06

976 131 15
                                    

သူနဲ့ ကျန်းဟောင့် မခေါ်တာ လေးရက်ရှိပြီ၊ တကယ်တော့ ကျန်းဟောင့်က သူ့ကိုမခေါ်တာဆို ပိုမှန်ပါလိမ့်မယ်။ အဲ့ဒီညက သူတို့ ကတောက်ကဆဖြစ်ကြရာက စလို့ပေါ့ .. ။

ဆောင်းဟန်ဘင်း မင်း ငါ့ကို ကစားနေတာလား ဆ်ုတဲ့စကားကြောင့် သူအံ့ဩသွားတာတော့အမှန်။ တကယ်ဆို သူက မေးရမယ့်စကားမဟုတ်ဘူးလား။ အခုသူ့ကို ကစားနေတာ ကျန်းဟောင့်မဟုတ်ဘူးလား။ သူတို့ဆက်ဆံရေးကိုတောင် လူသိမခံဝံ့ဘဲနဲ့လေ။

" အဲ့တာ ကျွန်တော်ကမေးရမှာမဟုတ်ဘူးလား ကျန်းဟောင့် .. " ဆိုတဲ့ တုံ့ပြန်စကားမှာ ကျန်းဟောင့်က ဖုန်းချသွားလေရဲ့။ သူဘယ်လောက်ပြန်ခေါ်ခေါ်မကိုင်တော့တဲ့အခါ သူ့မှာ ကားသော့ကိုယူလို့ ကျန်းဟောင့်ရှိရာဆီ ..

ခင်ဗျားကွန်ဒိုရှေ့ရောက်နေတယ် ဆင်းလာခဲ့ လို့ ပြောတာတောင် ကျန်းဟောင့်က လျစ်လျူရှုထားဆဲမို့
ခင်ဗျားဆင်းမလာရင် ကျွန်တော် ခင်ဗျားအခန်းရှေ့ထိ လာခဲ့မှာနော် " ဆိုမှသာ စူပုတ်ပုတ်နဲ့ ရောက်လာခဲ့တာ။
ကားထဲဝင်ထိုင်ပြီးတဲ့တ်ုင်အောင်လည်း စကားတစ်ခွန်းမပြော။ ခေါင်းငုံ့လျက် ပေါင်ပေါ်တင်ထားတဲ့ လက်တွေကိုသာ ကြည့်နေခဲ့ရဲ့။ သူ့မှာ အလာတုန်းကတော့ ကျန်းဟောင့်ကို စိတ်ဆိုးပစ်မယ်ဆိုတဲ့အတွေးနဲ့ပါပဲ၊ ဒါပေမဲ့ မျက်နှာလေးမြင်လိုက်ရတော့လည်း စိတ်ကပြေချင်ချင်မို့ သက်ပြင်းဖွဖွချလိုက်ကာ

" ပြောပါဦး ကျွန်တော် ခင်ဗျားကိုကစားနေတယ်လို့ထင်သွားရအောင် ကျွန်တော်ဘာတွေလုပ်မိလို့လဲဆိုတာ .. "

ကျန်းဟောင့်ကမဖြေ။ နှုတ်ဆိတ်လျက်။

" ဟင်.. ? "

" ... "

" ကျန်းဟောင့် .. ! "

" ဘာလဲ !! "

" .... "

" မင်းပဲ အော်တတ်တာမဟုတ်ဘူး ငါလည်း အော်တတ်တယ် .. မင်းပဲစိတ်တိုတတ်တာမဟုတ်ဘူး ငါလည်းစိတ်တိုတတ်တယ်လို့ ..! "

" ကျွန်တော် ခင်ဗျားကို စိတ်မတိုပါဘူး .. ခင်ဗျားပဲကျွန်တော့်ကို စိတ်တွေတိုနေတာမဟုတ်ဘူးလား .. "

" ဆောင်းဟန်ဘင်း လူတွေကမင်းကို ဘယ်လ်ုပြောလဲသိလား .. play boy တဲ့ .. ဆောင်းဟန်ဘင်းက play boy ဆောင်းဟန်ဘင်းဘေးကလူတွေကတော့ အပျော်ကစားစရာလေးတွေတဲ့ .. "

AIN'T PLAYWhere stories live. Discover now