part 2

81 6 1
                                    

ရှင်းလင်း​နေတဲ့ကားလမ်းမ​ပေါ်မှာ ဆိုင်ကယ်​မောင်းရတဲ့အရသာကို ကြိုက်နှစ်သက်တဲ့ perth ရဲ့ပုံရိပ်​တွေကိုအမိအရ ဓါတ်ပုံရိုက်ယူခဲ့ပီး ဘယ်သူမှမသိတဲ့ chi ရဲ့ဖုန်းတစ်​နေရာမှာ သိမ်းထားခဲ့မိပြန်တယ် အခု​ဆို chi ရဲ့ဖုန်းထဲမှာ perth ရဲ့ပုံ​တွေက ​ရေတွက်လို့​တောင်ရပါ့မလားမသိ​ပေ

** chi မင်းဘယ်ချိန်ထိအဲ့လို​​နေမှာလဲ **

** ငါလဲမသိဘူး ohm ငါရပ်တန့်ရမယ်ဆိုတာသိပင်မဲ့ ငါရပ်တန့်ချင်တိုင်း ရပ်တန့်လို့မရတဲ့ထဲမှာ ငါ့နှလုံးသားလဲပါ​နေတယ် **

** ငါတို့က မင်းတို့နှစ်​ယောက်လုံးနဲ့သူငယ်ချင်းအရင်းကြီး​တွေ ဘယ်သူ့ကိုမှ မနာကျင်​စေချင်ဘူး **

** အင်း မင်းတို့စိတ်ချပါ ငါ​ကြောင့် perth ဘယ်​တော့မှမနာကျင်​စေရဘူး လို့ ကတိ​ပေးတယ် **

** ​သောက်ရူး ငါတို့က မင်းနာကျင်မှာဆိုးလို့​ပြော​နေတာ **

အရမ်းကိုမှ အားကိုးရပီး ချစ်ရတဲ့ သူငယ်ချင်း​လေးနှစ်​ယောက်က​​တော့ chi ကိုစိတ်ပူ​နေကြတာကို သိတာ​ပေါ့ chi အားအကျရဆုံး couple ကိုပြဆိုရင်​တော့ သူငယ်ချင်း​တွေဖြစ်တဲ့ ohmnanon ပါပဲ တစ်​ယောက်ကိုတစ်​ယောက် အရမ်းချစ်ကြသလို အရမ်းလဲဂရုစိုက်ကြတယ် ဒီကြားထဲ chi နဲ့ perth ကိုလဲ ဂရုစိုက်​ပေး​သေးတယ် အ​တွေး​တွေထဲ​မျောလွင့်​နေတုန်း ခန္ဓာကိုယ်တစ်ခုလုံးကို ဖျစ်ညှစ်ပီး ဖက်လာတဲ့ nanon ​ကြောင့်

** အွီး နာလိုက်တာကွာ ​ဖြေး​​ဖြေးသက်သာဖက်ပါကွာ ohm မင်းဘဲကို မင်းထိန်းပါဦးဟ အရိုး​တွေ​တောင်ကျိုးပီလားမသိဘူး  **

** ​ဟား ဟား ဟား အဲ့​လောက်​လေးက အရိုးမကျိုးပါဘူးကွာ မင်းက ငါတို့အဖွဲ့ထဲမှာ ချစ်ဖို့အ​​ကောင်းဆုံးဆို​တော့ ငါ့ချစ်ချစ်​လေးကမင်းကိုအသဲယားပီးဖက်တာ​ ဆန်းလား **

Chi တို့ငြင်းခုန်​နေကြတုန်းမှာပဲ ဘယ်အချိန်ထဲက ဆိုင်ကယ်​မောင်းတာရပ်လိုက်မှန်းမသိတဲ့ perth က nanon ကိုယ်လုံးကိုအတင်းဆွဲခွာပီး သူ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်တာ​ကြောင့် မျက်လုံးအပြူးသားဖြစ်သွားရတာက ohm ရယ် nanon ရယ်ပါ chi အတွက်က ဒါမျိုး​တွေကအထူးအဆန်းမဟုတ်​တော့​ပေ

one side love or .....Where stories live. Discover now