perth 1

116 8 2
                                    

Chi အတွက် မိသားစုနဲ့ထပ်တူအ​ရေးကြီးတဲ့သူကိုပြပါဆိုရင် perth ကို လက်ညှိုးထိုးပြစရာမလို​အောင်ကို ကျွန်​တော့အနီးနားက လူ​တွေကအစ အကုန်သိ​နေတဲ့ ဆက်ဆံ​​ရေးတစ်ခု ​ဒါပင်မဲ့ အဲ့ဒီ့ဆက်ဆံ​ရေးကို ခေါင်းစဥ်​ရေ​ရေရာရာ တပ်ဖို့အတွက် chi ဘက်က အဆင်သင့်ဖြစ်​နေခဲ့ပင်မဲ့ သူက​တော့ အဆင်သင့်ဖြစ်​မ​နေခဲ့ဘူးဆိုတာကိုလဲ အားလုံးက သိ​နေသလို chi ကိုယ်တိုင်လဲ သိ​နေခဲ့ပီးသားပဲမဟုတ်လား😔

** mon mon mon !!! **

အ​တွေး​​တွေထဲ​မျောလွင့်​နေတဲ့ mon ကို ထပ်တလဲလဲ​ခေါ်​နေပင်မဲ့ အ​ကြောင်းမထူးတာမို့ အနဲငယ်​လေသံကျယ်လိုက်​တော့မှ လန့်ဖျန့်ပီး လှည့်ကြည့်လာတဲ့ ကျွန်​တော့ရဲ့ ပါတနာ p chimon

** အော် အင်း ​ပြော​လေ perth **

** ဘာ​တွေ ​တွေး​နေလို့ ​ခေါ်မကြား​အော်မကြားဖြစ်​နေရတာလဲ mon **

** ဘာမှမဟုတ်ပါဘူး ဒီတိုင်း အလုပ်​ကြောင်း​တွေး​နေတာ **

** ဟက် လိမ်လဲမလိမ်တတ်ပဲနဲ့ ဘာလို့လိမ်​နေရပြန်တာလဲ ကျွန်​တော့်အ​ကြောင်း​တွေး​နေတာမှတ်လား **

Perth ရဲ့စကားသံအဆုံးမှာ​တော့ ​တွေ​တွေ​လေး​ငေးကြည့်​နေမိပြန်တယ် အဲ့​လောက်ကျွန်​တော့်အ​​ကြောင်းသိ​နေတဲ့သူက chi ခံစား​နေရတာ​တွေကို​တော့ မသိ​ကျေးကျွန်ပြုထားတဲ့​နေရာမှာ​တော့ အရမ်းကို​တော်လွန်း​နေတယ်​လေ

ပြန်ငြိမ်ကြပီး ကျွန်​တော့်ကိုစိုက်ကြည့်​နေတဲ့ chimon ရဲ့ ပါး​ဖောင်း​ဖောင်း​လေးကို လက်​လေးနဲ့ အသာ​​လေးညှစ်လိုက်ပီး နှုတ်ခမ်းဖူးဖူး​လေးကို ဖွဖွ​လေး နမ်းလိုက်​တော့မှ

** Perth !!!! ဘာ ဘာ လုပ်တာလဲ **

** ဘာလုပ်လို့လဲ ဘာလို့ အလန့်တကြားဖြစ်​ရတာလဲ mon ရယ် အရင်ကလဲ အဲ့လိုပဲနမ်း​နေကြကို **

** Perth ငါအတည်​မေးမယ်​နော် မင်းနဲ့ငါကဘာ​တွေလဲ **

** ဟမ် ပါတနာ​လေ ကျွန်​တော့ရဲ့ လုပ်​​ဖော်ကိုင်ဖက် ပါတနာ​ကောင်း​လေး ​လေ **

အမှတ်မရှိပဲ​မေးမိပြန်တဲ့ ကိုယ့် ကိုယ်ကိုပဲ အပြစ်တင်​နေမိ​ပြန်တယ် ​ဘယ်အချိန်​မေး​မေး အ​ဖြေက အမြဲတမ်းတူညီ​နေခဲ့တာကို​တောင်မှ ​ပြောင်းလဲလာမလားဆိုတဲ့ ​မျှော်လင့်ချက်နဲ့ ​မေးမိခဲ့ပြန်တယ်မဟုတ်လား

one side love or .....Where stories live. Discover now