2ッ

53 5 6
                                    

ဧည့်ခန်းထဲကဆိုဖာပေါ်ကို ထယ်ရယ့်ကိုအသာချပေးပြီးတော့ သူပါထယ်ရယ့်ဘေးနားဝင်ထိုင်လာတယ်

" ပြပါအုံး မင်းခြေထောက်ကိုငါကြည့်ပေးမယ်"

" ရတယ် ငါ့ဘာသာဘဲအိမ်ရောက်မှကြည့်ပြီး ဆေးထည့်လိုက်မယ်"

" ပြောနေရင် ဂျစ်တိဂျစ်ကန်နဲ့ ငါကပြဆိုပြလိုက် ပေး မင်းခြေထောက်"

" ရတယ်ဆိုနေ မင်းဖြစ်တာလား ငါဖြစ်တာလား ငါကရတယ်ဆိုရတယ်ပေါ့"

"ကျစ်! မင်းနာမည် ကင်မ် ဘာဖြစ်တယ်

ထားလိုက်တော့ မှန်ကြောင်လေးလို့ဘဲခေါ်မယ် "

" ဘာကို မှန်ကြောင်လေးလည်း ငါ့နာမည် ကင်မ်ထယ်ရယ် နောက်ကိုအဲ့လိုလာမခေါ်နဲ့"

မျက်မှန်အထူကြီးပင့်ကာရယ် နှုတ်ခမ်းဆူပြီးရန်ကလည်းပြန်လုပ်သေးတယ် စေတနာနဲ့ဒဏ်ရာကိုကြည့်ပေးမယ်ပြောတော့လည်းလက်မခံ အဲ့တော့ရိုးရိုးမှပြောမရရင် ဖြဲခြောက်ထားရမယ် ဒါမှဒီဟာလေးကပြောစကားနားထောင်မှာ

"ငါမှမင်းနာမည်မသိတာ ရှေ့ကမျိုးရိုးနာမည်တူတာဘဲမှတ်မိတယ်"

"အဲ့တော့ ကင်မ်ထယ်ရယ် မင်းဘာသာမင်းခြေထောက်ကို ထုတ်ပေးမလား ငါ့ဟာငါဆွဲယူရမလား ငါကပြောရင်ပြောတဲ့အတိုင်းလုပ်တာ မင်းသိတယ်နော် အဲ့အခါကျမှ မငိုနဲ့ "

"လူကောင်ကြီးတယ်ဆိုတိုင်း သူများသားကိုအနိုင်လာကျင့်နေတယ် မင်းကိုအန်တီမီယောင်းနဲ့တိုင်မယ် အဲ့လောက်ကြည့်ချင်နေတဲ့ခြေထောက်လည်းပေးတယ် ရော့ ရော့"

ရော့ဆိုပြီး သူ့ခြေထောက်ကိုဂျီအွန်းပေါင်ပေါ်ပစ်တင်လိုက်တာများ ဒါကျတော့ဒီဟာလေးခြေထောက်ကနာပုံမရ အစောတုန်းကတော့ ကျိုးပြီဆိုပြီးအာပြဲနဲ့အော်ငိုနေသေးတာ
ဒူးကပွန်းသွားပေမဲ့ နည်းနည်းတော့ယောင်နေသေးတာ

"တီလေး ဆေးဗူးလေးတွေယူလာပေးပါအုံး"

" လာပါပြီ ဂျီအွန်းရယ် ဘာဖြစ်လို့အော်ခေါ်နေရတာလည်း မင်းသွားစတုန်းကစထားပြီးတော့"

တီလေးလာလို့ထင်ပါရဲ့ မှန်ကြောင်လေးက ဂျီအွန်းပေါင်ပေါ်တင်ထားတဲ့ သူ့ခြေထောက်ကိုအတင်းပြန်ယူနေတာ ဘယ်ရမလည်းဂျီအွန်းကလည်း ခြေချင်းဝတ်ကနေပြန်ဆွဲထားတာပေါ့ မှန်​ကြောင်လေးကသူ့အားကိုပြန်မဆွဲနိုင်တော့ မျက်စောင်းထိုးပြီးအကြည့်နဲ့ဆဲပြန်တယ်

Falling HardWhere stories live. Discover now