ဆောင်းဟန်ဘင်းက ပြောခဲ့တဲ့အတိုင်း ကိုရီးယားကို သူမပါဘဲ မပြန်ဘူးလို့ ဆုံးဖြတ်ထားတဲ့ပုံ။ မနက်ဆို အိမ်ရှေ့မှာ လာစောင့်နေပြီး သူအိမ်ထဲက ထွက်တာနဲ့ အပြုံးကြီးကြီးပြုံးလို့ လက်ပြနှုတ်ဆက်တော့တာ။ မသိချင်ယောင်ဆောင်ပြီး ကားထဲဝင်ထိုင်လိုက်ရင်း ဒရိုင်ဘာကို မြင်မြန်မောင်းထွက်ခိုင်းတော့လည်း အဲ့ဒီကောင်လေးက ချက်ချင်း သူ့ကားနောက်က ပါလာပြန်တာပဲ။
company ရှေ့ရောက်လို့ သူ ကားပေါ်က ဆင်းတာနဲ့ ဆောင်းဟန်ဘင်းကလည်း ခပ်လှမ်းလှမ်းမှာ ကားရပ်ပြီးနေပြီ။ ကျန်းဟောင့် မျက်စောင်းခဲလို့ တစ်ချက်ဆွေကြည့်လိုက်တော့ ပြတင်းကနေ ခေါင်းပြူလို့ သူ့ကို လက်လှမ်းပြလေရဲ့။
ပြီးတော့ တစ်နေ့လုံးများ company ရှေ့စောင့်နေလားထင်ရအောင်ကို သူအလုပ်ဆင်းပြီ ဆိုရင်လည်း company ရှေ့မှာ အဆင်သင့်ရောက်နေပြီးသား။
" ဒီနေ့တော့ ကျွန်တော်နဲ့ တူတူပြန်ရအောင်လေ "
" မပြန်ပါဘူး "
" တကယ်မပြန်ဘူးပေါ့ .. "
" မပြန်ဘူး .. "
ကျန်းဟောင့် အရင်နေ့တွေလိုပဲ ရှောင်ထွက်လာခဲ့တော့ ဆောင်းဟန်ဘင်းဆီက ထွက်လာတဲ့စကားက
" ကောင်းပြီလေ ဒါဆိုလည်း .. " တဲ့။
လျှောက်နေတဲ့ ကျန်းဟောင့်ခြေလှမ်းတွေက ရပ်သွားလုနီးပါး။
ဘာကောင်းပြီလဲ။ ခုမှ တစ်ပတ်လေးတောင် မရှိသေးတာကို မင်းက ဆက်မကြိုးစားချင်တော့ဘူးပေါ့လေ။ တကယ်လို့ ငါက မလိုက်ဘူးပြောလည်း အတင်းပွေ့ချီဆွဲရမ်းပြီး ခေါ်တာပဲဖြစ်ဖြစ် လုပ်ရမှာမဟုတ်ဘူးလားလို့ တွေးနေခိုက်မှာပဲ ပွေ့ချီခံလိုက်ရမှုနဲ့အတူ လေဟာနယ်ထဲ မြောက်တက်သွားတဲ့ သူ့ခန္ဓာကိုယ်။
" မင်း ဘာလုပ် .. "
" ခင်ဗျားကို ကားတင်ပြေးမလို့ .. "
" မလိုက်ဘူး ခုချပေး .. "
" ချပေးချင်မှဖြင့် အခုလိုတောင် အတင်းအကျပ်လုပ်နေပါ့မလား .. "
စိတ်ချင်းဆက်တယ်ဆိုရင်လည်း တော်ရုံပဲကောင်းတယ်။ အခုကျ သူက တွေးရုံပဲရှိသေး ဆောင်းဟန်ဘင်းက တကယ်ကြီး လုပ်ချလိုက်ပြီ။
![](https://img.wattpad.com/cover/364869873-288-k296815.jpg)