part 6

101 6 2
                                    

ဝိတ်တာ​လေးကို chi မစားတာ​တွေ​သေချာမှာ​ပေး​နေတဲ့ perth ကိုကြည့်ရင်း ပြုံး​နေမိတယ် chi ကိုခုလိုဂရုမစိုက်တာကြာ​ခဲ့ပီမဟုတ်လား

** p mon ဘာ​တွေ ​တွေးပီးပြုံး​နေတာလဲ **

** ​အော် chi မကြိုက်တာ​တွေ မှတ်မိ​နေတာပဲလို့​တွေး​နေတာ **

** ကျွန်​တော်က p mon မကြိုက်တာကိုဘာလို့​မေ့သွားရမှာလဲ **

အမြဲတမ်းအဲ့လိုမှတ်မိနိုင်ပါ့မလား perth မင်းက​တော့ ဘာရယ်မဟုတ်ပြုမူ လိုက်ပင်မဲ့ လက်လွှတ်ဖို့ခက်​နေတဲ့ ငါ့အတွက်က ပိုပီးခက်ခဲသွား​စေတယ်ဆို တာမင်းသိရဲ့လား

** p mon ဟို ဟို ကျွန်​တော်ခွင့်​တောင်းစရာရှိလို့ **

** အင်း​ပြော​လေ **

** ခုနက pimfha က ဘယ်​ရောက်​နေလဲဆိုလို့ အဲ့ဒါ ကျွန်​တော်ဒီဆိုင်ကို ​ပြောလိုက်တယ် အဲ့ဒါ **

** ​အာ .... chi ​ရှောင်​ပေးစရာလို​သေးလား **

**​ရှောင်စရာ​တော့မလိုပါဘူး ကျွန်​တော်က p mon နဲ့နှစ်​ယောက်ထဲစားဖို့ လုပ်ထားတာကို ခု pimfah လာမယ်ဆို​တော့ p mon အတွက် အ​နှောက်ယှက်ဖြစ်မှာဆိုးလို့ **

အိမ်မက်ဆိုတာ တကယ့်အပြင်မှာလက်​တွေ့ဖြစ်မလာဘူးဆိုတာကို chi ​မေ့​နေခဲ့တာပဲ ရိုက်ကူး​ရေးကို တကယ့်အပြင်လက်​တွေ့ဘဝထိ ရင်ခုန်​နေလို့ ဘယ်ရမလဲ chi မှာ အဲ့​လောက်ထိ ​လောဘကြီးပိုင်ခွင့်မှမရှိတာ perth ဆိုတာ chi အတွက် လုံးဝဖြစ်လာမှာ မဟုတ်တဲ့ ဘယ်​တော့မှ ပိုင်ဆိုင်ခွင့်မရှိပဲ ဒီတိုင်း​​လေး​ငေးကြည့်​နေရမယ့် လူသားတစ်​ယောက်ပဲ

-----‐--------

** baby ဒီ​နေ့ရိုက်ကူး​ရေးကအဆင်​ပြေရဲ့လား **

​မေးခွန်းနဲ့အတူ perth ရဲ့ နှုတ်ခမ်းကို ထိတယ်ဆိုရုံ​လေး ထိကပ်ပီး နှုတ်ဆက်လိုက်တဲ့ pimfha ​ကြောင့် chi ရဲ့မျက်နှာကို​ရေခဲ​ရေနဲ့အပက်ခံလိုက်ရသလိုခံစားလိုက်ရတယ် ပိုင်ရှင်ရှိ​နေတဲ့လူကို ခုချိန်ထိချစ်မိ​နေတဲ့အပြင် ဒီ​နေ့ရိုက်ကူး​ရေးကိုလဲ ရင်ခုန်​နေခဲ့မိတယ်မဟုတ်လား pimfah အ​ပေါ် အားနာစိတ်အပြင် chi ကိုယ် chi ရှက်တဲ့စိတ်​တွေပါ​ရော​ထွေးလာခဲ့ တယ်

one side love or .....Tempat cerita menjadi hidup. Temukan sekarang