ကျန်းဂူရီ အစ

129 21 2
                                    

ကျန်းဂူရီ အစ

”သူ့ကို ဘယ်သူ စောင့်ရှောက်မှာတဲ့လဲ”

”ဘယ်သူက စောင့်ရှောက်ချင်မှာလဲ။ ကျန်းအိမ်တော်က အကြွေးတွေနဲ့ ချန်ခဲ့တာကို”

ဟာအို မိဘတွေ စျာပန လာတဲ့သူတိုင်းက တိုးတိုး တိုးတိုး ပြောနေကြ စကားများပင်။ ခုနှစ်နှစ်အရွယ် ကလေးတစ်ယောက်က ဒီစကားတွေကို နားမလည်ဘူးလို့များတွေးနေကြတာလား မသိ။

ကျန်းဟာက်ဆိုတဲ့ သူက ငယ်ငယ်ကတည်းက ညာဏ်အလွန်ကောင်းတဲ့ ကလေးဖြစ်ခဲ့တာကို မေ့နေကြပုံပင်။ ခုနှစ်နှစ်သားဆိုတာနဲ့ မလိုက်အောင် ကျန်းဟောက် အနာဂတ်ကို တွေးပူမိပါတယ်။ သူများ မိဘမဲ့တွေလို ဂေဟာကို သွားနေလိုက်ရုံနဲ့ ပြီးသွားမှာမှ မဟုတ်တာ။ ကျန်းဟောက်မှာ အသက်နဲ့ မလိုက်အောင် မိဘတွေက အကြွေးတွေ အများကြီး ချန်ပေးခဲ့တာ။

”သူ့ဦးလေးတွေကရော”

”အမေမသေခင်က အမွေလာလုသွားတဲ့ ဦးလေးတွေက အကြွေးတွေနဲ့ ကလေးကို မွေးစားမယ်တဲ့လား မဖြစ်နိုင်တာ”

ဟုတ်တယ်။ မဖြစ်နိုင်တာမှ လုံးဝ မဖြစ်နိုင်။ မနေ့က စျာပနပွဲ လူရှင်းချိန်မှာတောင် ကျန်းဟောက် မိဘတွေဆီက သူတို့ အကြွေး ဘယ်လောက်ရစရာရှိတယ်ဆိုတာကို ခိုကိုးရာမဲ့နေတဲ့ ခုနှစ်နှစ်သားကို သူ့ ဦးလေးနှစ်ယောက်က တွက်ပြနေတာ။

“မင်း ငါတို့နဲ့ လိုက်ခဲ့ပါ့လား။ ကနေဒါကို လေယာဉ်ကြီးနဲ့ ဖရူး ဆို စီးပြီး သွားရမှာ”

ကျန်းဟောက်ရှေ့မှာ အနက်ရောင် အနောက်တိုင်း ဝတ်စုံလေး ဝတ်ထားတဲ့ ကလေးပေါက်စလေးက လေယာဉ်ပျံ ပျံသလိုမျိုး လက်ကလေးဝေ့ပြီး လုပ်ပြနေတာမို ကျန်းဟောက် ငိုနေတဲ့ ကြားက ပြုံးလိုက်မိတယ်။

”Seok သခင်လေး”

ဘေးမှာ ရောက်လာတဲ့ အနောက်တိုင်း ဝတ်စုံတွေနားမှာ သူ့ဦးလေးနှစ်ယောက်ကတောင် လက်ကလေးရှေ့ချပြီး ရောက်လာသေးတယ်။ အသားဖြူဖြူ ပါးဖောင်းဖာင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ကလေးကို ကြည့်ပြီး ဒီသေးသေးလေးကို လူတွေ ဘာလို အရိုသေပေးနေတာပါလိမ့်။

Complex Where stories live. Discover now