4

126 15 2
                                    

မငြိမ်းချမ်းခြင်း၊ စစ်မက်ဖြစ်ပွားခြင်းတွေက ဘာအတွက် ဖြစ်ပွားလာပါသလဲ။
အများအားဖြင့်တော့ အာဏာလုတယ်၊ အလိုလောဘတွေကြောင့် ဖြေ စရာရှိမယ်။

တရားသောစစ် ဆိုတဲ့ စကားအကြောင်းကို ရှောင်းကျန့်က သိပ်မကြာသောကာလမှာ နားလည်လာခဲ့တယ်။

မငြိမ်မသက်ဖြစ်တာ၊ အစားအစာ ချို့တဲ့ရှားပါလာတာ၊ ရောဂါ ပိုးမွှား ကျရောက်တာ၊ သီးနှံ မဖြစ်ထွန်းတာ အားလုံးဟာ ဖိနှိပ် ချုပ်ချယ်မှု ကြောင့်ပါပဲ။

တိုင်းပြည်က စစ်ပွဲ အမြဲနွှဲနေရပြီး စစ်တပ်ကသာ အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်လို့နေတော့တယ်။ အမိန့်အာဏာက လွှတ်တော်နဲ့ အခြားအမတ်တွေကြားမှာ မတည်ဘူး။ ယုတ်စွ အဆုံး ဘုရင်တစ်ပါး ဖြစ်နေရင်တောင်မှပေါ့။

တိုင်းသူပြည်သားတွေဟာ ဒေါသကြီးပြီး မိသားစုကို ပုန်ကန်ခဲ့တဲ့ စစ်သူကြီး မိသားစုနဲ့ ပေါင်းတဲ့ ဘုရင်ကို ကျိန်စာ တိုက်ကြတယ်။

ပြီးတော့ ပြည်သူတွေက တရားမျှတသော စစ်ကို ဆင်နွှဲဖို့ အလိုရှိကြတယ်။ တိုင်းပြည်ရဲ့ လူငယ်တွေဟာ အဓမ္မ စစ်သားစုဆောင်းခံရတာ၊ လက်နက်တိုက်တွေမှာ ချွေးတပ်သားအဖြစ် စုဆောင်းခံရတာ အမျိုးမျိုးပါပဲ။

နုံချာတဲ့ ဘုရင်ဟာ ကိုယ်တိုင် တိုက်ပွဲတွေ မဆင်နွဲနိုင်သလို စစ်ပွဲတွေ ရပ်ဖို့လဲ မတားဆီးနိုင်ခဲ့ဘူး။ စစ်တပ်နဲ့ စစ်သူကြီးဟာ ဘုရင့်ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နေတယ်။ ဒါမှ မဟုတ် ဘုရင်ကသာ ထိန်းချုပ်ခံရသူ ဖြစ်နေတာ မဟုတ်လား။

ရှောင်းကျန့်က နိုးတစ်ဝက် အိပ်မက်ထဲမှာ သမိုင်းစာအုပ်တွေကို ဖတ်နေခဲ့တယ်။ ဟုတ်တယ် သူ သင်ခဲ့ရတဲ့ ဝမ်ဧကရာဇ် အကြောင်းပါပဲ။
ဝမ်ဧကရာဇ်ဟာ မင်းဆိုး မင်းညစ်တစ်ပါး မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ဇာတ်သိမ်းဟာလဲ မလှ ပခဲ့ဘူး။ သူက အိပ်မက်ထဲမှာ အထီးကျန် ဝမ်းနည်းနေတဲ့ စာနာမှုမရခဲ့တဲ့၊ အဆုံးသတ်မလှခဲ့တဲ့ ဝမ်ဧကရာဇ်ရဲ့ ဝမ်းနည်း နာကျင်ဖွယ် နောက်ကျောပြင်လေးကိုသာ တွေ့ခဲ့တယ်။ လက်နှစ်ဖက်နဲ့ ခပ်ဖွဖွလေး ပုတ်ဖို့ ကြိုးစားလိုက်ချိန်မှာပဲ ပျောက်ကွယ်သွားတော့တယ်။

Emperor Wang's (YiZhan fanfic)Where stories live. Discover now