Part 3

18 3 0
                                    

ဆရာသည်အရှေ့ကနေကျောင်းသားကျောင်းသူများနားလည်အောင်စာကိုသေချာစိတ်နှစ်၍ရှင်းပြလေသည်သို့သော်သူဘယ်လောက်ပဲစာကိုသေချာစိတ်နှစ်၍ရှင်းပြနေပါစေနောက်ဆုံးတန်းမှာထိုင်နေသောJong Woo၏မျက်လုံးများသည်Jay၏ကျောပြင်တွေသာတည်ရှိနေလေသည် စာသင်ချိန်တစ်ချိန်လုံးတစ်နေရာမှပြောင်းလဲမသွားဘဲတည်ရှိလေသည်တဖြည်းဖြည်းနဲ့စာသင်ချိန်ကုန်ဆုံးလာတော့မည်နှင့်အမျှကျောင်းသားကျောင်းသူများသည်လဲအတန်းဆင်းရန်သာလောနေပေတော့သည်
ကလင် ကလင် ကလင်
"ဒီနေ့တော့ဒီလောက်လဲ"
ဆရာကပြောပြီးအတန်းထဲမှထွက်သွားလေသည် ကျောင်းသားကျောင်းသူများသည်လည်းဝရုန်းသုံးကားဖြင့်ကျောင်းကန်တင်းသို့သွားကြလေသည်Tagသည်လဲJayဘက်လည့်ကာမျက်မှန်ကိုပင့်တင်လျက်
"Jayနေ့လည်စာအတူစားရအောင်လေ
မင်းကခုမှကျောင်းသားသစ်ဆိုတော့
ကျောင်းကနေရာတွေသိသေးမှာမဟုတ်ဘူး
ငါလိုက်ပြပေးမယ်"
"ဒါဆိုလဲကောင်းသားပဲလေ
အတူတူနေ့လည်စာသွားစားကြတာပေါ့"
Jayသည်အမေရိကားမှာအနေကြာနေပြီဖြစ်တဲ့အတွက်life styleသည်လဲအမေရိကားလိုသာဖြစ်နေလေသည် ထို့ကြောင့်ဒီနေ့မှစသိတော့Tag၏ပခုံးပဲလက်တင်၍နေလည်စာစားရန်သွားလေသည် Jayရင်ခွင်ထဲရောက်လုနီးဖြစ်နေသောTagကလဲဘာမှမပြောပေသို့သော်သူတို့ထွက်သွားတာကိုကြည့်နေသောJong Wooသည်သူတို့ထွက်သွားသည်နှင့်စားပွဲခုံကိုလက်နဲ့ထုလျက်တောက်ခေါက်လေသည် အတန်းထဲ၌ကျန်နေသောကျောင်းသားများသည်လဲJong Wooဒေါသထွက်သည်ကိုမြင်သည်နှင့်အလျင်မြန်ဆုံးအတန်းထဲမှထွက်သွားကျသည်

ကျောင်းကန်တင်းတွင်

Jayနှင့်Tagသည်စာပွဲတစ်လုံးပေါ်တွင်မျက်နှာချင်းဆိုင်ထိုင်လျက်နေ့လည်စာအတူစားနေကြသည် ထိုအချိန်တွင်ကျောင်းကန်တင်းသို့Jong Wooပျင်းရိစွာဝင်ရောက်လာသည်သူများတွေလိုနေ့လည်စာကိုတန်းနေစရာမလိုပဲသူ့အတွက်ကျောင်းကန်တင်းမှတာဝန်ရှိသူများသည်Jong Wooအတွက်နေ့လည်စာသပ်သပ်ပြင်ပေးထားပြီးပြီဖြစ်သည်Jong Wooသည်သူ့အတွက်ပြင်ပေးထားသောနေ့လည်စာဘူးကိုယူ၍Jayဘေးတွင်ကပ်ထိုင်လေသည်ကျောင်းသားကျောင်းသူများသည်ဘာဆက်ဖြစ်မလဲဆိုတာကိုစိတ်ဝင်စားနေကြသည် သို့သော်သူတို့ထင်ထားသည်နှင့်ပြောင်းပြန်Jong Wooသည်ဘာပြဿာနာမှမရှာပဲအေးအေးလူလူပဲနေ့လည်စာကိုစားနေလေသည်တစ်ချက်တစ်ချက်Jayပန်ကန်ထဲအသားဖွများထည့်ပေးသည်မှလွဲ၍
"အသားများများစား ဒါမှကောင်းကောင်း
အရပ်ရှည်လာမှာ"
Jay၏ခေါင်းအားပွတ်လျက်ပြောလေသည်
"မဟုတ်လဲအရပ်ရှည်ပြီးသားပါနော်
ငါကအမေရိကန်သွေးတစ်ဝက်ပါတဲ့ဟာကို"
"ဟုတ်ပါပြီHoneyရယ်"
Jayခေါင်းပေါ်ကလက်ကိုချ၍ပြောလေသည်
"ငါ့ကိုအဲ့လိုမခေါ်နဲ့မကြိုက်ဘူး
မင်းလဲယောင်္ကျား ငါလည်းယောင်္ကျားပဲ"
"ဟုတ်သားပဲမင်းလဲယောင်္ကျား
ငါလည်းယောင်္ကျား တစ်နေ့မင်းက
ငါ့ယောင်္ကျားဖြစ်မှာ မင်းကိုHoneyလို့မခေါ်စေချင်ရင်ကိုယ့်ကို ဒါလင် လို့ခေါ်လေ"
"ဟျောင့် သေတောင်မခေါ်ဘူး"
Jong Wooသည်Jayရဲ့စကားကြောင့်ရယ်မိသည် သူ့တိူ့နှစ်ယောက်စနောက်၍စကားပြောနေကျရာရှေ့ကTagအားသတိမထားမိပေ Tagသည်လက်ထဲကတူအားကျစ်ကျစ်ကိုင်လျက်မျက်နှာမပြောင်းလဲပဲထမင်းအားအေးအေးလူလူစားနေလေသည်သာမန်ထက်မျက်နှာပိုတည်ထားသည်မှလွဲ၍ ထိုအချိန်တွင်
"Hyung!!"
ကောင်လေးတစ်ယောက်၏အသံကိုကြားလိုက်ကြရသည် အလင်းထက်မြတ်သောအရှိန်နှင့်ထိုင်နေသောJong Woo၏ပခုံးအားနောက်မှလှမ်းဖက်လိုက်သည်
"Hyungကျောင်းမတက်တော့ဘူးတောင်
ထင်နေတာ အမြဲကျောင်းမှာရှိမနေဘူး
ခုလဲဦးလေးဆူလိုက်လို့ကျောင်းကို
လာတာမလား သိသားပဲ
ဦးလေးသာမဆူရင်ကျောင်းကိုလာမှာတောင်
မဟုတ်ဘူး"
လူကိုတွေ့သည်နှင့်စကားကိုမရပ်တန်းပြောသူမှာတခြားသူတော့တော့မဟုတ်Jong Wooရဲ့ညီဝမ်းကွဲYedamပင် ကိုယ်ကသူလိုကျောင်းကိုနေ့တိုင်းလာရအောင်မှာကျောင်းမှာcrushရှိနေတာမှမဟုတ် အဲခုတော့ရှိရင်ရှိလာမှာပေါ့
"Yedamရာမင်းလာတာနဲ့နားညီးလိုက်တာ
ငါ့အဒေါ်ကမင်းကိုငယ်ငယ်က
ဘာတွေများ​ကျွေးခဲ့လို့အဲ့လောက်
စကားများရတာလဲ"
"Hyungကလဲဒီညီလေးကိုပဲပြောဖို့
ချောင်းနေတာပဲ ဒါနဲ့Hyungဘေးမှာထိုင်
နေတာဘယ်သူလဲ ဒီကျောင်းမှာ
မမြင်ဖူးပါဘူး"
Yedamသည်Jayဘေးသို့ခုံဆွဲကာမျက်နှာချင်းကပ်လျက်ပြောလေရာ Jong Woo
သည်Yedamနှင့်Jayကြားဝင်လျက်
"သူကဒီနေ့မှရောက်တဲ့ကျောင်းသစ်လေ"
"အော် ဒါဆိုလဲကျောင်းမှာပျော်ပျော်နေနော်"
Jayကိုပြုံး၍ပြောကာJong Wooဘက်လှည့်၍
"Hyungကျွန်တော်သွားတော့မယ်နော်
ခဏနေSeong Min Hyung
လေ့ကျင့်ရေးဆင်းတော့မှာမလို့"
Yedamသည်Jong Wooအားနှုတ်ဆက်ပြီးသည်နှင့်အားကစားဌာန သို့လျင်မြန်သောအရှိန်နှင့်ပြေးလေသည် Jong Wooသည်သူ့ညီစပ်စလူးအားကြည့်၍သက်ပြင်းချရန်သာတက်နိုင်လေသည်
ထို့နောက်တွင်သူတို့သီးသီးနေ့လည်စာစားပြီးနောက်အတန်းရှိရာကိုသာပြန်ကြလေသည်စာသင်ချိန်အားလုံးကုန်ဆုံးသည်နှင့်ကျေင်းသားကျောင်းသူများသည်လွယ်အိတ်အားလွယ်လျက်အသီးသီးကျောင်းဆင်းသွားကြသည်သို့သော်Jayအတွက်မူကျောင်းဆင်းချိန်တွင်ကျောင်းအနောက်ဘက်လမ်းကြား၌မမြင်သငိ့သောအရာအားမြင်လိုက်ချင်းပေ

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Mar 17 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

First LoveDove le storie prendono vita. Scoprilo ora