Part 2

14 2 0
                                    

ARMADAကျောင်းဝန်းကြီးထဲသို့အရှိန်ပျင်းစွာမောင်းနှင်လာသောကားတစ်စီး ထိုကားအားမောင်းနှင်လာသူသည်မည်သူ့ကိုမှလူမထင်သောမျက်နှာပေါက်နဲ့အရှိန်တင်၍သာမောင်းနှင်လေလာသည် ကျောင်းသားများသည်လည်းဤအဖြစ်အပျက်ကိုကြိမ်ဖန်များစွာမြင်ဖူးထားပေမဲ့ကြောက်လန့်၍သာဘေးသို့ကပ်နေကြလေသည်
ထိုနောက်တွင်ထိုကားထဲကကောင်ငယ်လေးတစ်ယောက်ကပျင်းရိနေသောပုံစံဖြင့်ကားထဲမှဖြည်းညင်းစွာထွက်လာလေသည်
"တစ်နေ့တစ်နေ့ဒီကျောင်းကြီးပဲ
တက်နေရတာအလုပ်ကိုရှုပ်နေတာပဲ
အိမ်မှာပဲgameဆော့နေလို့ပဲ
မရဘူးလားကွာ"
တစ်ယောက်တည်းရေရွတ်၍ပါးစောင်အားလျှာဖြင့်ထိုးလေသည် ထိုကောင်လေးမှာတစ်ခြားသူတော့မဟုတ်ARMADAကျောင်းကြီးရဲ့အဓိကလှူတန်းသူ Yoon Jung Seok ရဲ့တစ်ဦးတည်းသောသားYoon Jong Wooပေဖြစ်ပေသည် အဖေ့ရဲ့အရှိန်အဝါနဲ့မိုက်နေသောကျောင်းသားတစ်ဦးလည်းဖြစ်နေသည်ကိုတော့ထည့်မပြော၍လည်းမဖြစ် စာသင်ချိန်အိပ်နေလျှင်တောင်ဘယ်ဆရာ ဆရာမမှဆူရန်သတ္တိမရှိ အိမ်သာထဲဆေးလိပ်သောက်နေရင်တောင်ဘယ်ကျောင်းသားမှမတိုင်ရဲ့ အစွန်းစွင်ဆုံးပြောရရင်သူစိတ်မကြည်လို့ကျောင်းသားတစ်ဦးဦးအားရိုက်နှက်လျှင်တောင်ပြန်ခုခံရန်ထိုကျောင်းသားမှာအင်အားမရှိ ဒါကြောင့်ကျောင်းသား ကျောင်းသူများသည်Yoon Jong Wooအားတွေ့သည်နှင့်ဝေးဝေးကသာရှောင်ဖယ်သွားကြသည် ယခုလဲအတန်းထဲဝင်သည်နှင့်နောက်ဆုံးတန်းသို့သွားကာခုံပေါ်သို့လွယ်အိတ်ချကာမှောက်ရပ်အိပ်နေသည် Jong Wooအိပ်နေသည်ကိုမြင်သောအခါအတန်းသူ အတန်းသားများသည်မည်သည့်အသံမျှမထွက်ရဲပေ Jong Wooစိတ်မကြည်လာရင်လူရိုက်တက်ကြောင်းသူတို့သိနှင့်ပြီးသားဖြစ်ပေ
"အားလုံးတိတ်တိတ်နေကျမယ်
ဒီနေ့ကျောင်းသားသစ်ရောက်တယ်
ကောင်လေးဝင်လာခဲ့လေ"
တိတ်ဆိတ်နေသောအခန်းကိုမှထပ်ပြီးတိတ်ဆိတ်ခိုင်းနေသောအခါသူတို့ကအသက်တောင်မရှုပဲနေရတော့မှာလား
"ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လေ"
"မင်္ဂလာပါ ငါ့နာမည်ကJay
Jay Changလို့ခေါ်ပါတယ်
အမေရိကားကနေလာတာပဲနောက်လဲ
စောင့်ရှောက်ပေးကြပါဦး"
Jong Wooသည်အသံကြား၍မေ့ကြည့်လိုက်သောအခါအချိန်များသည်ရပ်တန့်သွားသည်ဘေးလူ၏လှုပ်ရှားမှုများသည်လည်းနှေးကွေးသွား၍ကိုယ့်နှလုံးခုန်သံကိုလဲပြန်ကြားနေ၍သည်အထိကျယ်လောင်နေသည်ဒါသာမန်တော့မဟုတ်တော့ချေ ဒီအတိုင်းအတန်းရှေ့မှာကောင်လေးတစ်ယောက်ပြုံး၍ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်နေသည် နေရောင်ခြည်သည်လဲကောင်လေးပေါ်ဖြာကျနေကာထိုကောင်လေး၏အပြုံးကိုပိုမိုတောက်ပအောင်ပံ့ပိုးပေးနေသည့်အလားပင်
ထိုကောင်လေးသည်လည်းမျက်လုံးများမှိတ်ကျလောက်အောင်ပင်ပြုံးပြနေလေသည်ကျွန်တော်တစ်ယောက်တည်းကိုပဲပြုံးနေသည်မဟုတ်တာကတော့ဝမ်းနည်းစရာပင်ကျွန်တော့၏လှပလောက်သောထိုအခိုက်အတန့်အားဖျက်စီးလိုက်သူမှာအတန်းပိုင်ဆရာ၏ကျယ်လောင်သောစကားသံပဲဖြစ်လေသည်
"ကျောင်းသားသစ်ဟိုးထောင့်ဆုံးကနောက်ဆုံးတန်းကရီရင်ဒုတိယတန်းမှာတွေ့လား အဲ့ကောင်လေးရဲ့ဘေးမှာသွားထိုင်ချည်"အတန်းပိုင်ဆရာကငါ့ဘေးမှာလဲခုံလွတ်နေတာမမြင်ဘူးလားဒီဆရာတော့ကျောင်း​ထွက်ရတော့မဲ့အငွေ့သက်တွေရနေပြီထိုအချိန်မှာပင်ကောင်လေး၏စကားသံကိုထပ်မံကြားလိုက်ရသည် သူ့ကိုရည်ရွယ်ပြီးပြောတဲ့စကားသံမဟုတ်ပေမဲ့လို့
"မင်္ဂလာပါ jay Chang လို့ခေါ်ပါတယ်
နောက်လဲသူငယ်ချင်းဖြစ်မှာဆိုတော့Jayလို့ပဲခေါ်ပါ"
Jayကညာဘက်လက်တစ်ဖက်ကိုဆန့်ထုတ်ပြီးမိတ်ဆက်လိုက်တော့ တစ်ဖက်မှလူက
"ငါ့နာမည်ကTagပါ
နောက်လဲရင်းရင်းနှီးနှီးနေကြတာပေါ့"
ဆိုကာJayရဲ့ညာလက်ကိုဆွဲကိုင်ကာနှုတ်ဆက်လေသည် ထို့နောက်တွင်Jayသည်နောက်တန်းထိုင်နေသောJong  Wooဘက်သို့ခန္ဓာကိုယ်ပါလှည့်ကာထပ်မှန်၍နှုတ်ဆက်လေသည်
"မင်္ဂလာပါJayလို့ခေါ်ပါတယ်"
နှုတ်ဆက်ကာလက်ဆန့်ပေးလိုက်တော့Jayဘေးမှာထိုင်နေသောTagသည်Jayအတွက်ရှိသမျှဘုရားတွေစီသာလှည့်၍ဆုတောင်းပေးနေတော့သည်ဘယ်လို့သတ္တိမျိုးနဲ့ကျောင်းရဲ့နတ်ဆိုးကိုမှသွားနှုတ်ဆက်နေတာလဲခုမှကျောင်းသစ်တက်ခုကျောင်းထွက်ရတော့မယ်လို့Tagကထင်နေလေသည်ဒါပေမဲ့Tagထင်ထားသည်နှင့်ကွဲလွဲစွာJong Woo သည်Jayလက်အားဆုပ်ကိုင်၍ပြန်လည်မိက်ဆက်လေသည်
"Jong Wooလို့ခေါ်လို့ရပါတယ်
ခေါ်ရမှာရှည်ရင်တော့ ဒါလင် လို့ခေါ်ပေါ့"
Jong Wooသည်ရီသဲ့သဲ့ပြုံးကာJayလက်အားဖြည်းညင်းစွာပွတ်သပ်လေတော့Jayသည်ကြောက်လန့်တကြားပင်Jong Wooလက်ထဲမှသူ့လက်ကိုအမြန်ဆွဲထုတ်ကာရှေ့သို့ပြန်လှည့်သွားလေသည် နောက်မှာကျန်ခဲ့သောJong Wooသည်Jayကိုင်ခဲ့သောသူ့လက်အားညင်ညင်သာသာလေးနမ်း၍တစ်ယောက်တည်းတီးတိုးရေရွတ်လေသည်
"နေ့တိုင်းကျောင်းလာရမဲ့အကြောင်းအရာ
လေးတော့တွေ့ပြီထင်တယ်"

First LoveWhere stories live. Discover now