Chapter-47 (Zawgyi)

9.3K 214 18
                                    

"ဟလို မအိသူလားဟင်"

အရင်ဆုံးဖုန်းဆက်ပြီး တိုင်ပင်ဖို့ မြူမှိုင်း စဉ်းစားမိတာက အမတစ်ယောက်လို ဖြစ်နေတဲ့ မအိသူက လွဲပြီးတခြားသူမရှိ။ ကိုအောင်ကို ဖုန်းဆက်ပြီး ပြောချင်ပေမယ့်လည်း သိသွားရင် မြူမှိုင်းရဲ့အခြေအနေကို လက်ခံနိုင်ပါ့မလား။

ပြီးတော့ ဖေ့ဖေ့ကို ပြန်ပြီးအသိပေးလိုက်မှာကိုလည်း စိုးရိမ်တာကြောင့် မဆက်ရဲတော့။ပါရီကိုပြန်သွားတယ်ဆိုတာကို ဟိုရောက်တော့မှသာ ဖေဖေကိုရော၊ကိုအောင်ကိုပါ မြူမှိုင်း အသိပေးဖို့သာ စဉ်းစားထားလိုက်တယ်။

"မြူမှိုင်း...ဒီအချိန်ကြီး ဘာဖြစ်လို့လဲ...ဟင်၊ အသံကဘာဖြစ်တာလဲ..ငိုနေတာလား မြူမှိုင်း"

မအိသူ အိပ်ယာပေါ်ရောက်ပြီး အိပ်ဖို့ပြင်နေကာမှ တစ်ဖက်ဖုန်းဆီကထွက်လာတဲ့ မြူမှိုင်းရဲ့ အသံကြောင့် ထထိုင်လိုက်မိသည်။ ရှိုက်သံအချို့ကိုလည်း ကြားနေရတာကြောင့် မြူမှိုင်း ငိုနေတယ်ဆိုတာကို မအိသူ တန်းရိပ်မိလိုက်တယ်။

"အမ..မြူမှိုင်းကို အခုလာခေါ်ပေးလို့ရမလားဟင်"

"ဘာဖြစ်တာလဲ မြူမှိုင်း...လာခေါ်တာက လာခေါ်ပေးလို့ရတယ်..မြူမှိုင်းလူနဲ့ ရန်ဖြစ်ထားလို့လား"

"အင်း အမ...မြူမှိုင်း ပါရီကိုသွားတော့မလို့၊ အဲ့ဒါအမြန်ဆုံး Air ticket စီစဉ်ပေးလို့ ရမလားအမ၊ ဟိုဖက်မှာနေဖို့လည်း မြူမှိုင်းရဲ့ Resident Permit က ၆လကျော်တောင် သက်တမ်းကျန်သေးတယ်၊ ချက်ချင်းထွက်လို့ရရင် မြူမှိုင်း ထွက်ချင်လို့"

"ဟယ်..မြူမှိုင်းရယ်..ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ"

"........"

"အမကို ပြောပါဦး...ဒီမှာလည်း လက်ခံထားတဲ့ အလုပ်တွေက နက်ဖြန်၊သဘက်ခါပဲ စတော့မှာလေ၊ ဘယ်လိုဖြစ်တာလဲ ဟယ် ချက်ချင်းကြီး"

တစ်ဖက်က အလုပ်ရှင်ဖြစ်တဲ့ မအိသူကို မြူမှိုင်း အားနာပေမယ့် တခြားနည်းလမ်းလည်းမရှိပါ။ကိုယ်ဝန်နဲ့ ဒီမှာဆက်နေပြီး အလုပ်လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်တော့အခြေအနေလေ။ သုံးလ၊လေးလလောက်အတွင်းမှာပဲ ဗိုက်က ထွက်လာမှာပဲ။ အဲ့ကျရင် ဒီကလူတွေကို မြူမှိုင်း ဘယ်လိုပြောရမလဲ။ ရန်ကုန်မှာ ရှိနေသရွေ့တော့ ဖေဖေကလည်း ရန်ကုန်ကို အချိန်မရွေး ရောက်လာနိုင်တယ်။

My Sponsor (ကျွန်တော့်စပွန်ဆာ) Wo Geschichten leben. Entdecke jetzt