ရဲတွေက ပြည်သူ့ဝန်ထမ်းတွေလား။လာဘ်ထိုးတိုင်းရတဲ့ လာဘ်စားသူတွေလား"

အငယ်ကောင်ဟာဒေါသထွက်လာတာမို့ အရှေ့ကရဲသားငယ်လေးကိုဆွဲလားရမ်းလားလုပ်နေတုန်း အထဲကဝင်ခိုင်းလိုက်သည့်အသံကြားတာကြောင့် သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဝင်သွားလိုက်ကြသည်။

"Street  Companyကပါ။Park အိမ်တော်ကိုသိမှာပါ။ဘာလို့ အခုထိတရားစွဲတင်ပြထားတဲ့ကိစ္စကိုပယ်ချပြီး မကြည့်ပေးတာလဲသိချင်တယ်..သက်သေလိုချင်တာဆို ဆရာဝန်ရှိတယ်။အဲ့ဆရာဝန်ကိုတွေ့အောင်ရှာရင်ရ..."

"မရှိတော့ဘူး"

ဆုံလည်ထိုင်ခုံကနေလှည့်ပြီးပြောလာသောလူသားကြောင့် Jiminဟာ လှောင်ရယ်သံတစ်ချက်သာထွက်လာတော့သည်။တွေ့စရာလူ အဲ့လောက်ရှားရလား။

"ဘာစကားပြောတာလဲခင်ဗျား..!!"

"တော်ပြီအငယ်ကောင်...ဒီလူကိုမြင်လိုက်ရပြီဆိုတော့ ငါတို့Jeon Heesooကိုတရားစွဲလို့ရမှာမဟုတ်တော့တာသေချာသွားပြီ ပြန်ရအောင်"

အငယ့်ကောင်လက်ကိုဆွဲကာ ပြန်ဖို့ပြင်နေတုံး ကြားလိုက်ရတဲ့စကားကြောင့် Jiminလက်သီးတွေတင်းကြပ်သွားသည်။

"ငါကဒီSeoulမြို့တစ်ခုလုံးမှာထိပ်တန်းအရာရှိနော်။မင်းတို့ဘယ်ဌာနကိုသွားတိုင်တိုင် နောက်ဆုံးငါ့ဆီပဲတံဆိပ်တုံးထုပေးဖို့ရောက်လာမှာ။ငါ့ဆန္ဒမပါရင် ဘာမှမလုပ်လို့မရဘူး။အာ...ဒါနဲ့ အဲ့နေ့ကတော့ သားအိမ်ထည့်လိုက်တာကိုပဲ သတ်သေတော့မလို့ခါးခါးသီးသီးဖြစ်နေပြီးတော့ အခုတော့လည်း အကောင်းတိုင်းကြီးပါလား။ကြည့်ရတာ အဖေ့အသက်နဲ့လဲလိုက်ရတော့..."

"ဝုန်း..!!"

"ခွေးမသား...!!သေသွားလိုက်..!!သေသွားလိုက်တော့..!!"

စားပွဲခုံပေါ်က နာမည်နဲ့ရာထူးရေးထားတဲ့ အလှဖန်ကျောက်ပြားနှင့် အရှေ့ကလူသားကိုပြေးရိုက်ကာ လည်ပင်းညှစ်နေသူကြောင့် အငယ်ကောင်ရော ဌာနကလူတွေပါ လာဆွဲရသည်။

Please  don't  change Where stories live. Discover now