Part 2

13 0 0
                                    

"သူဘယ်မှာလဲတစ်ကယ်မသိလို့ပါ အစ်ကိုမင်းခရယ်၊ ညီမသိတယ်ဆို အစ်ကို့ကိုပြောပြီးပြီပေါ့"

"သူ့ကားကိုငါ့ဂိုထောင်ထဲထားထားတာကြာနေပြီ ဟူးးး"

အစ်ကိုမင်းခက သက်ပြင်းကိုချရင်း

"ငါသူ့ကိုအချိန်သိပ်မပေးနိုင်တော့ဘူးလို့ပြောပေးပါ မနက်ဖြန်ငါနဲ့စကားလာပြောပါလို့ ငါတစ်သက်လုံးသိမ်းမထားနိုင်ဘူး"

"ရပါတယ် အစ်ကို ညီမပြောလိုက်ပါ့မယ်"

ထိုသို့ပြောလိုက်တော့ အစ်ကိုမင်းခကထထွက်သွား၏။

"ဟဲ့ ထွက်လာတော့"

ခွန်းမှုံတစ်ကယ် စိတ်ညစ်ပါသည်။ သွင်းစရာရှိတဲ့ကားခမသွင်းတော့ အစ်ကိုမင်းခကဆိုင်အထိတောင်ရောက်လာ၍လာပြောသွားသည်။

ခေါ်လိုက်တော့ ရှိန်းသစ်က ပုန်းနေရာကနေထ၍ရှေ့ထွက်လာ၏။

"ရှိန်းသစ် ငါသတိပေးတယ်နော်၊ နင်မနက်ဖြန်ပိုက်ဆံမပေးရင် အစ်ကိုမင်းခက ကားကိုရောင်းတော့မှာ"

ထိုသို့ပြောတော့ ရှိန်းသစ်က ကြမ်းပြင်သို့တွေတွေကြီးစိုက်ကြည့်ရင်း

"အဲ့တာ အစ်မရှင်းရှင်းရဲ့ကား ငါ့ကားမဟုတ်ဘူး။ ပိုင်ရှင်ကတောင်စွန့်ပစ်သွားတာလေ ဒီအတိုင်းပဲရောင်းခိုင်းလိုက်"

"နင်ဒီလိုမျိုးပြောနေတာ‌ နောက်ကျရင်နောင်တရလိမ့်မယ်နော် ရှိန်းသစ်ဂုဏ်ရောင်"

ခွန်းမှုံကပြောရင်း Apronကိုချွတ်လိုက်တော့

"နင်ဘယ်သွားမလို့လဲ"

"ဟန့်ဆီသွားလိုက်ဦးမယ်"

"ဘာလဲ သူငယ်ချင်းထက်ရည်းစားကိုပိုဦးစားပေးနေပြီပေါ့"

"တော်စမ်းပါ နင်လဲအရင်ကရည်းစားထက်သူငယ်ချင်းတွေကိုဦးစားပေးခဲ့တာပဲမလား။ ငါလစ်ပြီ"

__________________________________

"အစ်ကိုမင်းခ"

"ဟျောင့် ရှိန်းသစ် ပျောက်လှချည်လား ငါဖြင့်မင်းသေပြီတောင်ထင်တာ"

"ဟားဟား မဟုတ်တာဗျာ"

"ကဲ ဘာလုပ်ချင်သလဲပြော ဘဏ်ငွေလွဲမှာလား Cash နဲ့လား"

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

Last Twilight Where stories live. Discover now