Part-1(uni+zawgyi)

1.1K 17 0
                                    

Uni ver
နေပြည်တော်ရှိသာယာလှတဲ့ခြံလေးရှိတဲ့ အိမ်လေးတစ်အိမ်တွင်

ရီမောသံတွေညံပြီးမနက်စာစားနေတဲ့မိသားစု၀င်တွေ

အမေဖြစ်သူရဲ့ပြောစကားကြောင့်ရီနေတဲ့လူတွေအကုန်တိတ်ဆိတ်ကုန်ကြတယ်

"၁၀ရက်နေ့နင်တို့အမရန်ကုန်ပြန်ရင် သမီးတို့နှစ်‌ယောက်လိုက်သွားရမယ်နော် မေမေ သင်တန်းအပ်တာတွေအားလုံးကိုသမီးအမနဲ့အကုန်စီစဉ်ပြီးပြီ"

ညီအမနှစ်ယောက်လုံး၀အံ့ဩသွားကြတယ်

မနက်စာစားပြီးတော့အခန်းထဲကို၀င်ပြီးစာအုပ်ဖတ်နေတဲ့အချိန်

"ဖြူ မမတို့၀င်ခဲ့မယ်နော်"

"ဟုတ်"

"ဖြူ စိတ်ညစ်နေတာလား"

"စိတ်ညစ်စရာလားပျော်နေတာလေ ကိုကြီးနဲ့တွေ့ရတော့မယ်"

"အမလေး"
............

အကြီးဆုံးအမ ကြယ်စင် အလတ်မ ရတီ
အငယ်ဆုံးမောင်လေး အောင်ဘုန်း တို့ကဝိုင်းအော်လိုက်တဲ့အသံရယ်

နွေရာသီစတဲ့အချိန်တိုင်းမိသားစု၀င်တွေအားလုံးအိမ်ကိုပြန်လာပြီးစုံဖြစ်ကြတယ် အငယ်ဆုံးညီမလေးကတော့ ကျောင်းမှာပေါ့

အခုလည်း၁၀ရက်နေ့ဆိုအကုန်လုံးခွဲကြရပြန်ဦးမယ်

အကို..
ဧကရီ၁၅နှစ်ကတည်းကကြိုက်ခဲ့တယ်အကို
အကိုရဲ့သွားတက်လေး တစ်ခုချင်းစီသဘောကျခဲ့ရတယ် အသက်အရွယ်တွေကွာဟတယ်ပင်ပြောနေပါစေဧကရီကတော့၁၅နှစ်အရွယ်ကနေ၂၁အထိကြိုက်လာခဲ့တာအကိုတစ်ယောက်တည်းပင်

အကို့အကြောင်းကိုတွေးမိပြီးပြုံးနေတုန်း

"သမီး ပြင်ဆင်စရာရှိတာတွေပြင်ဆင်တော့လေ ဒီနေ့အမေတို့အပြင်သွားပြီးပစ္စည်းတွေဘာတွေသွား၀ယ်ရအောင် "

"ဟုတ်မေမေ သမီး ပြင်ဆင်လိုက်ဦးမယ် တံခါးပိတ်ပေးခဲ့ဦး"

ဧကရီလည်းတွေးနေမိတဲ့အကို့အကြောင်းကိုတစ်ခန်းရပ်ပြီး အပြင်သွားဖို့ပြင်ဆင်လိုက်ပါတော့တယ်

............

'အားလုံးပြင်ဆင်ပြီးကြပြီမလား "

"တံခါးတွေကောအကုန်ပိတ်ပြီးပြီလား"

Can I Get A Kiss(Complete)Onde histórias criam vida. Descubra agora