Chapter 11

954 55 16
                                    

Unicode

"လျှံ ဟေ့ကောင် မင်းအိပ်မနေနဲ့ အခုထ"

လျှံခြုံထားတဲ့ စောင်ကို ဆွဲယူကာ ကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပြီး မာထန်လှသော လေသံမှာ တစ်အိမ်လုံးကြားလုနီးပါ ကျယ်လောင်သောကြောင့် လျှံမှာ လန့် ဖျတ်ပြီး နိုးလာရာမှ ချက်ချင်း ထထိုင်လိုက်ပြီး

"မဏ္ဏိ, မင်းဘာဖြစ်နေတာလဲ မနက်စောစောစီးစီး ၅ နာရီပဲရှိသေးတယ်"

"ခွပ်!!"

ရုတ်တရတ် လျှံ့မျက်နှာပေါ်ရောက်လာတာက မဏ္ဏိရဲ့ လက်သီးဆိုတာမယုံနိုင်စွာနဲ့ သွေးစို့သွားတဲ့ ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်ပြီး စစ်ဆေးကြည့်သည်။ နာကျင်မှုမှာ အစစ်အမှန်ဖြစ်၏။

"မင်း မင်းငါ့ကို ဘာလို့ထိုးတာလဲ မဏ္ဏိ"

"မင်းကတော့ အိပ်ကောင်းနေတယ် ဟုတ်လား၊ မမဘာဖြစ်နေလဲမင်းသိလား"

"မမေသူဘာဖြစ်တာလဲ, ညကအချိန်မတော်ကြီး မင်းထသွားတာတော့တွေ့လိုက်တယ်၊ ငါမမေးလိုက်ရဘူး"

"မေးစရာမလိုပါဘူး၊ မင်းလုပ်ထားတာပဲ မင်းသိမှာပေါ့"

အခန်းပြင်ပမှ ကွယ်ကာ နားထောင်နေသူမှာ  ရုပ်လွှာဖြစ်သည်။

"မဏ္ဏိ မင်းဘာတွေပြောနေတာလဲ၊ မင်းစိတ်ကို အရင်လျှော့.... လာ ဒီမှာလာထိုင်"

"မထိုင်ဘူး၊ ငါထိုင်ဖို့လာတာမဟုတ်ဘူး၊ မမဆီပြန်သွားရဦးမယ်၊ အေး မင်းက မသိချင်ယောင်ဆောင်နေတော့လည်း ပြောရတာပေါ့၊ မမက ညကနှလုံးခုန်မြန်ပြီး အသက်ရှူမ၀လို့ ညတွင်းချင်းဆေးရုံတင်လိုက်ရတယ်"

"ဟဲ့သား မဏ္ဏိ၊ မနက်စောစောစီးစီး မိုးတောင်မလင်းသေးဘူး အော်ကြီးဟစ်ကျယ်နဲ့၊ မေသူဆေးရုံတက်ရတာကို အိမ်မှာဘာလို့ လာမဲနေတာလဲ"

အခန်း၀မှာ နားထောင်နေတဲ့ ရုပ်လွှာနဲ့အတူ မဏ္ဏိအသံကြောင့် အခန်းဆီရောက်လာတဲ့ မိခင်ဖြစ်သူကပါ အခန်းထဲရောက်လာပြီး မဏ္ဏိကို ဆူပြောပြောလိုက်သည်။

"မာမီက သားကိုပြောနေတယ်၊ မာမီသိလား......မမသာ ဆေးရုံကို အချိန်မီရောက်မသွားခဲ့ရင်၊ အသက်အန္တရာယ်ရှိတယ်တဲ့၊ ပြီးတော့ မမဆေးရုံတက်ရတဲ့ အကြောင်းရင်းကိုမာမီသိလား၊ မမက နို့နဲ့ နို့ထွက်ပစည်းတွေနဲ့ allergic ရှိတယ်၊ မနေ့က သူသားဆီကို ဓါတ်ပုံတွေလာပြတော့ ကော်ဖီတိုက်လိုက်တယ်၊ အဲ့ကော်ဖီကိုဖျော်တဲ့သူက ဘယ်သူလို့ထင်လဲ"

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now