Part-9

384 14 0
                                    

'လူတစ်ယောက်ကို နာနာကျည်းကျည်း မုန်းပစ်၊မေ့ပစ်ဖို့အတွက် သုံးနှစ်ဆိုတဲ့အချိန်အတိုင်းတာက မလုံလောက်ပေမဲ့ ခံစားခဲ့ရတဲ့ နှလုံးသားလေးနဲ့စိတ်ဒဏ်ရာတွေကို သက်သာအောင်တော့ လုံလောက်ကောင်းပါရဲ့'

သုံးနှစ်တိတိရှိသွားခဲ့ပြီ...တစ်ယောက်သောသူထွက်သွားခဲ့တာဖြင့် သုံးနှစ်တောင်ရှိသွားခဲ့ပြီပဲ။နာကျည်းမုန်းတီးမိသည်...သုံးနှစ်လုံး တစ်ခါလေးတောင် မဆက်သွယ်လာသောသူကို။ တကယ်တော့ ကိုယ့်အပြစ်တွေမှန်းသိပေမဲ့လည်း စရံဆိုပြီးလက်စွပ်လေးတစ်ကွင်းပေးကာ ထွက်သွားခဲ့သူကို ပြန်လာဖို့ မျှော်လင့်နေမိဆဲပင်။

သုံးနှစ်ဆိုတဲ့အချိန်အတွင်းမှာ အဖြစ်အပျက်တွေအများကြီးဖြစ်သွားခဲ့တာပဲ။အသက် ကျောင်းထွက်ကာ စာရင်းကိုင်သင်တန်းပြောင်းတက်ခဲ့တယ်။သူ့နဲ့အတူအမှတ်တရ‌တွေ၊သူ့အ‌ငွေ့အသက်‌လေးတွေရှိတဲ့ နေရာ‌လေးမှာ အသက်မ‌နေချင်‌ပါ။အသက်ကျောင်းထွက်တော့ သုတတို့ကပါလိုက်ထွက်ပြီး သင်တန်းလိုက်တက်ကြသည်။

မင်းထက်နဲ့ဘုန်းခန့်ကလည်း ထွဋ်ကိုသွားရှာရင်း နိုင်ငံခြားမှာပဲ businessပိုင်းကိုပြောင်းလေ့လာကြသည်။တစ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာ ဘုန်းခန့်နဲ့မင်းထက်က 'T&M'နာမည်နဲ့ အမျိုးသားဝတ်အင်္ကျီထုတ်သည့် ကုမ္ပဏီတစ်ခုထောင်သည်။

'T&M'ကဘာအဓိပွါယ်လဲ‌မေးကြည့်တော့ 'သုတနဲ့မင်းထက်'ရဲ့အတိုကောက်စာလုံးတွေတဲ့။မင်းထက်က ချစ်တက်လိုက်တာ။ဘယ်လိုပဲဖြစ်ဖြစ် အသက်တို့လေးယောက်က 'T&M'မှာပဲ စာရင်းကိုင်ဌာနမှာ တစ်ဖွဲ့တည်းအတူတူအလုပ်,လုပ်ရသည်။အဲ့ဒါလည်း သုတက မင်းထက်ကို တငိုငိုတရီရီလုပ်ထားလို့ တစ်ဖွဲ့ထဲထားခြင်းသာ။သတိတော့ပေးထားပါတယ်'လေးယောက်ပေါင်းပြီးမွှေရင် လေးယောက်လုံးအလုပ်ထွက်တဲ့'...

အကြီးမားဆုံးပြောင်းလဲမှုကြီးကတော့ မေမေ...မေမေဆုံးတာ တစ်နှစ်‌ပြည့်တော့မည်။မေမေဆုံးတော့ အိမ်နဲ့ဝိုင်းကိုရောင်းကာ ကုမ္ပဏီနားမှာပဲ မင်းထက်တို့အကူအညီနဲ့ ကွန်ဒိုတစ်ခန်းဝယ်‌ကာ အဲ့မှာပဲပြောင်း‌နေလိုက်သည်။ဆိုင်ကို‌ ရောင်းမယ်လုပ်‌တော့ မေမေလေးက တစ်ခြားသူကိုမ‌ရောင်းပါနဲ့ သူပဲဝယ်မယ်ဆိုပြီးဝယ်သည်။ဆိုင်ရောင်းရတဲ့ပိုက်ဆံတွေရဲ့သုံးပုံနှစ်ပုံကို ဘိုးဘွားရိပ်သာကိုလှူကာ ကျန်တာကိုဘဏ်ထဲထည့်ထားလိုက်သည်။

အသက်တမျှ...(Complete)Where stories live. Discover now