Part-7

656 11 0
                                    

  "ဟင်! ဟာ!!"

  'အမလေး! သွားပြီ သေပြီပဲ...'မသေလို့လည်း မရတော့ဘူး။သုတရဲ့အဖေနဲ့အမေက ဆိုဖာပေါ်မှာထိုင်ကာ စကားတစ်ခွန်းမှမပြောပဲ ရှေ့ကဒူးထောက်နေတဲ့နှစ်ယောက်ကိုပဲကြည့်နေတာ မမှိတ်မသုန်။မိနှင်းခမျာ့ ဒီနေ့ကျောင်းပိတ်ရက် မှူးတို့အိမ်သွားမယ်ဆိုပြီး ပြင်ဆင်နေတုန်း သုတအမေ ဒေါ်ယမုံက သုံးယောက်လုံးရောက်ရာအရပ်ကလာခဲ့ကြပါတဲ့။ကျန်တဲ့နှစ်ယောက်ကိုပါ ဖုန်းလှမ်းဆက်‌ခေါ်ပြီး က‌မြော‌က‌သောပြေးလာရလေသည်။

  အခုတော့ကြည့်ပါဦး။'ရူးချင်လာပြီ' တကယ်တော့ သုံးယောက်လုံး ပြန်ပြေးချင်နေပြီ။ဒူးထောက်တာတောင် ကောင်းကောင်းမထောက်ဖူး နှစ်ယောက်သားက တစ်ယောက်လက် တစ်ယောက်ကိုင်ထားကြသေးတယ်။'အမလေး!'ဒီအတိုင်းရပ်နေလို့တော့မရတော့။

  "မေမေလေး!!!"သုံးယောက်သားအသံက တပြိုင်ထဲ။စသိပါပြီဆိုကတည်းက ကိုယ်တွေအပေါ်အလိုလိုက်ကာ မိဘတွေနီးပါးချစ်ပေး၊ဂရုစိုက်ပေးကြတဲ့သူ‌တွေမို့ သုတမိဘတွေကို ဖေဖေလေးနဲ့မေမေလေးဟုအမြဲခေါ်ဖြစ်ကြသည်။ကိုယ်တွေအသံကြားတော့ ဟိုနွားက အားကိုးတဲ့အကြည့်ကြီးနဲ့။'လင်းသုတ နင်ဘာတွေမွှေပြန်ပြီလဲ'။

  "အမလေး လာကြပါဦး။လာကြပါ ၊ လာကြပါ ဒီနားကို သုံးယောက်လုံး"ချစ်ကြောက်ရိုသေရတဲ့သူတွေမလို့ ကြောက်မိတာတော့အမှန်ပင်။သုံးယောက်သား မေမေလေးဘေးကိုဝင်ထိုင်လိုက်ရသည်။

  "ပြော! သူတို့နှစ်ယောက်ပြောတာအမှန်ပဲလား"မေးခွန်းက ဘာကိုဆိုလိုမှန်းမသိပေမဲ့လည်း ကြောက်ကြောက်နဲ့တပြိုင်ထဲ ခေါင်းငြိမ့်မိလိုက်ကြသည်။

  ဒေါ်ယမုံ ခင်ပွန်းဖြစ်သူကိုကြည့်လိုက်တော့ 'မင်းသဘော'ဆိုတဲ့ပုံစံနဲ့ ခေါင်းတစ်ချက်ငြိမ့်ပြသည်။ဒေါ်ယမုံ ဆက်ခနဲ့မတ်တပ်ရပ်လိုက်တော့ သုံးယောက်သား တစ်ယောက်လက်ကိုတစ်ယောက်ကိုင်လိုက်တာ တင်းခနဲ့။'ရိုက်ခံရတော့မှာလား'။ရှေ့ကနှစ်ကောင်ကလည်း မော့ကြည့်လာတာများ ဆက်ခနဲ။

  "ထတော့ နှစ်ယောက်လုံး ဒူးထောက်မနေနဲ့တော့၊ လာခဲ့ဒီနားကို"သုတ အမေခေါ်တော့ ဟိုသုံးယောက်ဘေးမှာပဲ ဝင်ကာကပ်ထိုင်သည်။အရေးအကြောင်းဆို သူတို့သုံးယောက်ကပိုအားကိုးလို့ရတယ်လေ။အဖေဘက်ဝင်ထိုင်လို့ အထိုးခံရမှဖြင့်။

အသက်တမျှ...(Complete)Where stories live. Discover now