1

310 24 4
                                    

"ရှောင်ရှောင်းကျန့် ရှောင်းကျန့်"

ဟဲ့ ရှောင်းကျန့်"

"မြန်မြန်ထစမ်း၊ အတန်းထဲလာပြီး သွားရေတွေတောင် ကျနေတယ်

ဖြန်း ဖြန်း"

အိပ်မက်ကလေး ကောင်းနေပြီဆို ဆရာတို့များ နှောင့်ယှက်ပြီ။ ဟုတ်တယ်လေ သူ့ အိပ်မက်ထဲမှာမင်မင်းဆက်‌ေခတ် ရောက်ပြီး သူက ဘုရင်ကြီး ဖြစ်နေတာမလား။ ဘေးနားက အခြွေအရံတွေဆိုတာလည်း အလန်းစား ရုပ်ကလေးတွေချည်း အပြည့်နဲ့။ အိပ်မက်ကလေးတောင် မဆုံးလိုက်ရဘူး။

ပြန်လာပါ အိပ်မက်ကလေးရယ် အဟင့်။

ရှောင်ရှောင်းကျန့် ဆိုတာ မနေ့တစ်နေ့ကမှ (၁၆) နှစ် ပြည့်ထားတဲ့ အထက်တန်း ပထမနှစ် ကျောင်းသားကလေး။ လောင်းကစားသမားအဖေနဲ့ သူ့ထက်နှစ်နှစ်ငယ်တဲ့ ညီမလေး တစ်ယောက်ရှိတယ်။ လုပ်တဲ့အလုပ်ကတော့ စုံနေတာပဲ။ အမျိုးတွေဆိုင်မှာ အချိန်ပိုင်း ကူလုပ်တယ်။ ကျောင်းမှာလဲ ပစ္စည်းပွဲစားလုပ်တယ်။ အတန်းကြီးတွေလိုချင်တဲ့ ဆေးလိပ်၊ အရက်၊ စာအုပ်တွေကို အခကြေးငွေနဲ့ ရှာပေးတာမျိုးပေါ့။

သူ့ဝါသနာက စားတာနဲ့ အိပ်တာပဲ။
စာ လား။
သူ့နောက်မှာက နံရံပဲ ရှိတယ်။
အထက်တန်း မြန်မြန်အောင်ပြီး အကြွေးဆပ်ဖို့၊ ငွေရှာဖို့က သူ့ ပထမ ရည်မှန်းချက်ပဲလေ။

နောက်ဝါသနာက ဘုရင် ဖြစ်ချင်တာ။
ကူးပြောင်းတဲ့ ဝတ္ထုတွေ ကို 108 ခေါက်မြောက် ဖတ်ပြီး စိတ်ကူးနဲ့ရူးနေတာ။ Comics ဖတ်ပြီး တခွိခွိ ရယ်တတ်တယ်။ သာမန် အရွယ်ရောက်စက ကောင်လေးတွေလို စိတ်ကစားတတ်ပြီး ဘယ်ကောင်မလေးနဲ့ ရည်းစားဖြစ်ရမလဲ အသည်းအသန် စဉ်းစားနေတဲ့ အရွယ်ပေါ့။

ဝါးလက်စ ပီကေကို ထွေးထုတ်ပြီး ထုံးစံအတိုင်း ကျောင်းပေါက်ဝကို ချောင်းလိုက်တယ်။ ဒီနေ့တော့ ပုံမှန်ထွက်ပေါက်ကနေ ထွက်လို့ မဖြစ်။ လက်ထဲ ငွေစလေး နည်းနည်းပါးပါးရှိတဲ့နေ့တွေဆို လိုလျှင် ကြံဆ နည်းလမ်းရပဲ တွေးရတယ်။

ကြာတော့လည်း ရိုးနေပြီ။
ကိုယ်မယူထားတဲ့အကြွေးတွေ ဆပ်ရလွန်းလို့
အမွေးအတောင် မပြောင်ရောင်ပုံများ ရှောင်ရှောင်းကျန့် တို့ ကြက်သာဆို အမွေးကတုံး ဖြစ်နေပြီလေ။
အကြွေးဆိုတာ ယူပြီးရင် ဆပ်ဖို့ မဟုတ်ဘဲ ပတ်ပြေးဖို့ဆိုတဲ့ နောက်တစ်နည်းကို ရှောင်းကျန့် သိနေပြီပဲ။

Emperor Wang's (YiZhan fanfic)Where stories live. Discover now