ဂျောင်ဝူးက သူ့အဖွားဆုံးပြီးနောက်ပိုင်းကတည်းက ကျောင်းတွေလည်း ပုံမှန်မတက်တော့သလို တွေ့လိုက်ရင်လည်း အမြဲ ဒဏ်ရာဒဏ်ချက်တွေနဲ့။ ပေါင်းနေတဲ့ အပေါင်းအသင်းတွေကလည်း ဆောင်းဟန်ဘင်း တစ်ခါမှ မမြင်ဖူးတဲ့သူတွေချည်း။ တစ်ယောက်ကမှလည်း ပေါင်းလို့သင်းလို့ကောင်းတဲ့ပုံ မပေါ်ဘူး။ သူ့မှာ ဂျောင်ဝူးတစ်ယောက် လမ်းမှားရောက်မှာ စိုးရိမ်နေရလျက်။ သူနဲ့အတူ ကြီးပြင်းလာတဲ့ ဒီကောင်လေးက သူ့ရဲ့ မိသားစုဝင်လိုပဲ။ အဲ့တာကြောင့် သူ့မှာ စိတ်မပူဘဲ မနေနိုင်ဘူး .. ။
" ဟယ်လို ဂျောင်ဝူး ဖြည်းဖြည်းပြော ဘယ်ရောက်နေတာလဲ .. "
" Hyung .. ကျွန်တော် ဆေးရုံမှာ .. hyung လာခဲ့ပေးပါလား .. "
သူ့ဘေးမှာထိုင်ပြီး သိချင်စိတ်အပြည့် မျက်ဝန်းလေးတွေနဲ့ကြည့်နေတဲ့ ကျန်းဟောင့်ကို တစ်ချက်လှည့်ကြည့်လိုက်မိတယ်။
" ဘာတဲ့လဲ .. "
" ဆေးရုံရောက်နေတာတဲ့ .. သူက ကျွန်တော့်ကို လာစေချင်နေတယ် .. "
" သွားရင် သွားလေ .. "
သူ့အနားက ထသွားဖို့ပြင်နေတဲ့သူကို လှမ်းဆွဲကာ ခါးကနေ သိုင်းဖက်ထားလိုက်ရတယ်။ ဒီလူက တစ်ခုခုကို မကျေနပ်ရင် တအားသိသာတာ။
" တကယ်သွားစေချင်တာဟုတ်လို့လား .. "
" သွားတော့မသွားစေချင်ဘူးပေါ့ .. ဒါပေမဲ့ အခုလို အခြေအနေမှာ မသွားခိုင်းရင် ငါက မကောင်းတဲ့လူဖြစ်သွားမှာမလား .. "
" မသွားခိုင်းလည်း ခင်ဗျားက မကောင်းတဲ့လူမဖြစ်ပါဘူး .. "
" ဒါပေမဲ့ မင်းက သွားကြည့်ချင်နေတယ်မလား .. "
" အဲ့တာတော့ အဲ့တာပေမဲ့ .. "
" အာ့ကြောင့် သွားလို့ ပြောတာ .. ငါစိတ်မပြောင်းခင် မင်းမြန်မြန်သွားသင့်တယ် .. "
ပြောရင်းနဲ့ သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့သူကို လွှတ်မပေးသေးဘဲ ..
" အတူလိုက်ခဲ့မလား .. "
" ငါစာကြည့်ရဦးမှာ .. "
![](https://img.wattpad.com/cover/364869873-288-k296815.jpg)