*

204 23 1
                                    

"သတိုးသား ၀င်လာလို့ ရပါပြီ"

ရင်မခုန်ဘူးလို့ ပြောရင် ဒါက ညာတာပဲပေါ့။    ဒါပေမယ့် ဒီလောက်ထိ ရင်ခုန်မနေသင့်တာတော့ အမှန်။ ခုတော့ သူ့ရင်တွေက သံစုံသီလုံးသံနဲ့ အပြိုင်ခုန်နေတာက ကိုယ်ရင်ခုန်သံကိုယ် ပြန်ကြားနေရတဲ့အထိ။

Seok မျိုးရိုးက သူတို့မွေးစားသားနဲ့ လက်ဆတ်ပေးချင်လို့ဆိုတဲ့ သတင်းကို မေမေကပြောလာတော့ အမှန်အတိုင်းပြောရရင် ဟန်ဘင်းဒေါသထွက်တာတော့ အမှန်ပင်။ ကမ်းလှမ်းတာက ဘာလို့ မွေးစားသားလဲဆိုတဲ့ ဒေါသ‌ကတော့ရှိတာအမှန်။ဟန်ဘင်းမှာ ရည်မှန်းချက်တွေ တလှေကြီးမို့ ဘာလို့ သားအရင်းမဟုတ်ဘဲ မွေးစားသားလဲဆိုတာမျိုး တွေးမိခဲ့တာပေါ့။ ဒါပေမယ့် Seok မျိုးရိုးရဲ့ မွေးစားသား ပိုင်ဆိုင်မှု့ကတောင် ဟန်ဘင်းတို့အတွက် မိုးလောက်ကြီးဖြစ်နေတာမို့ မငြင်းခဲ့တာပေမယ့်....။

ကျန်းဟာအို တဲ့။

နို့ပူတင်းလို ဖြူဖြူလေး။ ထိလိုက်ရင်တောင် ပေါက်ထွက်တော့မလို အိမယ့်ပုံစံလေး။ နှစ်ဖက်မိသားစုတွေ့ဆုံပွဲမှာ ခေါင်းလေးငုံ့ထားပြီး နူးနူးညံ့ညံ့ပုံစံလေးက ဟန်ဘင်းအတွက် နည်းနည်းတော့ ဆွဲဆောင်မှု့ရှိခဲ့တာတော့ ၀န်ခံရမယ်ထင်။

ငွေကြေးအတွက် လက်ထပ်တယ်ဆိုတာကို နောင်တမရမိလောက်တော့ဘူးထင်တယ်။

တစ်ခါလေးတွေ့ဘူးတဲ့ သူကို မဆိုးပါဘူးလို့ သဘောကျမိတာ အချစ်ဆိုရင်တော့

**မြင်မြင်ချင်း အချစ်ဆိုတာ တကယ်ရှိမယ်ထင်တယ်**

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

**မြင်မြင်ချင်း အချစ်ဆိုတာ တကယ်ရှိတာပေါ့**

"သတိုးသား ၀င်လာလို့ရပါပြီ"

ပွင့်သွားတဲ့ တံခါးအတိုင်း ၀င်သွားတော့ လျှောက်လှမ်းအဆုံးမှာ ရပ်နေတဲ့ အဖြူရောင် သတိုးသားလေး။ မက်သရူး ၀င်လာတာမြင်တော့ အံ့ဩသွားတဲ့ပုံလေးက တကယ်ကို ချစ်စရာ။ ကိုကို့ဆီက ဘယ်လိုပုံဘဲဖြစ်ဖြစ် မက်သရူးအတွက် ရင်ခုန်စရာကောင်းလိုက်တာ။

လှေကားတံခါး၀မှာ တိုက်မိသွားပြီးနောက် ကော်ဖီပေသွားတာကို အစပြုရင်းက ခဏလေး အတူရှိခဲ့တယ်။ လူတစ်ယောက်ဆီက ပြုံးရိပ်သန်းနေတဲ့ မျက်လုံးတစ်စုံက နွေးထွေးမှု့က မက်သရူး နှလုံးသားထဲကို တန်း၀င်လာခဲ့တာ။ ဘယ်သူလဲဆိုတာ စုံစမ်းလိုက်တော့ ဆောင်းဟန်ဘင်းတဲ့။ ထပ်ပြီး သိလာတဲ့ သတင်းတွေထဲမှာ ဆောင်းဟန်ဘင်း လက်ထပ်တော့မယ့်သူက ဆော့မျိုးရိုးက မွေးစားသားတဲ့။

Complex Where stories live. Discover now