”ငါ လက်ထပ်ရတော့မယ်တဲ့ မက်ထျူး”
”ကျန်းဂူရီက လက်မထပ်ချင်ဘူးလား”
”အင်း”
”မားမားကို ပြောပေးရမလား”
”ဟင့်အင်”
”ကျန်းဂူရီ”
ခေါင်းလေး ပင့်မော့လိုက်တော့ အစ်ကိုဟာအိုက ငိုနေခဲ့တာ။ အရည်လဲ့နေတဲ့ မျက်လုံးလေး။ ဖိကိုက်ထားလို့ နီရဲနေတဲ့ နှုတ်ခမ်းစိုစိုလေးတွေကို ငေးမိရင်းကနေ.....။
ခွက်ထဲက လက်ကျန်ကို နောက်ဆုံးမော့လိုက်မိပြီးကတည်းက မက်သရူးရဲ့ လျော့ကျနေတဲ့ ခံနိုင်ရည်အားက မခုခံနိုင်တဲ့အခါ။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
ကျန်းဂူရီလို့ အခေါ်ခဲရတဲ့ သူ့ နှုတ်ခမ်းက ဘယ်လောက်နူးညံလဲဆိုတာ မသိနိုင်တော့။ ဒါပေမယ့်………။
မျှော်လင့်ထားပြီးသားပေမယ့် မက်သရူး နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းပေါ် အုပ်မိုးကျလာတဲ့ အခါ ခဏတော့ ကျန်းဟောက် တွေဝေမိသွားတယ်။ ဒါ ဖြစ်သင့်ရဲ့လား။
အသိစိတ်လွတ်နေတဲ့ မက်သရူး။
ပြီးတော့ ကျန်းဟောက်ကို သားအရင်းလို ချစ်ပေးတဲ့ ပါးပါးနဲ့ မားမားမျက်နှာတွေ။
မကြာခင်မှာ လက်ထပ်တော့မယ့် မင်္ဂလာပွဲ။ကျန်းဟောက် ခေါင်းထဲမှာ အစီအရီ။ ဘာမှ မသိတဲ့ မက်သရူး လက်တွေက ကျန်းဟောက် ခန္ဓာကိုယ်အနှံ ပွတ်သပ်နေတဲ့ အခါ ရှိသမျှ အသိစိတ်တွေ အကုန် လွှတ်ပေးလိုက်ချင်ပြီ။ အရင် အခါတွေကလို အခုကိစ္စကိုလည်း မရှိခဲ့ဖူးသလို လုပ်လိုက်ရင် ရတယ်မလား။ ဘာမှ မဖြစ်ခဲ့သလိုမျိုး။ ဒါ ကျန်းဟောက်ပဲ မှတ်မိနေမယ့် ကိစ္စမလား။
”ငါ မင်းကို ရချင်တယ်”
မက်သရူး အသံက တုန်ယင်နေတယ်။
”မောင် ရချင်တာဆို ဘယ်တုန်းက မရတာရှိဖူးလို့လဲ”
မက်သရူး နှုတ်ခမ်းကို စနမ်းလိုက်တာ ကျန်းဟောက်ပေမယ့် အမှီလိုက်လိုက်ရတာလည်း ကျန်းဟောက်ပဲ ဖြစ်ရတယ်။
ဆော့မက်သရူးရဲ့ ခပ်ကြမ်းကြမ်း အနမ်းတွေ အောက်မှာ ကျန်းဟောက် အသိစိတ်တွေကလည်း မက်သရူးနဲ့ အပြိုင် လွတ်ချင်နေပြီ။ မက်သရူး နှုတ်ခမ်းတွေက သူ့ နှုတ်ခမ်းတွေကနေ လည်တိုင်စီကိုရောက်တော့ မနက်ဖြန် နှစ်ဖက်မိဘတွေ့စုံပွဲပဲဆိုတဲ့ သတိကပ်လာပေမယ့်…..။