Chapter 18

922 58 16
                                    

Unicode

"သွေးပေါင်ကျနေတာပါ၊ လျှံအိပ်ရေး၀၀ မအိပ်ဘူးထင်တယ်"

"ညဘက်ဆိုရင် တစ်နေရာရာမှာစာဖတ်ရင်ဖတ် မဖတ်ရင် တစ်ခုခုကို အကြာကြီး ထိုင်ငေးနေတော့တာပါပဲ ဒေါက်တာရယ်"

"လျှံကို စိတ်ဆင်းရဲစရာတွေမတွေးစေချင်ဘူး၊ သွေးပေါင် ခဏခဏကျတာ လျှံအတွက်မကောင်းဘူး၊ ပြီးတော့ အစားကိုလည်းများများစားရမယ်"

"အစားကတော့ စိတ်ချ၊ ကျွန်တော်ကိုယ်တိုင် သေချာချက်ကျွေးတာ ဟဲဟဲ"

ဝလ္လာပြောသမျှ လူမော်က ဂရုတစိုက်နဲ့ တုန့်ပြန်ပြီး သူအကောင်းဆုံးပြုစုနေကြောင်း သွက်လက်စွာ ၀င်ပြောတော့ ဝလ္လာကော အိပ်ရာပေါ်လှဲနေတဲ့ လျှံကောက ပြုံးကြသည်။

"တခါတလေအိပ်မပျော်လို့ နောက်ကျသွားရုံပါဗျာ၊ အခုလည်း နားလိုက်ရင် သက်သာသွားမှာပဲကို၊ တခါတလေ အလည်လာတဲ့ ဝလ္လာကိုတောင် ဘာမှဧည့်မခံရဘူး၊ အားနာလိုက်တာ"

"မလိုပါဘူးဗျာ၊ ကျွန်တော်ကသာ လျှံလိုအပ်နေတဲ့ အခုလိုအချိန်မှာ အနားမှာမရှိနိုင်လို့ အားနာမိတယ်"

"ရပါတယ်ဗျာ၊ ဝလ္လာလည်း အလုပ်နဲ့ပဲ၊ ပြင်ဦးလွင်ကလူကို ခေါက်တုန့်ခေါက်ပြန် လာပြီး ဆေးကုပေးဖို့ကျ ဘယ်လိုလုပ်အဆင်ပြေမှာလဲ၊ ဝလ္လာရဲ့ ဒီကသူငယ်ချင်းဒေါက်တာနဲ့လည်း ပုံမှန်ပြဖြစ်ပါတယ်"

"သူလည်း ကျွန်တော့်ကိုပြောပါတယ်"

"ဒါနဲ့ ဝလ္လာပြင်ဦးလွင်မှာ ဘယ်လောက်ကြာကြာ နေမှာလဲ"

"တစ်ရက်နှစ်ရက်ပဲဗျ"

"အော်၊ မပြန်ခင်လေး ထမင်းဖိတ်ကျွေးချင်လို့ပါဗျာ"

"ဒီတစ်ခေါက်ကတော့ အလုပ်ကိစ္စနဲ့မို့ မြန်မြန်ပြန်ရမှာ လျှံရေ၊ နောက်တစ်ခါ အချိန်သပ်သပ်ပေးပြီး လျှံဆီလာခဲ့မယ်လို့ ကတိပေးပါတယ်နော်"

"ဟုတ်ကဲ့ပါဗျာ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အစ်ကိုလေး အခုလိုဖြစ်တာ ဟိုသတင်းကြောင့်မလား"

"ညက မင်းပြတဲ့ post ကိုပြောတာလား"

"အစ်ကိုလေးက အဲ့ဒါတွေမတွေ့ချင်လို့ Facebook တောင်မသုံးတာကို ကျွန်တော်က သပ်သပ်မဲ့ အစ်ကိုလေး စိတ်ဆင်းရဲရအောင်ပြမိလိုက်တယ်"

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now