Part7

4 0 0
                                    

စနေနေ့ကွဒါပဲအလုပ်သွားစရာမလိုဘူး
ကလေးတွေကျောင်းပိတ်ရက်ပျော်သလိုကိုပျော်နေမိသည်။

"ဝေရန်သားဆံပင်ညှပ်လိုက်ပါလား"

အမေစကားကြောင့်ခေါင်းခါမိကာမုန့်သာဆက်စားနေလိုက်သည်။

"အစ်ကိုဆံပင်ညှပ်လိုက်ပါလားဆံပင်ပုံစံကမုဆိုးမလင်7ယောက်ပစ်တဲ့ကေနဲ့"

"ဟာနင်ဟာလေအစ်ကိုကိုအစ်ကိုကိုမှန်းမသိဘယ်လိုတွေပြောနေတာ...."

"သားဆံပင်လေးညှပ်လိုက်ပါအဖေပိုက်ဆံပေးပမယ်ကေပြောင်းလိုက်ပါကြည့်ရတာတော်တော်မျက်စိဆံပင်မွှေးစူးလို့"

"မညှပ်ချင်ပါဘူးအဖေကလည်းတော်ပြီအလုပ်သွားတာပဲကောင်းတယ်"

.
.
.
.
.
.
"အစ်ကိုကျွန်တော်ဆံပင်ကဘယ်လိုဖြစ်နေလဲ"

"ညှပ်လိုက်ဘာကေမှန်းမသိဘူးစော်ပစ်ကောင်ကေနဲ့"

"ဟာအစ်ကိုကတစ်မျိုး"

ရတုဝင်လာပြီးပဲနို့ကတ်လိုက်မကာပိုက်ဆံရှင်းနေပြီး
"ဗုဒေ္ဓါဒီကိုယ်တော့စနေနေ့ကိုကြွမြန်းလာပါရောလား"

ရတုငါဆံပင်.....

"ညှပ်လိုက်မုဆိုးမကလေး7ယောက်အမေကေနဲ့တော်တော်ကြည့်ရဆိုးတယ်"

မညှပ်ဘူးလုံးဝပဲဘာလဲငါဘာသာဘာကေဖြစ်ဖြစ်ပေါ့လာပြီတော့စိတ်တိုတိုဖြင့်အော်ပစ်လိုက်မိသည်။စိတ်တိုလည်းတိုချင်စရာပဲလေဆံပင်ကေကဘာအရေးကြီးလို့လဲ

ဝဿန်ဆိုင်ထဲဝင်လာသည်နှင့်ခုံပေါ်လက်ထောက်ကာ"ဘာလာလုပ်တာလဲနင့်ကိုမရောင်းဘူးပြန်အခြားဆိုင်မှာသွားဝယ်"

"သူ့ငါ့အစ်ကိုကမရောင်းဘူးတဲ့"

"ခင်ဗျားဆိုင်မို့လို့လားလာပြီးတော့"

"စွာတေးလေးကိုတော့ရောင်းမှာပေါ့"

"ကျုပ်ကိုအဲလိုမခေါ်နဲ့လို့သူများနာမည်ကိုဖျတ်လို့ဖျတ်စီးနဲ့ပြန်ခေါ်မှမအော်နဲ့"

"ပြောဘာပြောမှာလဲခေါ်ကြည့်လေ
စွာတေးလေးရဲ့"

မခေါ်ရဲလောက်ဘူးအထင်နဲ့ရန်စလိုက်မိသည်။

ချစ်သောငယ် (သံယောဇဉ်ဖြင့်နှောင်ဖွဲ့သော)  Kde žijí příběhy. Začni objevovat