Part1

27 1 0
                                    

ကျွန်တော်အခုထိမယုံနိုင်သေးဘူးအမေနဲ့အတူကိုးရီးယားကိုပြန်လာရလိမ့်မယ်လို့
ဒီနေရာကိုနောက်ထပ်ခြေမချနိုင်တော့ဘူးလို့ထင်ထားတာလောကကြီးကတယ်ဟာသပဲ
လေယာဥ်ကတဖြည်းဖြည်းနိမ့်ဆင်းသွားပြီ
ဦးတည်ရာနေရာသို့ရောက်လေပြီဒါပေမဲ့
ကျွန်တော်ကတော့အခုထိအတွေးလွန်နေတုန်းအမေငါ့ကိုလှုပ်မနိုးခင်အထိ
"သားလေယာဥ်ဆိုက်နေပြီ
ဘာတွေများအတွေးလွန်နေတာလဲ"
"ဘာမှမဟုတ်ပါဘူးအမေရာ
အမေရိကားမှာရှိတဲ့သူငယ်ချင်းတွေကို
နည်းနည်းသတိရသွားလို"
"အော် ဒါများသားရယ်ကိုးရီးယားမှာ
ကျောင်းတက်ရင်းသူငယ်ချင်းအသစ်တွေ
ထားလို့ရနေတာကို ဘာတွေများ
စိတ်ပူပန်သောကတွေများနေတာလဲ"
အမေကလဲအားပေးရှာပါတယ်ကျွန်တော်လဲ
တွေးနေတာတွေကိုရပ်လိုက်ပြီးအမေနဲ့အတူ
လေယာဥ်ကွင်းမှထွက်ခွာ ရန်ကြိုးစားပါတော့သည်

A few hour
"အမလေးမောလိုက်တာ ဟယ်"
အထုတ်တွေချရင်းအမေကညီးလေတယ်
ကျွန်တော်လဲအမေ့ဘေးနားမှာဝင်ထိုင်ပြီး
"အမယ်လေးအစ်မကြီးရယ်အသက်တွေကြီး
လာလို့အမောမခံနိုင်တော့တာလား"
ကျွန်တော့်ဘက်ကစနောက်ရင်းပြောလေတော့အမေကစိတ်ဆိုးသလိုဟန်ဆောင်ကာ
"နင့်အမေက၄၀ကျော်၅၀နားကပ်နေပြီလေ
မမောဘဲနေပါ့မလား"ဆိုပြီး
ကျွန်တော့ခေါင်းကိုမနာအောင်ဟန်ပြသဘောမျိုးဖြင့်သာ သာသာလေးခေါက်လေသည်
ကျွန်တော်လည်းအမေ့ရင်ခွင်ထဲဇွတ်တိုးဝင်ကာ"အမေကလဲကိုယ့်သားတစ်ယောက်တည်းရှိတာကိုဘာလို့ခေါင်းကြီးပဲ
ခေါက်ချင်နေတာလဲ"
"ငါမွေးထားတာနင်တစ်ယောက်ထဲလေ
နင့်မခေါက်တော့ဘယ်သူ့ကိုသွားခေါက်ရမှာလဲ"လေသံမာမာဖြင့်စိတ်ဆိုးသလိုပြောပေမဲ့အမေစိတ်မဆိုးမှန်းသူ့တစ်ဦးတည်းသောသား​ဖြစ်တဲ့ကျွန်တော်ကမသိပဲနေမလား
"ဟုတ်ပါတယ်သားကတစ်ယောက်ထဲ
မွေးထားတော့ဒီသားခေါင်းမှမခေါက်ရတော့
ဘယ်သူ့သွားခေါက်ရမှာလဲနော်"ဆိုပြီးချစ်စဖွယ်အမူရာလေးနဲ့အမေ့၏လက်ကိုသူ့
ခေါင်းပေါ်တင်ပေးလေသည်ဒီတစ်ခါတော့အမေကမခေါက်တော့ဘဲသူ့အညိုရောင်
ဆံပင်လေးတွေကိုသာသာလေး သာဖွပေးလေသည်
"ငါ့သားလေးကိုမခေါက်ရက်ပါဘူး
ဒါနဲ့သားလအမေကျောင်းလျှောက်ထားပြီးပြီနော်မနက်ဖြန်သားကျောင်းသွားရတော့မယ်"
"တစ်ပါတ်လောက်နေမှသွားလို့မရဘူးလား
ဒီနေ့မှရောက်တာကိုမနက်ဖြန်ကျောင်းသွားရမယ်ဆိုတာကြီးကတော့မဟုတ်သေးပါဘူးအမေရာ"အမေ့ရင်ခွင်ထဲမှာရုန်းထွက်ကာပြောလေတော့
"မရဘူးလေးသား
သားကစာသင်နှစ်ဝက်ကြီးမှာ
ပြောင်းလာတာလေဒီကျောင်းမှာတက်ခွင့်
ရအောင်အမေက မနဲပြောထားရတာ"
ဒီလိုဆိုမှတော့ကျွန်တော့်ဘက်ကပဲ
ဆက်ငြင်းစရာသတင်းအချက်လက်မစုံလင်တော့မျက်နှာငယ်လေးနဲ့ပဲ
"ဟုတ်ပါပြီအမေရယ် ဒီလိုဆိုမှတာ့
မနပ်ဖြန်ကျောင်းသွားရတော့မှာပေါ့"
"လိမ္မာလိုက်တဲ့မေ့သားလေး"
ကျွန်တော့်မျက်နှာကိုဆွဲယူပြီးအမေကပါးပေါ်သို့အနမ်းခပ်ပါးပါးလေး​ပေးလေသည်

Next Day
မှန်ပေါ်မှကိုယ့်ပုံရိပ်ကိုဘယ်ညာတစ်လှည့်စီကြည့်ရင်းတော်တော်သဘောကျနေလေသည် ရှေ့ဆံပင်လေးကိုလက်ချောင်းလေးထိုးကာဖွလိုက်ရင်းမနက်သာစားရန်အောက်ထပ်လို့ဆင်းလာရင်းအမေ့ကိုတွေ့လိုက်သည့်အခါ
"Good Morning Mom"
"Good Morning my love
မနက်စာရပြီစားသွားဦး စားပြီးမှအမေကျောင်းလိုက်ပို့မယ်လေ"
"ရပါတယ်အမေ့အလုပ်ကိုသာအရင်သွား
သားဘာ သာသားBusစီးပြီးသွားလိုက်မယ်"
"ဟယ်ဘယ်ဖြစ်မလဲသားရဲ့ကိုးရီးယားကိုခုမှစရောက်တာသားကဘာနားလည်ဦးမလဲ
မနက်စာသွက်သွက်လေးစား
ပြီးရင်အမေလိုက်ပို့မယ်"
ဒီလိုပြောနေမှတော့ကျွန်တော်လဲဆက်ငြင်းမနေတော့ဘူးမနက်စာကိုခပ်သွက်သွက်လေးစားပြီးအပေါ်ထပ်မှလွယ်အိတ်အားတက်ယူကာကားထဲဝင်သွားစောင့်နေလေသည်

School
"အမေသားကိုဒီထိလိုက်ပို့ရင်ရပြီ
ကျောင်းထဲထိလိုက်ပို့စရာမလိုဘူး
သားဘာ သာသားမေးပြီးသွားလိုက်မယ်"
"ရပါ့မလားသားရဲ့"
"ရပါတယ်အစ်မကြီးရယ်ဒီလိုသာဆက်
ခေါင်းမာနေမယ်ဆိုရင် အစ်မကြီးအလုပ်နောက်ကျတော့မှာနော်"
အမေတစ်ချက်တွေဝေသွားကာ
"ဒါဆိုလဲအမေလိုက်မပို့တော့ဘူးနော်
ကျောင်းဆင်းရင်ဖုန်းဆက်လိုက်
အမေလာကြိုပေးမယ်"
"ဟုတ်ပါပြီအစ်မကြီးရယ်"
ကားပေါ်မှဆင်းကာကျောင်းထဲသို့တစ်လှမ်းချင်းချီတက်လေသည်

ကလင် ကလင် ကလင်
ကျောင်းတက်ခေါင်းလောင်းထိုးသည်နှင့်
ကျောင်းဝန်းအတွင်းရှိကျောင်းသူကျောင်းသားများသည်အတန်းရှိရာသို့အလျင်အမြန်ပြေးလွှားနေကြသည်
ထို့နောက်ဆရာမတစ်ဦးကအတန်းများရှိရာစင်္ကြန်ဘက်သို့ခြေလှမ်းမှန်မှန်ဖြင့်လမ်းလျှောက်လာလေသည် သာမန်နေ့တွေနဲ့
မတူစွာဖြင့်ယနေ့တွက်ထိုဆရာမ၏အနောက်၌ကျောင်းသားတစ်ဦးပါနေလေသည်အတန်းတံခါးကိုဖွင့်ပြီးဝင်ပြီးသည်နှင့်အသံကျယ်ကျယ်ဖြင့်
"အားလုံးတိတ်တိတ်နေကျမယ်
ဒီနေ့ကျောင်းသားသစ်ရောက်တယ်
ကောင်လေးဝင်လာခဲ့လေ"
ထိုကောင်လေးမှာတရွေ့ရွေ့ဖြင့်သွားကာအတန်းရှေ့တွင်ရပ်လျက်
"ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လေ"
"မင်္ဂလာပါ ငါ့နာမည်ကJay
Jay Changလို့ခေါ်ပါတယ်
အမေရိကားကနေလာတာပဲနောက်လဲ
စောင့်ရှောက်ပေးကြပါဦး"

First LoveWhere stories live. Discover now