ကျွီ"
အိမ်ထောင်ပရိဘောဂများသယ်ဆောင်လာသောကားကြီးက ခြံတစ်ခြံ၏အရှေ့၌ရပ်လိုက်တာနဲ့တစ်ပြိုင်နက် ခြံထဲတွင်ကြိုရောက်နေကြသောအလုပ်သမားများကထွက်လာကကြကာ ပစ္စည်းတွေသယ်သူကသယ် နေရာချသူကချဖြင့်အနည်းငယ်ရှုပ်ရှက်ခက်နေခဲ့၏။
ကားပေါ်တွင်လည်းအချိန်အကြာကြီးထိုင်လာရတဲ့ထယ်ရယ်ကတော့ ကားပေါ်ကဆင်းဆင်းချင်း ရှုပ်ရှက်ခက်နေသောလူများကိုကြည့်ကာမျက်မှောင်ကျုံ့မိသည်။ လူရှုပ်နေခြင်းကိုထယ်ရယ်မကြိုက် ဒါကြောင့်မလို့အရင်နေခဲ့တဲ့မြို့မှာ အပေါင်းအသင်းဆိုတာလည်းသိပ်မရှိသလို ကျောင်းကနေအိမ် အိမ်ကနေကျောင်း စာကြမ်းပိုးလေးဘဲလုပ်ဖြစ်တော့သည်။
သူငယ်ချင်းဆိုတာကလည်း မေးထူးခေါ်ပြောအဆင့်လောက်သာရှိတာကြောင့်မလို့ ထယ်ရယ်ကျောင်းပြောင်းသည့်အချိန်တွင်လည်းအထူးတလည်ဝမ်းနည်းတဲ့သူတွေလည်းရှိမနေပေ။
ထယ်ရယ်ကတော့မွေးကတည်းကနေလာတဲ့မြို့လေးကနေထွက်လာခဲ့ရတာမလို့အနည်းငယ်တော့စိတ်မကောင်းဖြစ်မိတာပေါ့။ မျက်စိရှေ့မှာမြင်နေရတဲ့လှုပ်ရှားနေတဲ့ပုံတွေကိုကြည့်ရင်း မျက်မှောင်ကုတ်မိတော့ ထယ်ရယ့်အကြောင်းသိနေတဲ့ မေမေကလှမ်းပြောလာတော့သည်။
"ထယ်ရယ် သားလေး လူတအားရှုပ်နေတာဒီမှာက မေမေ့သားလေးစိတ်ရှုပ်နေပြီလား"
" စိတ်ပြေလက်ပြောက်ဖြစ်သွားအောင် ဒီမုန်ဗူးလေးတွေကို မေမေ့သူငယ်ချင်း အန်တီမီယောင်းဆီသွားပို့ပေးမလား မီယောင်းကိုလည်းပြောပေးအုံးနော်သား မေမေပစ္စည်းတွေနေရာချပြီးရင် လာခဲ့မယ်လို့"
" ဟုတ်ကဲ့ သားသွားပို့ပေးပါမယ် မေမေ"
"မေမေ့သားလေးကလိမ္မာလိုက်တာ ညနေကျမှသားကြိုက်တာလေးတွေမေမေချက်ကျွေးမယ်နော်"
မေမေကထယ်ရယ့်ခေါင်းလေးကိုပုတ်ကာပြောလာတာမလို့ ထယ်ရယ့်နှာခေါင်းပေါ်လျှောကျနေသည့်လေးထောင့်မျက်မှန်အထူကြီးကို လက်ညှိုးလေးကွေးကာ ပင့်တင်လိုက်ရင်း
" တကယ် သားကြိုက်တဲ့ဟင်းတွေချက်ကျွေးရမှာနော်မေမေ အခုတော့အန်တီမီယောင်းဆီမုန့်သွားပို့ပေးလိုက်အုံးမယ်"