Part-22

390 7 0
                                    

ကုမ္ပဏီကအပြန် ရေချိုးပြီး သူလေးအနားကပ်ကာ အနားယူတော့မယ်ဆိုမှ အကပ်မခံပဲရစ်နေသူ။‌ရေချိုးပြီးတာ နာရီဝက်၊တစ်နာရီရှိတော့မယ် ငဂျစ်လေးကြောင့် အခုထိ bathrobeနဲ့သာရှိသေးသည်။

"အသက်!"

မောင့်ရဲ့ ခေါ်သံက အော်လိုက်တာမျိုးမဟုတ်ပေမဲ့ တင်းမာနေတာတော့အမှန်။

"မောင်ကလည်း အိမ်မှာပဲအမြဲနေရတာပျင်းစရာကြီး"

အသက်က အိပ်ယာပေါ်မှောက်အိပ်ကာ ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း ဂျီကျနေတာ။

"ပျင်းရင် အစ်ကိုသုတတို့၊အစ်မတို့ကို အိမ်ကို အလည်‌ခေါ်လေ"

ကုတင်ဘေးက ခုံမှာခြေချိတ်ထိုင်နေတဲ့ မောင့်ကို စူပုတ်ပုတ်နဲ့ကြည့်လိုက်မိသည်။လေးယောက်သား အတူတူတစ်ဖွဲ့ထဲအလုပ်လုပ်ချင်လွန်းလို့ မင်းထက်ကို ဘယ်လောက်တောင်ပြောထားရလဲဆိုတာ မောင်မှမသိတာ။

အခုကျ သုတတို့သုံးယောက်က အလုပ်ဆက်လုပ်နေပြီး။အသက်ကျမှ မောင်က လုံးဝ ဘာအလုပ်မှမလုပ်ရဆိုပြီး အမိန့်ချထား၏။

"သူတို့နဲ့က ရုံးပိတ်ရက်မှတွေ့ရမှာလေ၊ဟော...အသက် ရုံးပြန်တက်တော့ သူတို့နဲ့အမြဲတွေ့ရသလို။မောင်နဲ့လည်း တွေ့ရတယ်လေ"

အလုပ်လေးလုပ်ရဖို့အရေး အ‌ချေအတင်ပြောနေရတာနဲ့တင် အလုပ်လုပ်ချင်စိတ်တောင်ပျောက်ချင်နေပြီ။

"အဲ့ဒါဆို မောင့်အတွင်းရေးမှူးလုပ်"

သူငယ်ချင်းတွေနဲ့ အတူတွဲလုပ်ချင်တာပါဆိုမှပဲ!

"မောင်ကလည်း..."

ငြီးငြီးငြူငြူအသံလေးကြောင့် ထွဋ်ခေါင် သက်ပျင်းတွေသာချမိနေတာ အကြိမ်ကြိမ်။ဘာအလုပ်မှမလုပ်စေချင်တာကိုသိရဲ့နဲ့ တောင်းဆိုနေတာ။ကိုယ်ရှာသမျှက သူ့အတွက်ချည်းပဲလေ။ဘာလို့များ သဲကြီးမဲကြီးအလုပ်လုပ်ချင်နေရတာလဲ။

ပျင်းရင် ကုမ္ပဏီကိုလိုက်လည်ဆိုလည်း မဟုတ်ရ။အလုပ်ပဲလုပ်ချင်တယ် တစ်တွက်တွက်ပြောနေတာ။

"ဒါဆိုလည်း သဘောတူညီမှုတစ်ခုယူကြတာပေါ့"

သဘောတူညီမှုဆိုတော့ စိတ်ဝင်တစားဖြစ်သွားတဲ့ အသက်ရဲ့မျက်ဝန်းတို့က လက်ခနဲ့။

အသက်တမျှ...(Complete)Where stories live. Discover now