3

113 14 0
                                    

"အစ်ကိုကြီး ထမင်းမစားဘူးလားတဲ့ ဦးလေးက"

"ကွမ်ကွမ်
ဟို ဟို ဝမ်ရိပေါ်က မလာတော့ဘူးလား"

"ကျနော်လဲ သေချာမသိဘူး
ဒါပေမဲ့ အခြေအနေတွေက မတည်ငြိမ်ဘူး မဟုတ်လား"

သူက ဘာမှ နားမလည်တဲ့ အားနည်းတဲ့ ရောဂါသည်ကောင်လေးအဖြစ်မို့ ဘာမှ မသိပေမဲ့ အခြေအနေတွေက အဲ့ညကတည်းက မတည်ငြိမ်ဘူးဆိုတာတော့ သူ သိပါတယ်။

အဲ့ဒီနေ့က စပြီး ဝမ်ရိပေါ်ဟာ ရောက်မလာတော့ဘူး။ အိမ်က သူ့ကိုအလွတ်မပေးဘဲ ကွမ်ကွမ့်ကို တစ်ချိန်လုံး စောင့်ရှောက်ခိုင်းထားတယ်။

"ညီလေးကျန်း
အငယ်လေးကို အထိအခိုက်နည်းအောင် စောင့်ရှောက်ပါ"

"စိတ်ချပါ ငါနဲ့ကွမ်ကွမ် အသက်နဲ့ရင်းပြီး ကျန့်ဟိုင်ကို စောင့်ရှောက်မှာပါ"

"အားကျန့် ဦးလေးတို့ ခရီးထွက်ကြရအောင်"

‌ရှောင်းကျန့် သူ့အဖေ၊ သူ့အစ်ကိုကြီးနဲ့ သူ့သူငယ်ချင်း ကျင်းခိုင်ကို ဖက်လိုက်တယ်။ သူ ထင်သလို သူ့မိသားစုက သာမန်မျှ မရိုးရှင်းပါဘူး။ အမြဲလိုလို သင်ကြားရေးမှာ စိတ်မဝင်စားဘူးထင်ရတဲ့ ကျင်းခိုင်ရဲ့ တိုက်ရည်ခိုက်ရည်က နန်းတွင်းရဲမက်ကောင်း တစ်ယောက်ထက် မလျော့နိုင်ဘူး။ ထုံထိုင်းထိုင်း ဝမ်ရိပေါ်ကလဲ ထို့အတူပါပဲ။

မကြာသေးခင် သတင်းအရ ကျင်းခိုင်လဲ သိပ်မကြာခင် နေရာ တစ်ခု သွားရတော့မယ်။ သူ့အစ်ကိုကြီးလဲ ထို့အတူပဲ ဖြစ်လိမ့်မယ်။ ရှောင်းကျန့်ဟာ မိသားစုအသစ်ကိုလဲ ခွဲခွာရဦးတော့မှာပဲ။

တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါပြီးတဲ့နောက်မှာ သူ မူလပထမက ရောက်ရှိခဲ့တဲ့နေရာကို ရောက်လာခဲ့တယ်။

"အားကျန့်
သားကိုတော့ အစ်ကိုကြီးက ဘေးကင်းစေချင်ခဲ့တယ်
အဲ့တာကြောင့် သား ဒီမှာ အမြဲလိုနေခဲ့ရတာ"

"သား ခန္ဓာကိုယ်က အရင်ကထက် ကျန်းမာ လာပြီဆိုပေမဲ့"

"ကျနော် ဆေးပညာကို သင်ယူပါရစေ ဦးလေး"

"အားကျန့်က စိတ်ဝင်စားလို့လား"

"ဟုတ်ကဲ့"

Emperor Wang's (YiZhan fanfic)Where stories live. Discover now