Part -9(uni + zawgyi)

224 5 0
                                    

Uni ver

Next day

"ကလေးမ ကိုရောက်ပြီ "

ဧကရီမနိုးခင်ပို့ထားတဲ့စာလေး

ဧကရီလည်းနိုးတော့ လိုင်းဖွင့်ဖွင့်ချင်း

"ရောက်ပြီတဲ့ အမယ်တကယ်ကြီးလိုက်လာတယ်ပေါ့"

ဧကရီလည်းမျက်နှာပဲသစ်‌လိုက်ပြီးအ၀တ်လဲလိုက်တယ်

ပြင်ဆင်စရာရှိတာပြင်ပြီးတော့ အဖွဲ့ကလူတွေစုမဲ့နေရာကိုထွက်လာခဲ့တာပေါ့

အဖွဲ့အကုန်စုလိုက်မှ လင်းထက်နဲ့ပြန်တွေ့တော့တယ်

လင်းထက်ကလည်းဧကရီ့အနားကိုရောက်လာပြီး

"၀တ်ထား‌တာလေကချစ်စရာလေးနော် လိုက်တယ်"

"ဟီး "

"အားလုံးပဲ ပျော်ပျော်ပါးပါးကဲကြ အပြန်တော့လူစုံပါစေနော် နေ့လယ်စာစားချိန်မှတွေ့မယ်"

ခေါင်းဆောင်ကပြောစရာရှိတာပြောပြီးသွာပြီမလို့အခြားသူတွေလည်း သူတို့သွားချင်တဲ့နေရာကိုသွားကြတော့

လင်းထက်က

"အတူတူသွားကြမလား"

"လင်းထက်မှာသူငယ်ချင်းမရှိဘူးလား"

"ရှိပါတယ် သူတို့ကသူတို့ကောင်မလေးတွေနဲ့လေကွာ"

"လင်းထက်ကကော ကောင်မလေးမရှိဘူးလား"

"မရှိဘူး ဗျ"

"ထားပါ ဧကရီနဲ့သူငယ်ချင်းလုပ်ကြမယ် တူတူလည်မယ် ဟုတ်ပြီလား"

ဧကရီနဲ့ လင်းထက်တို့ ကမ်း‌ခြေဘက်ကိုလမ်းလျှောက်လာခဲ့တယ်

"ဧကရီ့မှာကောင်လေးရှိလားဟင်"

"ကောင်လေးမရှိပါဘူး ဒါပေမယ့်ဧကရီကြိုက်နေတဲ့သူတော့ရှိတယ်"

"ဟာဟုတ်လား ပြောကြည့်ပါဦးသူကချောလား"

"သိပ်မိုက်တာ သူက"

"ဧကရီကြိုက်တဲ့သူက‌အရမ်းမိုက်တဲ့သူကြီးပဲ‌ဖြစ်မှာ‌ပါ"

"ဟီး ဒါပေါ့ ရည်းစားဖြစ်ရင်မိတ်ဆက်ပေးမယ်နော်"

"ဟုတ်ပါပြီဗျာ"

လင်းထက်လည်းဧကရီနဲ့သူငယ်ချင်းအဆင့်ကနေတက်ဖို့တော့မစဉ်းစားတော့ပါ ကိုယ်ကသူ့ကိုချစ်သလို သူကလည်းတခြားသူကိုချစ်နေတာမဆန်းပါဘူး

Can I Get A Kiss(Complete)Where stories live. Discover now