Part4

1 0 0
                                    

ချစ်သောငယ် (သံယောဇဉ်ဖြင့်နှောင်ဖွဲ့သော)

အပိုင်း4

"အစ်ကိုဆိုင်ခနစောင့်ထားကျွန်တော်စတိုခန်းထဲမှာဘာတွေလိုလဲစာရင်းလုပ်လိုက်အုန်းမယ်"

"ဝေရန်ငါလုပ်လိုက်မယ်မင်းရောင်းလိုက်"

ဘာလို့.....

ရတုစတိုးဆိုင်ထဲလူမိုက်ရုပ်နဲ့ဝင်လာတာကြောင့်နားလည်လိုက်သည်။အထွန့်တတ်မနေတော့ဘဲလက်ခံလိုက်သည်။

"ပြီးရောအစ်ကို"

"ဟျောင့်ဝေရန်"

"ပဲနို့ကတ်လိုက်ပေး"

"အင်းမင်းလက်က​သွေးတွေကဘာဖြစ်တာလဲ"

"ဘာဖြစ်ရမှာလဲလမ်းထိပ်ကခွေးတစ်သိုက်ကိုဆုံးမလာတာ
ခွန်းစစ်မရှိတော့ရန်ဖြစ်ရမဲ့သူမရှိတော့ဘူးပျင်းလိုက်တာ"

"သတိရနေတယ်ပေါ့"

"နည်းနည်းပေါ့သွားမပြောနဲ့အုန်းလေပေါ်မြှောက်သွားအုန်းမယ်"

"မင်းကတော့ခွန်းစစ်ကိုလိုက်စနေတော့တာပဲ
ပြီးရင်နိုင်တာလည်းမဟုတ်ဘူးဟိုကလုပ်လည်းမင်းပဲခံရတာပဲကို"

"ငယ်သေးလို့တကယ်မလုပ်တာပါကွာ"

"ကျော်ကြီးကဘာလိုက်လုပ်တာလဲ"

"ဂုန်းလာဆင်းတာရတုဝယ်ကျွေးမယ်ဆိုလို့"

ကောင်းပကွာအော်ဒါနဲ့သကြန်ကျရင်လာကူကြအုန်းမကူရင်.....

"အစားလား"

"ကျော်ကြီးမင်းကတော့စားမယ်ဆိုတာကြီးပဲ"
ရတုပြောကာရှိသေးမုန့်ကိုဖောက်စားတာကြောင့်ကျွန်တော်လည်း

"ငွေမရှင်းရသေးပဲမဖောက်နဲ့အငတ်ရဲ့"

"ရတုငွေရှင်းလိုက်"
​ေကျာ်ကြီးအကျင့်အတိုင်းလက်ပါပြီးစကားပြောတတ်တာကြောင့်ရတုလက်မောင်းကိုဖက်ကနဲ့ရိုက်လိုက်မိသည်။
ရတုကဓာတ်ကူးပစ္စည်းဗျသူအသားကိုတစ်ခုခုကလာရိုက်ရင်ရိုက်တဲ့လူကိုလည်းပြန်ရိုက်ပြီးသားသူကိုယ်တိုင်လည်းထိန်းမရဖြစ်နေတတ်သည်။
ကျော်ကြီးပုခုံးကိုအုန်းခနဲ့မြည်အောင်ရိုက်ချလိုက်သည်။

ချစ်သောငယ် (သံယောဇဉ်ဖြင့်နှောင်ဖွဲ့သော)  Where stories live. Discover now