Chapter-53(Unicode)

33.1K 1.9K 775
                                    

Mature Alert For the Last Part ‼️ 

မာန် Group အပိုင် ဟိုတယ်ကြီးတစ်ခုလုံး ညနေခင်းမှာ ကျင်းပနေတဲ့ မင်္ဂလာပွဲကြောင့် လူအဝင်အထွက် ရှုပ်ထွေးနေသည်။ ဟိုတယ်ကြီးရှေ့က ထင်းရှုးတောထဲမှာ အဖြူရောင်ထိုင်ခုံဖြူဖြူလေးတွေက တန်းစီချထားပြီး သူနေရာနှင့်သူ။ခပ်အုပ်အုပ်သစ်ပင်အချို့မှာလည်း ဖဲပြားကြိုးဖြူလေးတွေ၊သတို့သားနှစ်ဦး၏ နာမည်ပါသည့် အလှမီပုံးလေးတွေ ချိတ်တွဲထားလျက်။

မျက်ချင်းဆိုင်ထိုင်ရသည့် စားပွဲခုံရှည်ဖြူကြီးတွေမှာလည်း နေရာယူထားကြတဲ့ စီးပွါးရေး၊နိုင်ငံရေးဖက်က ဧည်သည့်အချို့ကိုလည်း တွေ့ရသည်။ လေးထောင့်ဖန်ခွက်ကြည်ကြည်လေးတွေထဲ ထည့်ထွန်းထားသည့် အမွှေးဖယောင်းတိုင် ဖြူဖြူလေးတွေကလည်း လေတိုက်တိုင်းမှာ ဘယ်ယိမ်းညာယိမ်း။ ဒေစီ၊ဂန္ဓမာ၊လီလီ၊နှင်းဆီဖြူစသည့် အလှဆင်ပန်းများစွာ၏ သင်းရနံ့ကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်ကြည်နူးမှုအပြည့်ဖြစ်စေပြန်တယ်။

လေတစ်ချက်ဝှေ့လိုက်တိုင်းမှာ ပန်းတိုင်းလုံးကြီးတွေမှာ ခွေရစ်ပတ်ထားသည့် အဖြူရောင်ဇာပုဝါပါးလေးတွေကတော့ တဖြတ်ဖြတ်လွင့်နေသည်။ မင်္ဂလာပွဲလာတဲ့သူမှန်သမျှ ပန်းခင်းထဲရောက်သွားသလို ခံစားချက်မျိုးရနိုင်အောင် ပွဲပိုင်ရှင်က စီစဉ်ထားပုံရသည်။ပွဲခင်းတစ်ခုလုံးရဲ့ ခမ်းခမ်းနားနားအပြင်အဆင်တွေကိုကြောင့် Wedding Of the Century လို့တောင် သတင်းသမားတွေက မှတ်ချက်ပြုနေကြတယ်။

Dress Code အတွက် (ကလောချယ်ရီပွင့်ချိန်)လို့ သတ်မှတ်ထားတာကြောင့် အမျိုးသမီးဧည့်သည်အများစုဟာ ပန်းရောင်ဝတ်စုံဒီဇိုင်းမျိုးစုံ၊အမျိုးသားများကတော့ ချယ်ရီပန်းကို ရင်ဖက်မှာထိုးတပ်ထားကြတယ်။ ပန်းခင်းအဖြူရောင်ကြီးနှင့် ချယ်ရီမြေလာ ဧည့်သည့်များ၏ သွားလာလှုပ်ရှားနေသည့်ပုံရိပ်တွေကိုတော့ အပေါ်စီးကနေ Drone နှင့် ရိုက်ကူးနေသည်။

ရာသီဥတုအေးစိမ့်စိမ့်ကြောင့် သိုးမွှေး၊ယုန်မွှေးခြုံထည်လှလှလေးတွေ ခြုံထားပြီးအလှပြနေကြသည့် အထက်တန်းလွှာအမျိုးသမီး အများစုကိုလည်း နေရာအချို့မှာ တွေ့ရတတ်သည်။ သူတို့တွေရဲ့စကားဝိုင်းမှာ ထည့်သွင်းအပြောများဆုံးသူဆိုရင်တော့ မာန်Group CEO၏ အသစ်စက်စက် ပါတနာလေးရဲ့အကြောင်းပင်။

My Sponsor (ကျွန်တော့်စပွန်ဆာ) Where stories live. Discover now