ထယ်ရယ်မိုးလင်းခါနီးမှအိပ်ပျော်သွားလို့ နိုးတဲ့အချိန်က 7:45
"အားးး ပထမရက်ကြီးကိုနောက်ကျနေတာသေတော့မှာဘဲ"
အိပ်ယာကနေအတုန်းအရုံးထကာ ဘေးကစာပွဲပေါ်မှာတင်ထားတဲ့မျက်မှန်ကိုကောက်တပ် ရေချိုးခန်းထဲသို့ပြေးရ၏။
ရေချိုးကျောင်းဝတ်စုံလဲကာအောက်ထပ်သို့ဆင်းလာပြီး မနက်ခင်းစာစားနေတဲ့မေမေ့ကိုဖက်လိုက်တော့ မေမေကထယ်ရယ့်ခေါင်းလေးကိုပုတ်ပေးကာ မနက်စာစားဖို့ထိုင်ခိုင်းလေတယ်
"ထယ်ရယ် ဒီနေ့ကျောင်းတက်ရမဲ့ရက်ကြီးကိုနောက်ကျနေပြန်တာလား"
"ဟုတ် ကျောင်းတက်ရမှာရယ် စာတွေကြည့်နေတာရယ်ကြောင့်အိပ်တာနောက်ကျသွားတာ မေမေ"
"အေးကွယ် စာကလည်းလုပ်တာလုပ်ပေါ့ ကျောင်းအသစ်မှာသူငယ်ချင်းတွေဘာတွေလည်းထားအုံး အော်.. ဂျီအွန်းလေးရှိတာဘဲ ဂျီအွန်းလေးကိုမသိတာရှိရင်မေးနော်"
"အဲ့ဒီကင်မ်ဂျီအွန်းနဲ့သူငယ်ချင်းမလုပ်ချင်ပါဘူး"
"ထယ်ရယ် အဲ့လိုမပြောရဘူးလေ ဂျီအွန်းကသားကိုဒီလောက်ခင်တဲ့ဟာကို ဟိုနေ့ကလည်းအိမ်လာတုန်းက သားအခန်းကိုကူရှင်းပေးသွားသေးတယ်မလား အဲ့လိုမပြောရဘူး မေမေမကြိုက်ဘူးနော်"
ထယ်ရယ်ကမေမေမသိပါဘူးဆိုတဲ့အကြည့်နဲ့သာပြန်ကြည့်လိုက်မိတယ်။ ဟုတ်တယ်တကယ်လည်းမေမေသိတာတစ်ခု တကယ့်အဖြစ်မှန်ကတစ်ခု
ပြောရမယ်ဆိုရင် အိမ်အလည်လာတယ်ဆိုတာကဟုတ်တယ် အန်တီမီယောင်းကလာချင်တယ်ဆိုလို့အဖော်လိုက်လာပေးတာ အခန်းကူရှင်းပေးတယ်ဆိုတာကလည်း အဲ့အထိကမှန်သေးတယ် သူကကူရှင်းပေးမယ်ပြောတာကိုး
အခန်းထဲမခေါ်ချင်လို့ရှင်းစရာမလိုဘူးရတယ်ပြောတာလည်းနားမထောင် မေမေ့နားအတင်းကပ်ပြီးတော့ပြောသေးတယ်
ကျွန်တော်ကထယ်ရယ်နဲ့ခင်ချင်လို့ဟာကို ထယ်ရယ်ကကျွန်တော့်ကိုမခင်ချင်ဘူးတဲ့လေ ဒီလိုနဲ့ဘဲမေမေအကြည့်စူးစူးတွေကိုကြောက်တာနဲ့ ကင်မ်ဂျီအွန်း လက်မောင်းကိုဆွဲကာ အပေါ်ကထယ်ရယ့်ခန်းထဲကိုခေါ်လာခဲ့လိုက်တော့တယ် အခန်းကိုသွားနေတဲ့အချိန်လည်းအငြိမ်မနေ ကင်မ်ထယ်ရယ် ချစ်စရာလေး လို့ခဏခဏပြောပြီးခေါင်းကိုလာလာကိုင်နေတာမလို့ အခန်းထဲလည်းရောက်ကောထယ်ရယ့်ခေါင်းကကြွက်သိုက်ပုံဖြစ်နေပြီ