【 ၃ 】- ကျွန်တော်က သူ့ကို ‌အစကတည်းက နည်းနည်း အကြောက်အကန် ဖြစ်ခဲ့မိတာ။

48 5 0
                                    

၃။ ကျွန်‌တော်က သူ့ကို ‌အစကတည်းက နည်းနည်း အကြောက်အကန် ဖြစ်ခဲ့မိတာ။

ဤသည်မှာ ရှဲ့ရွှယ်၏ အစ်ကို၊ ရှဲ့ချင်းချန်ပင်။

ရှဲ့ရှင်းချန်သည် တစ်ချိန်တုန်းက သူတို့အိမ်၏ မိသားစုဆရာဝန်အဖြစ်နှင့် ဟော့ယွီကို ရောဂါကုသပေးခဲ့ဖူး၏။

ဟော့ယွီကား အပြင်ပန်းမှ ကြည့်သော် သာမန်လူတစ်ယောက်နှင့် ဘာမှ မခြား။ အပြင်လူများ အားလုံးအား တစ်သမတ်တည်း ထင်မှတ်စေသော အသွင်မှာ နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာ၊ ယဉ်ယဉ်ကျေးကျေး၊ ခြိုးခြိုးခြံခြံနှင့် သဘောထားကြီးကာ လုပ်ငန်းကျွမ်းကျင်မှုနှင့် သင်ယူနိုင်စွမ်းတို့မှာလည်း စွယ်စုံရဟူ၍။ သို့တိုင် ဟော့အိမ်တော်တွင်တော့မူ လူနည်းစုသာ သိသော လျှို့ဝှက်ချက် တစ်ခု ရှိ၏——လူအများ အားကျနေကြသော ဤ ‘သူများအိမ်က ကလေး’မှာ ငယ်စဉ်ကတည်းကပင် အလွန် ပြင်းထန်သော တွေ့ရှိရခဲသည့် စိတ်ရောဂါဝေဒနာ တစ်မျိုး ခံစားနေခဲ့ရရှာ၏။

တစ်မူထူးသော ရောဂါ ဖြစ်ပြီး၊ ရောဂါမှတ်တမ်း၌ မှတ်တမ်းတင်ရှိထားသည်ကား ယနေ့ထက်တိုင် လူနာလေးဦးမျှသာ ရှိကာ ‌လူနာတစ်ဦးစီ၏ ပင်မအခြေအနေ အားလုံးမှာ သိပ်မကွာလှ၊ ဟော်မုန်းစနစ်နှင့် အာရုံကြောစနစ်တို့၌ မွေးရာပါ ချို့ယွင်းချက် ရှိနေလေကာ စိတ်ကစဉ့်ကလျား ဖြစ်နေချိန်များတွင်ဆို စရိုက်သကန် အကြီးအကျယ် ပြောင်းလဲတတ်၏။ သာမန်အချိန်များတွင်ဆို သူတို့၏ နာကျင်မှု ခံစားနိုင်စွမ်းကား ထုံနေတတ်ပြီး၊ ရောဂါဖောက်လာသည်နှင့် စိတ်လွတ်ကာ သွေးဆာလာတတ်ကြပြီး လူမှုအသိုင်းအဝိုင်းနှင့် သွေဖည်ဖီလာနေသည့် ဝိသေသလက္ခဏာ မှတ်ကျောက် ဖြစ်သော သူတစ်ပါးအား ဖျက်ဆီးလိုစိတ်၊ သို့မှမဟုတ် မိမိကိုယ်မိမိ ဖျက်ဆီးလိုစိတ်များ ပြင်းထန်လာနိုင်ပေသည်။ ကိုယ်ပူချိန် မြင့်မားခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း အစရှိ‌သော ရောဂါလက္ခဏာများလည်း ပေါ်ထွက်လာနိုင်ပေကာ၊ တစ်ခါ ရောဂါဖောက်လာတိုင်း ရှေ့တစ်ခေါက်ကထက် ပိုမို ပြင်းထန်လာတတ်ပေသည်။

ဆေးပညာတွင် ဤ ရောဂါ‌ဝေဒနာမျိုးမှာ “အီဘိုလာ စိတ်ရောဂါ”ဟု ခေါ်တွင်ပေ၏။ ၎င်းမှာ တဖြည်းဖြည်းချင်းနှင့် စိတ်နှလုံးအား ပြိုလဲစေကာ လူ့ခန္ဓာကိုယ်အား တောင့်တင်းထုံထိုင်းစေရာ၊ ခန္ဓာနှင့် စိတ်နှစ်ခုပေါင်းက နှစ်ကြိမ် သေစေ၏။ ရောဂါမှာ တစ်ဆင့်ပြီး တစ်ဆင့် ပိုမို ဆိုးရွားလာသည်ကား ကင်ဆာ ဆင့်ကဲ‌ပြောင်းလဲလာသလိုပါပင်။ လူနာမှာ အများသူငှာကဲ့သို့ အလုံးစုံ ပြုမူနိုင်‌နေသည့် လူအဖြစ်မှသည် တဖြည်းဖြည်းနှင့် အများသူငှာပမာ ပြုမူနိုင်သည်တို့မှာ အကန့်အသတ်နှင့် ဖြစ်လာသည့် လူအဖြစ်သို့ ပြောင်းလဲသွားရပြီး၊ အဆုံး၌ အများသူငှာနှယ် လုံးဝ မပြုမူနိုင်တော့ဘဲ အရူးတစ်ယောက် လုံးလုံး ဖြစ်သွားနိုင်ပေ၏။

ဆေးမှတ်တမ်းချုပ် ( ၁ )Where stories live. Discover now