Part-2(uni+zawgyi)

404 14 0
                                    

Uni ver

ရန်ကုန်ရောက်သွားတော့

မကြယ်စင်ရဲ့တိုက်ခန်းကိုသွားလိုက်ကြ‌တာပေါ့

ရောက်တဲ့အချိန်ကညနေဘက်ဆိုတော့ တိုက်ခန်းအောက်ထပ်မှာရှိတဲ့ စတိုးဆိုင်ကနေ ခေါက်ဆွဲထုတ်တွေဝယ်ပြီးပြုတ်စားလိုက်ကြတာပေါ့

ခေါက်ဆွဲစားပြီးလို့ပန်းကန်ဆေး ပြီးအိပ်ရမယ့် အခန်းထဲကို၀င်လာခဲ့ကြတယ်

"ပင်ပန်းလိုက်တာ"

"အေးအေး မနက်ဖြန်အတွက်ဖိုက်တင်း"

"မနက်ဖြန် ငါကိုသန့်နဲ့သွားတွေ့မှာ နင်လိုက်မယ်မလား"

"လိုက်မှာ မကြယ်စင်တို့‌တွေ့ပြီးပြန်ရင် တစ်နေရာရာသွားကြမယ်လေ သင်တန်းတွေကနောက်အပတ်မှစဖွင့်မှာတဲ့"

"အေးအေးစိတ်ကြိုက်သာလုပ်"

ညီအမနှစ်ယောက်စကားတွေပြောနေတုန်း ရတီကတော့ဖုန်းနဲ့ပဲအလွမ်းသယ်နေခဲ့တာပေါ့

..............

Morning 🌅

ဧကရီနိုးလာတော့အကြီးမကြယ်စင်ကရေချိုးပြီးနေပြီ

ရတီကလည်းနိုးနေပြီ အဲ့တာနဲ့အမြန်ပဲရေချိုးအ၀တ်စားလဲလိုက်တော့တယ်

"မကြယ်စင် ငါတို့ဒီနေ့သွားကြမှာမလား"

"အေး ကိုသန့်ကကော်ဖီဆိုင်လှလှလေးရွေးပေးထားတယ်"

"သွားမယ်လေ အဲ့တာဆို"

'အေးအေး"

ရတီလည်းအကြီးနှစ်ယောက်ကိုပင်လိုက်မမှီတော့ပေ

☕☕

ကော်ဖီဆိုင်တွင်

"မကြယ်စင်နင့်ကိုသန့်ကကြာလိုက်တာ"

"သူ့သူငယ်ချင်းကိုခေါ်နေလို့နေမှာပေါ့"

"အေးထားပါတော့"

'ဒီဆိုင်ကထိုင်လို့ကောင်းတယ်နော် ခေါင်းမှီဖို့တောင်ပါသေးတယ် အိအိလေး"

"ဟဲ့ "

ရတီကတော့ကြယ်စင့်ကိုမပြောရန်တားလိုက်ပြီး

ခနအကြာ ကိုသန့်ရောက်လာတယ်

ကိုသန့်ကသူတို့အရှေ့ကဝိုင်းကိုလက်ပြလိုက်ပြီး "

Can I Get A Kiss(Complete)حيث تعيش القصص. اكتشف الآن