Chapter 16

713 48 9
                                    

Unicode

၁ လကြာသော်

"မင်းမှာခဲတံမပါလို့လား"

"ခဲတံကျိုးသွားလို့"

"ဒါဆိုငါ့ဆီမှာ အပိုတစ်ခုရှိတယ် မင်းယူလိုက်"

ကျော်ကျော်နဲ့ ဇော်ဇော်တို့ နှစ်ယောက်သားကို ကြည့်ရင်း လျှံခပ်‌ထွေထွေလေး ပြုံးလိုက်သည်။ ကျော်ကျော်နဲ့ ဇော်ဇော်ဆိုသည်မှာ လျှံဆီမှာ English စာ လာသင်နေသော အနီးအနားက ၅ တန်း ကလေး ၂ ယောက်ပင်။

လျှံ့အနေနဲ့ ကျောင်းလည်း နားထားရတာကြောင့်တစ်ကြောင်း၊ တိုက်ခန်းရောင်းပြီး ကျန်ငွေအနည်းငယ်ရှိသေးသည့်အပြင် သဲပိုင်ကလည်း လိုရင် လိုသလို ကူညီပေးတာ ရှိသော်လည်း ဒီကာလမှာ ရပ်တည်ဖို့နှင့် အတွေးမလွန်ဖို့ရာ အာရုံစိုက်စရာတစ်ခုအနေနှင့် ကလေးတွေကို English စာသင်ပေးခြင်းအလုပ် စလုပ်ခဲ့ခြင်းပင်။

ကျော်ကျော်နှင့် ဇော်ဇော်တို့မှာ အိမ်နီးချင်း သူငယ်ချင်းများဖြစ်ကြပြီး တစ်ကျောင်းတည်းတက်ကြသော အချစ်ဆုံးသူငယ်ချင်းများဖြစ်သည့်အလျောက် သူတို့ကို မြင်တိုင်း တစ်စုံတစ်ယောက်အကြောင်းသတိမရဘူးဆိုလျင် လျှံ လိမ်ရာကျပေလိမ့်မည်။

< မင်းအနားကထွက်လာကတည်းက မင်းကိုမလွမ်းတဲ့နေ့ တစ်နေ့မှမရှိခဲ့ပါဘူး မဏ္ဏိရာ >

လျှံ စိတ်ထဲကနေ မဏ္ဏိကို အာရုံပြုရင်း ပြောချင်တဲ့စကားတွေကိုစိတ်ထဲကပြောချပစ်လိုက်သည်။ Telepathy အစွမ်းသာတကယ်ရှိရင် လျှံ့စကားတွေကို မဏ္ဏိကြားသွားနိုင်ခြေရှိပေလိမ့်ဦးမည်။

"ဆရာ"

"ဟင်၊ ဘာလဲကျော်ကျော် ဘာနားမလည်လို့လဲ"

"ဆရာလုပ်ခိုင်းထားတဲ့ လေ့ကျင့်ခန်းတွေပြီးပါပြီ"

"အော် ဒါဆိုပြပါဦး"

ကျော်ကျော့်စာအုပ်က လေ့ကျင့်ခန်း အဖြေတွေကို လျှံစစ်ဆေးနေစဉ်

"ဆရာ၊ ဒီစာအုပ်က ဘာစာအုပ်လဲဟင်"

လျှံဘေးနား စားပွဲပေါ်တင်ထားတဲ့ Magazine စာအုပ်လေးတစ်အုပ်ကို ကျော်ကျော်က မေးခြင်းဖြစ်သည်။

ချစ်ခြင်းများစွာဖြင့်Där berättelser lever. Upptäck nu